Connect with us

Asia

ကမ္ဘောဒီးယားဝန်ကြီးချုပ်က အလုပ်အကိုင်များပိုမိုဖန်တီးကာ ဆင်းရဲနွမ်းပါးမှုကို ထပ်မံလျှော့ချပေးမည်ဟု ကတိပြု

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက်အား ဖနွမ်းပင်မြို့ လွှတ်တော်အစည်းအဝေးတွင် စကားပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Cambodia's National Assembly/Handout via Xinhua)

ဖနွမ်းပင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က အစိုးရအနေဖြင့် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ရေး၊ အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံနှင့် ခရီးသွားကုန်စည်လုပ်ငန်းများအတွက် လစဉ်အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သလို ဆင်းရဲနွမ်းပါးမှုကိုလည်း ထပ်မံလျှော့ချပေးမည်ဖြစ်ကြောင်း ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အလုပ်သမား ၁၈,၀၀၀ ခန့်ရှိသော အထည်ချုပ်စက်ရုံတွင် ပြည်သူနှင့်တွေ့ဆုံဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ဖို့၊ ပြည်သူများအတွက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု ထပ်မံမြှင့်တင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Cambodian PM promises to create more jobs, further reduce poverty
PHNOM PENH, Aug. 29 (Xinhua) — Cambodian Prime Minister Hun Manet said Tuesday that the government would continue to create more jobs, raise the monthly minimum wage for the garment, footwear and travel goods industry, and further reduce poverty.
The prime minister made the remarks while appearing at a public forum gathering about 18,000 garment factory workers.
“The government will continue to maintain peace and stability, defend sovereignty and territorial integrity, and further promote socioeconomic development for the people,” he said.
Photo: Newly elected Cambodian Prime Minister Hun Manet speaks during a parliamentary session in Phnom Penh, Cambodia on Aug. 22, 2023. (Cambodia’s National Assembly/Handout via Xinhua)