Connect with us

Media

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုတွင် အပျက်အစီးများစွာဖြစ်ပြီး လူ ၅ဦးသေဆုံး

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက် တိုက်ခိုက်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် ၈ခုတွင် အပျက်အစီးများစွာဖြစ်ပြီး လူ ၅ဦးသေဆုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာများရှိ လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)