Connect with us

Media

ကမ္ဘောဒီးယားနိုင်ငံရှိ ခရီးသွားအချက်အချာနေရာတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော လေဆိပ် စတင်လည်ပတ်

Siem Reap ၊ ကမ္ဘောဒီးယား၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားအချက်အချာနေရာတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ် (SAI) ကို အောက်တိုဘာ ၁၆ ရက်က စတင်လည်ပတ်ခဲ့ရာ ခရီးသွားလုပ်ငန်း ပြန်လည်နိုးကြားရေးအတွက် မျှော်လင့်ချက် မြင့်တက်လာခဲ့သည်။

Bangkok Airways ၏ ပထမဆုံး စီးပွားရေးလုပ်ငန်းသုံး လေယာဉ်သည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ယင်းလေဆိပ်၌ ဆင်းသက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီး Vongsey Visoth မှ နွေးထွေးစွာ ကြိုဆိုခဲ့သည်။
လေယာဉ်ပြေးလမ်းအရှည် မီတာ ၃,၆၀၀ ရှိပြီး 4E-အဆင့် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာတစ်ဝန်းမှ ခရီးဝေးလေကြောင်းခရီးစဉ်များကို လက်ခံနိုင်စွမ်းရှိကြောင်း Visoth က လေဆိပ်တွင်ပြုလုပ်သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

“ဒီလေဆိပ်သစ်က ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလမှာ Siem Reap ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ပေးမှာဖြစ်ပါတယ်။ ဒါက ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ ကမ္ဘောဒီးယားနဲ့ တရုတ်ကြားက အကျိုးရလဒ်ရှိသော ပူးပေါင်းဆောင်ရွက်မှုရဲ့ သာဓတတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။

SAI အနေဖြင့် ကာလရှည်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုသွားမည်ဖြစ်သလို Siem Reap ပြည်နယ်ရှိ ဒေသခံပြည်သူများအနေဖြင့်လည်း ၎င်းလေဆိပ်မှ အကျိုးကျေးဇူး အများအပြား ရရှိနိုင်မည်ဖြစ်ကြောင်း Visoth က ပြောခဲ့သည်။

အဆိုပါ လေဆိပ်ကို တရုတ်နိုင်ငံ Yunnan Investment Holdings လီမိတက်၏ မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်သော အန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ် ရင်းနှီးမြှုပ်နှံမှု (ကမ္ဘောဒီးယား) ကုမ္ပဏီလီမိတက်က ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

SAI လေဆိပ်အနေဖြင့် ၂၀၂၄ ခုနှစ်မှစ၍ တစ်နှစ်လျှင် ခရီးသည် ၇ သန်းအားလည်းကောင်း၊ ၂၀၄၀ ပြည့်နှစ်မှစ၍ နှစ်စဉ် ခရီးသည် ၁၂ သန်းအထိလည်းကောင်း ဝန်ဆောင်မှုပေးနိုင်မည်ဟု မြို့ပြလေကြောင်းပို့ဆောင်ရေးဌာန အတွင်းဝန် Mao Havannall က ပြောခဲ့သည်။
ဧရိယာ ဟက်တာ ၇၀၀ ရှိသော SAI သည် ယူနက်စကို စာရင်းဝင် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်မှ ကီလိုမီတာ ၄၀ ခန့်၊ Siem Reap ပြည်နယ်မြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာ၊ Sotr Nikum ခရိုင်တွင် တည်ရှိသည်။ (Xinhua)

…………………………………..
(English Version)
Chinese-invested airport in Cambodia’s tourist hub starts operation
SIEM REAP, Cambodia, Oct. 16 (Xinhua) — Chinese-invested Siem Reap Angkor International Airport (SAI) here in northwest Cambodia’s tourist hub commenced operations on Monday, raising hope for tourism revitalization.
The first commercial flight operated by Bangkok Airways landed at the airport on Monday morning, receiving a warm welcome from Cambodian Deputy Prime Minister and Cabinet Minister Vongsey Visoth.
Speaking at the event, Visoth said the SAI, with a 3,600-meter runway, is a 4E-level international airport that can accommodate long distance flights from across the globe.
“The new airport will give a boost to the development of tourism in Siem Reap province in the post-COVID-19 pandemic era,” he said. “It is a testament to the fruitful cooperation between Cambodia and China under the Belt and Road Initiative (BRI).”
Visoth said the SAI will contribute to the development of Cambodia’s tourism, trade and economy in the long term, and local people in Siem Reap province will reap maximum benefits from this airport.
The SAI has been invested by the Angkor International Airport Investment (Cambodia) Co., Ltd., an affiliate of China’s Yunnan Investment Holdings Ltd.
Mao Havannall, minister in charge of the State Secretariat of Civil Aviation (SSCA), said the airport will be able to handle 7 million air passengers per annum from 2024 and up to 12 million passengers annually from 2040.
Covering a parcel of 700 hectares, the SAI is located in Sotr Nikum district, about 40 km from the UNESCO-listed Angkor Archaeological Park and 50 km from Siem Reap provincial town.