Connect with us

Media

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ်ကုမ္ပဏီက ဖိလစ်ပိုင်နိုင်ငံ၌ လူကြိုက်များရေပန်းစားလာ

မနီလာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

လောင်စာဆီဈေးနှုန်းမြင့်တက်လာသည့် ကမ္ဘာလုံးဆိုင်ရာအလားအလာက အသုံးပြုသူများကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် အတွက်ကြောင့် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဉ်(NEV) ကုမ္ပဏီကြီး BYD က ဖိလစ်ပိုင်နိုင်ငံ၏ ဈေးကွက်တွင် လူကြိုက်များရေပန်းစားလာခဲ့ကြောင်း သိရသည်။

“BYD က ဖိလစ်ပိုင်နိုင်ငံမှာ လျှပ်စစ်ကားရောင်းချရမှုမှာ အလွန်ကြီးတဲ့ဈေးကွက်ဝေစု ရှိတယ်ဆိုတာ ပြောခွင့်ရတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၂၂ ခုနှစ်အထိ ဈေးကွက်ဝေစု ၆၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာအလားအလာတစ်ခုဖြစ်တဲ့ လောင်စာဆီဈေးနှုန်းက ဆက်လက်မြင့်တက်နေတဲ့အတွက်ကြောင့် ဖိလစ်ပိုင်နိုင်ငံသားတွေက သူတို့ရဲ့ကားတွေအတွက် ရွေးချယ်စရာစွမ်းအင်အရင်းအမြစ်တွေကို ရှာဖွေခဲ့ကြပါတယ်။ ဝယ်လိုအားက အလွန်ကြီးမားများပြားပြီး ခုန်တက်သွားပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အရောင်း ကိုယ်စားလှယ် ကွန်ရက်တွေကို မြှင့်တင်ပြီး ချဲ့ထွင်ဖို့ အဆင်သင့်ရှိပါတယ်” ဟု BYD ဖိလစ်ပိုင်၏ မန်နေးဂျင်းဒါရိုက်တာ MARK ANDREW TIENG က ပြောကြားခဲ့သည်။

“လောင်စာဆီဈေးနှုန်းက အလွန့်အလွန်ကို မြင့်တက်ခဲ့တာကြောင့် ကျွန်မအနေနဲ့ လျှပ်စစ်ကားကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အထူးသဖြင့်ကတော့ လျှပ်စစ်ကားက သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု အဖြစ်ဆုံးပါပဲ” ဟု မနီလာဒေသခံတစ်ဦးဖြစ်သူ ANGELA က ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
China’s NEV firm gains popularity in Philippines
China’s NEV giant BYD has gained popularity in the Philippines’ market, as the global trend of increasing fuel prices continues to burden consumers.
SOUNDBITE 1 (English): MARK ANDREW TIENG, Managing director, BYD Philippines
“We’re very proud to say that BYD has a very big market share of the electric vehicle sales of the Philippines. We have more than 60 percent market share as of 2022. Because of the fuel prices, a global trend that’s going high, going up, Filipinos are looking for alternative energy sources for their cars. The demand will jump very big, very huge. We’re ready to improve and widen our dealer network.”
SOUNDBITE 2 (English): ANGELA, Manila resident
“Due to a very, very high price of oil, I consider using an electric (vehicle), and especially it’s mostly environment-friendly.”
Xinhua News Agency correspondents reporting from Manila.(XHTV)