Connect with us

Media

တရုတ်နိုင်ငံက ၂၀၂၄ ခုနှစ်ဝန်းကျင်တွင် နောက်ထပ် လကမ္ဘာသွားအာကာသယာဉ် လွှတ်တင်မည်

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နောက်ထပ် လကမ္ဘာသွားအာကာသယာဉ် Chang’e-6 ကို စီစဉ်ထားသည့်အတိုင်း ၂၀၂၄ ခုနှစ်ဝန်းကျင်တွင် လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲရေးဌာန (CNSA) က စက်တင်ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။

Chang’e-6 မစ်ရှင်သည် လမျက်နှာပြင်တစ်ဖက်စွန်းမှ နမူနာပစ္စည်းများကို စုဆောင်းသွားမည် ဖြစ်ကြောင်း လကမ္ဘာစူးစမ်းလေ့လာရေးအစီအစဉ်အရ သိရသည်။ ၎င်းအာကာသယာဉ်သည် လမျက်နှာပြင်ရှိ မတူညီသော ဒေသများနှင့် သက်တမ်းများမှ နမူနာပစ္စည်းများကို စူးစမ်းရှာဖွေရန်နှင့် စုဆောင်းရန် လမျက်နှာပြင် တစ်ဖက်စွန်း South Pole-Aitken ချိုင့်ဝှမ်းတွင် ဆင်းသက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ လမျက်နှာပြင်တစ်ဖက်စွန်းနှင့် ကမ္ဘာမြေကြား ဆက်သွယ်မှုများကို ပံ့ပိုးပေးနိုင်ရန် တရုတ်နိုင်ငံက အသစ်တီထွင်ထားသော Queqiao-2 သို့မဟုတ် Magpie Bridge-2 တစ်ဆင့်ခံဂြိုဟ်တုများကို ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်း၌ လွှတ်တင်ရန် စီစဉ်ထားကြောင်း CNSA က ဆိုသည်။ Chang’e-6 လကမ္ဘာသွားအာကာယာဉ်သည် negative ion detector နှင့် radon gas detector အပါအဝင် ပြင်သစ်၊ အီတလီ၊ ပါကစ္စတန်နှင့် ဥရောပ အာကာသအေဂျင်စီမှ ပစ္စည်းများကို သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
China to launch next lunar probe around 2024
BEIJING, Sept. 29 (Xinhua) — China’s next lunar probe Chang’e-6 will be launched around 2024 as planned, the China National Space Administration (CNSA) said Friday.
According to the country’s lunar exploration program, the Chang’e-6 mission will collect samples from the far side of the moon. It aims to land in the South Pole-Aitken Basin on the far side to explore and collect lunar samples from different regions and ages.
To support the communications between the moon’s far side and the Earth, China plans to launch its newly developed relay satellite Queqiao-2, or Magpie Bridge-2, in the first half of 2024, the CNSA said.
It noted that the Chang’e-6 lunar probe will carry payloads from France, Italy, Pakistan and the European Space Agency, which include a negative ion detector and a radon gas detector.