ပေကျင်း ၊ မေ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ (ကိုယ့်ဟာကိုယ်- ဆောက်လုပ်ထားသော) လူနေအဆောက်အဦတစ်လုံးပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများကို အစွမ်းကုန်လုပ်ဆောင်သွားရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။ ဟူနန်ပြည်နယ် မြို့တော် ချန်းရှမြို့ ဝမ်းချန်ခရိုင်၌ သောကြာနေ့(ဧပြီ ၂၉ ရက်) မွန်းလွဲ...
ရန်ကုန် ၊ မေ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)သည် ယနေ့ မေ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် စာချုပ်က ပေးအပ်သည့် အကောက်ခွန်အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်...
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) လက်ကောက်ဝတ် အထက်မှ ပြတ်တောက်သွားသော လက်အား ပြန်လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှု ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးရှိ အကြောအဆစ်ရောဂါကုပညာဌာနမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။ ” ဘယ်ဘက်လက် လက်ကောက်ဝတ် အထက်ကနေ ပြတ်တောက်သွားတဲ့လူကို ဆရာတို့...
ကိုလံဘို ၊ မေ ၁ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ပို့ကုန်သမားများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားဝင်ငွေများကို သီရိလင်္ကာရူပီးငွေကြေးဖြင့် ပြောင်းလဲကိုင်ဆောင်ရမည့် ကန့်သတ်ချက်စည်းမျဉ်းများကို သိပ်မကြာမီကာလအတွင်း ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေး တိုးမြင့်အားကောင်းလာစေရန် ရည်ရွယ်၍ မကြာသေးခင် ပို့ကုန်သမားများအား ၎င်းတို့၏...
ဘဂ္ဂဒတ် ၊ မေ ၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ အနောက်ပိုင်း အန်ဘာပြည်နယ်(Anbar) ရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ နှင့် အဖွဲ့အစည်းများ နေထိုင်ရာ အိမ်ရာဝင်းတည်ရှိသည့် လေတပ်အခြေစိုက်စခန်းတစ်သည် ဧပြီ ၃၀ ရက်တွင် ကတ်ယုရှ (Katyusha) ဒုံးကျည် နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း...
ချန်းရှ ၊ မေ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ ဧပြီ ၂၉ ရက်က မြေညီထပ်ကြမ်းခင်းအကျယ် ၇၀၀ မီတာခန့်ရှိသည့် “ကိုယ့်ဟာကိုယ်-တည်ဆောက်ထားသော” လူနေအဆောက်အဦတစ်လုံး ပြိုကျမှုဖြစ်ပွားပြီးနောက် အပျက်အစီးပုံများအကြား ပိတ်မိနေသူ ၅ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း နှင့် အခြား လူ ၂၃...
ပေကျင်း ၊ မေ ၁ ရက်(ဆင်ဟွာ) စနေနေ့တွင် စတင်သည့် အလုပ်သမားနေ့အားလပ်ရက် ၅ ရက်တာ ကာလအတွင်း လူအများအပြားသွားလာလှုပ်ရှားခြင်းမှ ရောဂါကူးစက်မှု မြင့်တက်လာမည်ကို အကောင်းဆုံးလျှော့ချနိုင်ရန်အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ COVID-19 ကန့်သတ်မှုများကို တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော သောကြာနေ့ ညနေ ၃...
ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ) ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ယခုထက်ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၅ ခုတွင် ခရိုင် ၄၆ ခုအား ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ထပ်မံတိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်သောသတင်းအရ...
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ကိုဗစ်ကင်းစင်ရေး (zero-COVID) တက်ကြွစွာချဉ်းကပ်မှုက တရုတ်နိုင်ငံအတွက် ကူးစက်ရောဂါတုံ့ပြန်ရေးနှင့် စီးပွားရေး ဖွံ့ဖြိးတိုးတက်မှုကြား သိသာထင်ရှားသော ဟန်ချက်ညီမှုအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း တရုတ် ကျန်းမာရေးတာဝန်ရှိသူများက ပိုမိုကူးစက်မြန် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်များ ဧပြီ ၂၉ ရက်၌ ပြောကြားခဲ့သည်။ “နိုင်ငံတစ်ဝန်း လက်ရှိ...
ရှန်ဟိုင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် လတ်တလော COVID-19 တစ်ဖန်ပြန်လည်ဖြစ်ပွားမှုများကြောင့် ကင်ဆာလူနာတစ်ဦးထံသို့ ဒရုန်းများဖြင့် ဆေးဝါးများကိုပေးပို့ခဲ့ကြောင်းသိရသည်။ ရှန်ဟိုင်းမြို့ရှိ Xuhui ခရိုင်တွင် ကင်ဆာဝေဒနာကိုပြင်းထန်စွာခံစားနေရသည့် သက်ကြီးပိုင်းတစ်ဦးမှာ ဧပြီ ၂၇ ရက်က ဆေးဝါးများအရေးပေါ်လိုအပ်ခဲ့သည်။ ထို့ကြောင့် ဒရုန်းနှစ်စင်း အား ၂၀...