Connect with us

Media

အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

ဘေရွတ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

အစ္စရေး စစ်လေယာဉ်များက လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် အောက်တိုဘာ ၁၅ ရက်က ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်နှစ်စင်းပစ်ခတ်ခြင်းဖြင့် Marwahin မြို့စွန်အား ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လက်ဘနွန် စစ်တပ်အရင်းအမြစ်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်နှင့် ကင်းထောက်လေယာဉ်က လက်ဘနွန်နိုင်ငံ၏ လေပိုင်နက်ပေါ်တွင် ပျံသန်းသွားစဉ် ပစ်မှတ်ထားသည့် နေရာမှ မီးခိုးလုံး ပေါ်ထွက်လာခဲ့ကြောင်း အမည်မဖော်လိုသည့် စစ်တပ်အရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။

အစ္စရေးအမြောက်တပ်က လက်ဘနွန်နိုင်ငံအနောက်တောင်ပိုင်းရှိ Marwahin နှင့် Blida နယ်စပ်မြို့စွန်များဆီသို့ ၄၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ယင်းအရင်းအမြစ်များက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Israel launches air strike on S. Lebanon: military source
Israeli warplanes on Sunday raided the outskirts of the town of Marwahin by firing two air-to-surface missiles in southern Lebanon, Lebanese military sources told Xinhua.
According to unnamed military sources, a thick plume of black smoke rose from the targeted area while Israeli military and reconnaissance aircraft were still flying over Lebanon’s airspace.
The sources added that heavy Israeli artillery fired 45 shells toward the outskirts of the border towns of Marwahin and Blida in southwest Lebanon.
Xinhua News Agency correspondents reporting from Beirut.(XHTV)