Connect with us

Media

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်က ဆောင်းဦးလယ် လမုန့်ပွဲ ၊ သစ်သီး မီးအိမ် ပန်းပုအလှပြိုင်ပွဲ

ချင်းကျန့်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချင်းကျန့်မြို့တွင် သစ်သီး မီးအိမ် ပန်းပုအလှပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ လူကြီးအဖွဲ့၊ လူငယ်အဖွဲ့နှင့်အခြား အဖွဲ့များတွင် ပြိုင်ပွဲဝင် ၅၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆောင်းဦးလယ် လမုန့်ပွဲတော်ရောက်ရှိတိုင်း ချင်းကျန့်မြို့နေပြည်သူလူထုက ရွှေဖရုံသီး သို့မဟုတ် ဖရဲသီးများကို မီးအိမ်အဖြစ် ပန်းပုထွင်းထု အလှဆင်၍ လာမည့်နှစ်တွင် ရာသီဥတုကောင်း၍ သီးနှံအထွက်တိုးစေရန် ဆုမွန်ကောင်းတောင်းလေ့ရှိသည်။ ၂၀၀၉ ခုနှစ်တွင် “ချင်းကျန့် သစ်သီး မီးအိမ်ပွဲ”ကို ကွေ့ကျိုးပြည်နယ် ပြည်သူ့အစိုးရက တတိယမြောက် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အမည်စာရင်းသွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
贵州清镇:瓜灯雕刻迎中秋
9月28日,贵州省清镇市举办了瓜灯节瓜灯雕刻大赛,全市的成人组、少儿组和其他瓜类组共500余名选手参加比赛。
据了解,每逢中秋佳节,清镇市当地群众都要选取金瓜、南瓜或西瓜来雕刻瓜灯,寄予来年风调雨顺,五谷丰登。2009年,“清镇瓜灯节”被贵州省人民政府列入第三批省级非物质文化遗产名录。