Connect with us

Media

မြန်မာအသင်း ယှဉ်ပြိုင်မည့် ၂၀၂၄ အာရှဖူဆယ်ခြေစစ်ပွဲ အုပ်စုများထွက်ရှိ

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲများ ထွက်ရှိလာပြီဖြစ်ပြီး မြန်မာအသင်းက ပါလက်စတိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ အောက်တိုဘာ ၁ ရက်တွင်ပြောသည်။

အာရှဖလား ဖူဆယ်ခြေစစ်ပွဲကို အောက်တိုဘာ ၇ ရက် မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းက အုပ်စု (E) တွင် တာဂျစ်ကစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယ အသင်းတို့နှင့် ကျရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အုပ်စုခွဲဝေမှုများအရ အုပ်စု (A) တွင် တာ့ခ်မင်နစ္စတန်၊ ဟောင်ကောင်၊ တရုတ်၊ ထိုင်း ၊ အုပ်စု (B) တွင် အင်ဒိုနီးရှား၊ ဆောင်ဒီအာရေဗျ၊ အာဖဂန်နစ္စတန်၊ မကာအို၊ အုပ်စု (C)တွင် အီရန်၊ လက်ဘနွန်၊ ကာဂျစ္စတန်၊ မော်လ်ဒိုက်၊ အုပ်စု (D)တွင် ဗီယက်နမ်၊ တောင်ကိုရီးယား၊ နီပေါ၊ မွန်ဂိုလီးယား၊ အုပ်စု (E)တွင် တာဂျစ်ကစ္စတန်၊ မြန်မာ၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ အုပ်စု (F) တွင် ဘာရိန်း၊ ကူဝိတ်၊ တီမော၊ ဘရူနိုင်း ၊ အုပ်စု (G)တွင် ဥဇဘက်ကစ္စတန်၊ မလေးရှား၊ အီရတ်၊ ကမ္ဘောဒီးယား၊ အုပ်စု (H) တွင် ဂျပန်၊ တရုတ် (တိုင်ပေ)၊ နှင့် ဩစတြေးလျ အသင်းတို့ ကျရောက် လျက်ရှိကြောင်း သိရသည်။

“ပွဲစဉ်ရေးဆွဲထားမှုတွေအရ မြန်မာအသင်းက အောက်တိုဘာ ၇ ရက်မှာ ပါလက်စတိုင်းအသင်း၊ အောက်တိုဘာ ၉ ရက်မှာ အိန္ဒိယအသင်း၊ အောက်တိုဘာ ၁၁ ရက်မှာ တာဂျစ်ကစ္စတန် အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ” ဟု ဦးဇော်မင်းထိုက်က ပြောသည်။

ခြေစစ်ပွဲကို အုပ်စု (၈) စု ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ထိုင်းနိုင်ငံ၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

“မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက အာရှဖလားခြေစစ်ပွဲအတွက် အချိန်ယူလေ့ကျင့် ပြင်ဆင်လျက်ရှိပါတယ်။ ဇူလိုင်လမှာ စတင်လေ့ကျင့်ခဲ့ပါတယ်။ ဩဂုတ်လ ဒုတိယပတ်က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ထိုင်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ စတုတ္ထနေရာရရှိခဲ့ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117