Connect with us

Africa & Middle East

တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ဟားမက်စ်ခေါင်းဆောင်တို့ ဓားစာခံ လွှတ်ပေးရေး တယ်လီဖုန်းဖြင့် ဆွေးနွေး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် အဆောက်အအုံပျက်စီးမှုများ၌ ကလေးငယ်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံခြားရေးဝန်ကြီး Hakan Fidan သည် ဟားမက်စ်အဖွဲ့ ပေါ်လစ်ဗျူရိုအကြီးအကဲ Ismail Haniyeh နှင့် အောက်တိုဘာ ၁၆ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်စဉ် ဓားစာခံများလွှတ်ပေးနိုင်မည့် အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Fidan နှင့် Haniyeh တို့သည် “ပါလက်စတိုင်းတွင် နောက်ဆုံးဖြစ်ပေါ်နေသည့်အခြေအနေများနှင့် အရပ်သားများ လွှတ်ပေးနိုင်မည့် အခြေအနေ” ကို ဆွေးနွေးခဲ့ကြကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဟားမက်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဒုံးကျည်အမြောက်အမြား ပစ်ခတ်၍ ရုတ်တရက်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဟားမက်စ်စစ်သွေးကြွများသည် အစ္စရေးနယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး ယင်းတိုက်ခိုက်မှုအတွင်း ဓားစာခံအများအပြား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အစ္စရေးဓားစာခံ ၂၀၀ မှ ၂၅၀ အထိ ဂါဇာ၌ ဖမ်းဆီးထားကြောင်း ဟားမက်စ် လက်နက်ကိုင်တပ်ဖွဲ့မှ Al-Qassam က ပြောခဲ့သည်။

လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ် ပဋိပက္ခမှာ ဒုတိယမြောက် သီတင်းပတ်သို့ ရောက်ရှိလာခဲ့ပြီး နှစ်ဘက်လုံး၌ သေဆုံးသူများ မြင့်တက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Turkish FM, Hamas leader discuss hostage release over phone
ANKARA, Oct. 16 (Xinhua) — Turkish Foreign Minister Hakan Fidan discussed Monday the possibility of releasing hostages during a phone conversation with Politburo Chief of the Palestinian Islamic Resistance Movement (Hamas) Ismail Haniyeh.
Fidan and Haniyeh discussed “the latest developments in Palestine and the possibility of release of civilians,” the Turkish Foreign Ministry said in a statement.
On Oct. 7, Hamas launched a surprise attack by firing thousands of rockets against Israeli targets, prompting extensive airstrikes from the Israeli side. Hamas militants also infiltrated Israeli territory and took a significant number of hostages during the attack.
Al-Qassam Brigades, the armed wing of Hamas, said on Monday that there are 200 to 250 Israeli captives held in Gaza.
The ongoing Israel-Hamas conflict, as it entered the second week, has left heavy casualties on both sides.
Photo: Children are seen in buildings damaged in Israeli airstrikes in the southern Gaza Strip city of Rafah, Oct. 15, 2023. (Photo by Khaled Omar/Xinhua)