Connect with us

Media

တရုတ်နိုင်ငံက နိုင်ငံတကာကုန်စည်ပြပွဲများမှတစ်ဆင့် ဒေသတွင်းစီးပွားရေးဆက်ဆံမှုကို အားပေး မြှင့်တင်လျက်ရှိ

ပေကျင်း ၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ကပ်ရောဂါအလွန် ကမ္ဘာ့အခင်းအကျင်း စိန်ခေါ်မှုများအား ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံက ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေး နှစ်ခုလုံး ရှင်သန်တက်ကြွလာစေရေးနှင့်တိုးတက်ရေးအား တွန်းအားပေးရန် ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း အနေဖြင့် ယခုနှစ်အတွင်း အိမ်နီးချင်းနိုင်ငံများအား အဓိကရည်ရွယ်သည့် ပြပွဲများစွာအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းတွင် ဩဂုတ် ၂၇ ရက်က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှ ကုန်စည်ပြပွဲသည် နိုင်ငံနှင့်ဒေသ ၁၂၃ ခုမှ ကုန်သည် ၂၀,၀၀၀ ကျော် ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ငါးရက်ကြာကျင်းပပြုလုပ်ခဲ့သည့် ယင်းကုန်စည်ပြပွဲအတွင်း ယွမ် ၈၄.၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၅၉ ဘီလီယံခန့်) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်များ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China fosters regional economic ties through expos
In the face of the challenges of a post-pandemic global landscape, several offline exhibitions targeting neighboring countries have been organized in China this year, as part of its efforts to drive the revitalization and growth of both the domestic and global economies.
The 14th China-Northeast Asia Expo, which concluded on Sunday in Changchun, capital of northeast China’s Jilin Province, saw the offline participation of over 20,000 merchants from 123 countries and regions.
Investment deals worth 84.48 billion yuan (about 11.59 billion U.S. dollars) were reached during the five-day expo.
Xinhua News Agency correspondents reporting from Beijing.(XHTV)