ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုကို မေ ၂၆ ရက်မှ စတင်ကာ လက်ခံဆောင်ရွက်ပေးနေပြီဖြစ်သည်။(Xinhua)
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသို့ သွားရောက် လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသော အားကစားသမားများသည် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရလဒ်ကောင်းများ ဆွတ်ခူးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အကူအညီပေးသည့် အားကစားနည်းပညာစီမံကိန်းတွင်...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ပီချောင်းတံတားတည်ဆောက်နေသည့် နေရာအနီး၌ ယခုရက်ပိုင်းအတွင်း အလောင်း ၉ လောင်းမျောပါလာခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဆင်ဟွာသို့ ယနေ့ မေ ၂၆ ရက်တွင် အတည်ပြုပြောကြားသည်။...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် ညနေ ၃ နာရီခွဲတွင်...
ဟူစတန်၊ မေ ၂၆ ရက် (ဆင်ဟွာ) “ကလေးတွေဟာ သူတို့တော့ အဲဒီနေ့မှာပစ်ခတ်ခံရမလားမသိဘူးလို့ တွေးပြီးကျောင်းသွားတက်နေရတဲ့ နေရာဘယ်နေရာမှာမှ ရှိမှာမဟုတ်ပါဘူး၊ အဲဒီလိုဖြစ်ရပ်မျိုး အမေရိကန်ပြည်ထောင်စုကလွဲလို့ ဘယ်နေရာမှာမှလည်း ရှိမှာမဟုတ်ပါဘူး” အမေရိကန်ပြည်ထောင်စု တက္ကဆက်စ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် မေလ ၂၄ ရက်က ဖြစ်ပွါးခဲ့သော အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး၏...
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တစ်ချိန်က ရှေးဟောင်းပိုးလမ်းမပေါ်တွင်တည်ရှိခဲ့သည့် လူသိများကျော်ကြားသောဈေးတစ်ခုနှင့် ဘာသာရေးကျောင်းဆောင်တစ်ခုတည်ရှိရာ သွန်းဟွမ်ဒေသသည် မတူကွဲပြားသည့်ယဉ်ကျေးမှုများကူးလူးဆက်နွယ်ခဲ့ကြောင်းကိုသက်သေတည်နေသည်။ ယခု video ထဲတွင် ရှေးဟောင်းပိုးလမ်းမပေါ်ရှိ ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များ နှင့်စပ်လျဉ်းသည့်လေ့လာမှုများနှင့် သမ္မတရှီကျင့်ဖိန်လမ်းညွှန်ခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးလုပ်ဆောင်မှုများကိုလေ့လာနိုင်ရန် တင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua) …………………………………… (English Version) What grottoes...
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်ဦးဆောင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF) သည် ဒေသတွင်းပူးပေါင်းဆောင်ရွက် မှု ကို ဖျက်ဆီးရန်ရည်ရွယ်ပြီး ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်ရန် လက်နက်တစ်ခု အဖြစ် ဖန်တီးခြင်းသာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က မေလ ၂၅ ရက် တွင်ပြောကြားခဲ့သည်။...
ဂျကာတာ၊ မေ ၂၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဘန်ဒေါင်းသို့ ဦးတည်ရာလမ်းအပိုင်းတွင် Box girders ၃၄၃ ခုကို သတ်မှတ်ချိန်ထက် ရက်သတ္တပတ်တစ်ပတ်အချိန်စော၍ မေ ၂၅ ရက်က အလုံးစုံတပ်ဆင်ပြီးစီးခဲ့ရာ မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ရေး၏ နောက်ထပ်အဓိကလုပ်ငန်းစဉ်အပိုင်း ပြီးမြောက်သည့် အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း...
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) ဂျပန်သည် နျူကလီးယားလက်နက်မပြန့်ပွားရေးသဘောတူစာချုပ်၏ နျူကလီးယားလက်နက်ကင်းစင်သောစာချုပ်ပါနိုင်ငံဖြစ်ပြီး ကာလကြာရှည်စွာ နျူးကလီးယားလက်နက်၏ ထိခိုက်ဒဏ်ရာရရှိခဲ့သောနိုင်ငံဟု မိမိကိုယ်ကို ယူဆထားသော်လည်း လက်တွေ့တွင် အမေရိကန်၏ “နျူကလီးယားအကာအကွယ်”ကို ခံစားနေသည့်အပြင် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်ကို ဖောက်ဖျက်သည့် “နျူကလီးယားလက်နက်မျှဝေသုံးစွဲရေး” မူဝါဒကို ပြည်တွင်း၌ဆွေးနွေးခွင့်ပြုရာ ဂျပန်၏ အပြောနှင့်အလုပ်ကွဲလွဲမှုရှိသော လုပ်ရပ်က အလွန်ပင်...
စင်္ကာပူ ၊ မေ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှ-ပစိဖိတ်ဒေသအတွက် အပေါင်းလက္ခဏာဆောင်ပြီး နိုင်ငံအများအပြားသအနေဖြင့် ၎င်းတို့၏ တိုးတက်မှုအတွက် ပေါ်ပေါက်လာသည့် အခွင့်အလမ်းများအား အကျိုးအမြတ်ရယူရန် မျှော်လင့်ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဂျပန် ၊ စင်္ကာပူ နိုင်ငံတို့အပါအဝင် အာရှရှိ နိုင်ငံတိုင်းနီးပါး၏...