Connect with us

Media

တရုတ်နိုင်ငံက မြန်မာနိုင်ငံ စသည့် နိုင်ငံများအတွက် အရေးပေါ် ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ အကူအညီများ ပေးအပ်သွားလိုကြောင်း ပြောကြား

ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

မကြာသေးမီရက်ပိုင်းတွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် မြန်မာနိုင်ငံ စသည့် နိုင်ငံများသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်ကို တရုတ်နိုင်ငံအနေဖြင့် ဂရုပြုမိပါကြောင်း၊ မုန်တိုင်းကြောင့် ဖြစ်ပွားသော သေဆုံးဒဏ်ရာရမှုများနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မိမိတို့အနေဖြင့် သက်ဆိုင်ရာနှင့် နီးကပ်စွာ ဆက်သွယ်ပြီး နားလည်သိရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA)၏ ပြောရေးဆိုခွင့်ရှိသူ ရွှီဝေက မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရသည် သက်ဆိုင်ရာနိုင်ငံများ၏ လက်တွေ့လိုအပ်ချက်အရ အရေးပေါ် ဘေးအန္တရာယ် ဆိုင်ရာ အကူအညီများကို တတ်စွမ်းသမျှ ပေးအပ်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
国合署发言人:中方愿向缅甸等国家提供紧急救灾援助
2023年5月15日,国家国际发展合作署新闻发言人徐伟表示,中方注意到近日超级气旋风暴“穆查”袭击缅甸等国家,正与有关方面保持密切联系,跟进了解风暴造成的人员伤亡和财产损失情况。中国政府愿根据相关国家实际需要,提供力所能及的紧急救灾援助。