Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဇက်စတန်နိုင်ငံ သမ္မတ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်လာရောက်၍ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သည့် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev နှင့် ရှီးအန်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့စဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev နှင့် အောက်တိုဘာ ၁၇ ရက်တွင် တွေ့ဆုံခဲ့သည်။

ရှီက ၎င်း၏ မိတ်ဆွေဟောင်းနှင့် ပြန်လည်ဆုံတွေ့ရခြင်းအပေါ် များစွာပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။ တည်ငြိမ်ပြီး တက်ကြွသော တရုတ်-ကာဇက်စတန် ဆက်ဆံရေးသည် နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်တက်ကြွမှုအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလည်း အထောက်အကူဖြစ်စေကြောင်း ရှီက ပြောကြားခဲ့သည်။

နိုင်ငံတကာ အခြေအနေများ မည်သို့ပင် ပြောင်းလဲနေစေကာမူ တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရင်းနှီးမှု အယူအဆကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းပြီး တရုတ်-ကာဇက်စတန် ထာဝရ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

နစ်နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ပိုမိုအောင်မြင်ဖြစ်မြောက်စေရန်နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုဆောင်ကြဉ်းပေးနိုင်ရန် ရှီကျင့်ဖိန်က တိုက်တွန်းခဲ့သည်။ (Xinhua)

…………………………….
(English Version)
(BRF2023) 1st LD: Xi meets Kazakh president
BEIJING, Oct. 17 (Xinhua) — Chinese President Xi Jinping on Tuesday met with Kazakh President Kassym-Jomart Tokayev, who is in Beijing to attend the third Belt and Road Forum for International Cooperation.
Xi said he is very happy to meet his old friend again. A sound, stable and vibrant China-Kazakhstan relationship is conducive to the development and revitalization of both countries as well as to regional peace and stability, Xi said.
No matter how the international situation changes, China and Kazakhstan should pass on the concept of good-neighborliness and friendship from generation to generation, and promote further development of China-Kazakhstan permanent comprehensive strategic partnership, Xi said.
Xi called on the two sides to strengthen cooperation, promote the Belt and Road cooperation to achieve more results, and deliver more benefits to the people of the two countries. Enditem
Chinese President Xi Jinping holds talks with President Kassym-Jomart Tokayev of Kazakhstan, who is in China for the China-Central Asia Summit and a state visit, in Xi’an, northwest China’s Shaanxi Province, May 17, 2023. (Xinhua/Liu Bin)