Connect with us

INTERNATIONAL ORGANIZATION

ဆေးဝါးကုမ္ပဏီများက အိုမီခရွန်အတွက် ကာကွယ်ဆေးအသစ် စတင်တီထွင်နေကြ

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ကူးစပ်ပြန့်နှံ့မှု မြင့်မားလာသည်နှင့်အမျှ အမေရိကန်ဆေးဝါးကုမ္ပဏီ Modena၊ Johnson & Johnson နှင့် Pfizer စသည့်ကုမ္ပဏီများက ၎င်းတို့သည် ဤဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို စတင်တီထွင်နေပြီ ဖြစ်ကြောင်း အသီးသီးထုတ်ဖော်ပြောကြားခဲ့သည်။Modena အမှုဆောင်အရာရှိချုပ် Stefana Bunsell ၏ နိုဝင်ဘာ ၃၀ ရက်က ပြောကြားချက်ကို ကိုးကား၍ အင်္ဂလန်နိုင်ငံ “Financial Times” က သတင်းဖော်ရာတွင် လက်ရှိကိုဗစ်ကာကွယ်ဆေးသည် ဒယ်လ်တာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ထက် အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အပေါ် ထိရောက်မှုနည်းကြောင်း ဖော်ပြထားသည်။”ထိရောက်မှု သိသိသာသာ လျော့ကျသွားမယ် လို့ ကျွန်တော် ထင်ပါတယ်၊ ဒါပေမယ့် ထိရောက်မှု ဘယ်လောက် လျော့ကျသွားမယ်ဆိုတာကို အချက်အလက်တွေ စောင့်ရဦးမယ်” ဟု Stefana Bunsell က ဆိုသည်။

Modena သည် လက်ရှိကာကွယ်ဆေး၏ ပမာဏကို တိုးမြှင့်ခြင်းဖြင့် အိုမီခရွန်အပေါ် ထိရောက်မှု ရှိမရှိ စမ်းသပ်နေကြောင်းနှင့် အိုမီခရွန်အတွက် သီးသန့် ကာကွယ်ဆေးကို သုတေသန ပြုလုပ်နေကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Pfizer ကုမ္ပဏီက လက်ရှိ ကာကွယ်ဆေးသည် အိုမီခရွန်အပေါ် ထိရောက်မှုကို စမ်းသပ်နေကြောင်းနှင့် အိုမီခရွန်အတွက် ကာကွယ်ဆေးကို စတင်လေ့လာနေပြီ ဖြစ်ကြောင်း Pfizer အမှုဆောင်အရာရှိချုပ် Albert Bula က ပြောကြားခဲ့သည်။

စမ်းသပ်မှုတွင် လက်ရှိကာကွယ်ဆေးသည် အိုမီခရွန်အပေါ် လုံးဝထိရောက်မှုမရှိကြောင်း အဖြေရမည်ဟု မထင်ကြောင်း၊ သို့သော် ထိရောက်မှု နည်းနိုင်ကြောင်းနှင့် ကာကွယ်ဆေးအသစ် တီထွင်ရန် လိုအပ်နိုင်ကြောင်း Bra က Consumer News and Business Channel အား ပြောကြားခဲ့သည်။

Agence France-Presse အစီရင်ခံစာအရ Johnson & Johnson သည် အိုမီခရွန်အတွက် အထူးပြုလုပ်ထားသော ကာကွယ်ဆေးကို တီထွင်နေကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

အိုမီခရွန်သည် ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်မှုနှုန်း မြင့်တက်စေသည့် အန္တရာယ် အလွန်မြင့်မားကြောင်း အချို့နေရာများတွင် ပြင်းထန်သော အကျိုးဆက်များ ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

သို့သော် ဥရောပဆေးဝါးအေဂျင်စီ ဒါရိုက်တာ Aimee Cooke က အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ် ကူးစပ်ပြန့်နှံ့နေသော်လည်း လက်ရှိကာကွယ်ဆေးများသည် ၎င်းအပေါ် အကာအကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်က ဥရောပပါလီမန်တွင် ပြောကြားခဲ့သည်။

Cook က “လက်ရှိ ကာကွယ်ဆေးကို အစားထိုးဖို့ လိုအပ်ရင် ကာကွယ်ဆေးအသစ်ကို သုံးလ ဒါမှမဟုတ် လေးလအတွင်း အတည်ပြုပေးနိုင်ပါတယ်။”ဟု ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ဆေးဝါးကုမ္ပဏီများသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် များကို တားဆီးရာတွင် ပိုမိုကောင်းမွန်သော ကာကွယ်ဆေးများထုတ်လုပ်ရေးအတွက် ဥရောပဆေးဝါးအေဂျင်စီ မှ သက်ဆိုင်ရာခွင့်ပြုချက်လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် စည်းမျဉ်းအသစ်များကို ထုတ်ပြန်ခဲ့သည်။

WHO သည် ယခုအချိန်အထိ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သည့် သေဆုံးမှု အစီရင်ခံစာကို မရရှိသေးကြောင်းနှင့် ကမ္ဘာပေါ်တွင် ဤဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်၏ ကူးစက်မှုနှုန်း၊ရောဂါဖြစ်ပွားမှုနှုန်း၊ ဆင့်ပွားကူးစက်မှု အန္တရာယ် နှင့် ကိုယ်ခံအားမှလွတ်ထွက်မှုတို့အပေါ် စနစ်တကျ သုတေသနပြုထားသော အချက်အလက် မရှိသေးကြောင်း သိရသည်။(Xinhua)

………………………………………….
(Chinese Version)

多家药企着手研发对抗奥密克戎的疫苗

新华社北京12月1日电 新冠病毒变异株奥密克戎传播范围扩大之际,美国制药企业莫德纳、强生和辉瑞公司分别披露,已经着手研发针对这一新毒株的疫苗。

英国《金融时报》11月30日援引莫德纳公司首席执行官斯特凡纳•邦塞尔的话报道,现有新冠疫苗抵御奥密克戎毒株的效力相对德尔塔毒株较弱。“我认为,效力会实质性下降,但尚不清楚下降多少。我们需要等待(更多)数据。”他说。

邦塞尔说,莫德纳公司正在试验加大现有疫苗剂量能否提高对抗奥密克戎的效力,同时研究专门针对奥密克戎的疫苗。他早些时候接受美国消费者新闻与商业频道采访时说,新疫苗可能需要几个月时间才能面世。

辉瑞公司首席执行官阿尔伯特•布拉29日说,这家企业正在试验现有疫苗对抗奥密克戎的效力,同时着手研究针对奥密克戎的疫苗。
布拉告诉消费者新闻与商业频道,他不认为试验将得出现有疫苗完全无效的结论,但抵御效力可能较差,意味着可能需要研制新疫苗。
法新社报道,强生公司30日也说,正在研发一款专门针对奥密克戎的疫苗。

世界卫生组织29日说,奥密克戎在全球范围造成感染病例激增的风险“非常高”,并可能给部分地区带来“严重后果”。
不过,欧洲药品管理局局长艾梅尔•库克30日在欧洲议会发言时说,尽管奥密克戎正在扩散,现有疫苗仍可以提供保护。
库克说:“如果有必要更换现有疫苗,我们可以在三四个月内批准新疫苗。”

今年2月,为了便于药企改进疫苗以防范新变种,欧洲药管局出台加快相应审批过程的新规。
世卫组织迄今未收到关联奥密克戎毒株的死亡病例报告。全球尚无这一变异株传播力、致病力、二次感染风险和免疫逃逸能力等方面的系统研究数据。(安晓萌)

11月30日,一名女子经过比利时布鲁塞尔的一辆新冠疫苗接种巴士。(新华社记者郑焕松摄)

11月30日拍摄的日本东京成田机场T1航站楼停机坪。(新华社记者张笑宇摄)