Connect with us

Economy

တရုတ်-လာအို မီးရထားလမ်း ဖောက်လုပ်ရာတွင် ပံ့ပိုးကူညီခဲ့ကြသည့် ကုမ္ပဏီများကို လာအိုအစိုးရက ဂုဏ်ပြုချီးကျူး

ဗီယင်ကျန်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

လာအိုအစိုးရက ဒီဇင်ဘာ ၁ ရက်တွင် မြို့တော်ဗီယင်ကျန်းမြို့ရှိ အမျိုးသားကွန်ဗင်းရှင်းဗဟိုဌာန၌ ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာChina National Railway Group Co., Ltd. အား “အမျိုးသားပထမအဆင့် ဖွံ့ဖြိုးရေးဆုတံဆိပ်” Lao China RaiLway Co., Ltd. အား “အမျိုးသားပထမအဆင့် အလုပ်သမားဆုတံဆိပ်” ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် လာအို-တရုတ် ရထားလမ်းစီမံကိန်း ဦးဆောင်အဖွဲ့ခေါင်းဆောင် Song Sai Sipantun တို့က လာအိုအစိုးရကို ကိုယ်စားပြုပြီး လာအိုနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ လာအိုနိုင်ငံ၏ “ကုန်းတွင်းပိတ်နိုင်ငံ” မှ “ကုန်းတွင်းချိပ်နိုင်ငံ” သို့ သမိုင်းဝင် အပြောင်းအလဲအတွက် တရုတ်နိုင်ငံ၏ ရေရှည်ပံ့ပိုးကူညီမှု အပေါ် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း ၊ China National Railway Group Co., Ltd. နှင့် Lao China Railway Co.,Ltd. တို့သည် တရုတ်-လာအို ရထားလမ်း ဖောက်လုပ်ရာတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ”နှင့် တရုတ်-လာအို ချစ်ကြည်ရေး၏ ပြယုဂ်စီမံကိန်းတွင် အကျိုးပြုခဲ့သော ပံ့ပိုးကူညီမှုများကို အထူးတန်ဖိုးထား ချီးကျူးခဲ့သည်။

တရုတ်-လာအိုရထားလမ်း၏ပထမဆုံးdynamic testing ရထားပေါ်မှရိုက်ကူးသောလာအိုနိုင်ငံမြောက်ပိုင်းဒေသ၏ရှုမြင်ကွင်းများအားအောက်တိုဘာ၂၀ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

Ju Guojiang သည် China Railway International Co., Ltd. ၏ အမှုဆောင်ဒါရိုက်တာနှင့် Lao China Railway Co., Ltd. ၏ ဥက္ကဋ္ဌအဖြစ် တက်ရောက်ခဲ့ပြီး ကုမ္ပဏီနှစ်ခုကိုယ်စား ဆုတံဆိပ်ကို လက်ခံရယူခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံရှိ တရုတ်-လာအို ရထားလမ်းစီမံကိန်း၏ ဗီယင်ကျန်းဘူတာကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း၊ ရထားလမ်း စုစုပေါင်းအရှည် ၁,၀၃၅ ကီလိုမီတာဖြင့် တရုတနိုင်ငံကူမင်းမြို့ နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တို့ကို ဆက်သွယ်ပေးကာ ရထားလမ်းကြောင်း တစ်လျှေက်လုံးသည် တရုတ်စံနှုန်းများကို အသုံးပြု၍ ဆောက်လုပ်ထားကြောင်း သိရသည်။

လာအိုနိုင်ငံ “အမျိုးသားပထမအဆင့် ဖွံ့ဖြိုးရေးဆုတံဆိပ်”နှင့် “အမျိုးသားပထမအဆင့် အလုပ်သမားဆုတံဆိပ်” သည် လာအိုနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော အဖွဲ့အစည်းများနှင့် ထူးချွန်လုပ်သားများအား လာအိုအစိုးရမှ ပေးအပ်ချီးမြှင့်သော အမြင့်ဆုံးအဆင့် ဂုဏ်ထူးဆောင်ဆုများဖြစ်ပြီး ကြောင်းသိရသည်။ (Xinhua)

………………………………………….
(Chinese Version)
(国际)老挝政府表彰为中老铁路建设作出贡献的企业

新华社万象12月1日电(记者章建华)老挝政府12月1日在首都万象国家会议中心举行授勋仪式,向中国国家铁路集团有限公司授予“国家一级发展勋章”,向老中铁路有限公司授予“国家一级劳动勋章”。

在授勋仪式上,老挝人民革命党中央政治局委员、副总理、老中铁路项目指导组组长宋赛•西潘敦代表老挝政府,对中国长期以来支持老挝经济社会发展、推动老挝实现由“陆锁国”到“陆联国”的历史性转变表示真诚感谢,对中国国家铁路集团有限公司和老中铁路有限公司在建设中老铁路这一“一带一路”和中老友谊标志性工程中作出的突出贡献给予高度评价。

中国铁路国际有限公司执行董事、老中铁路有限公司董事长鞠国江出席仪式并代表两家公司接受勋章。
中老铁路于2016年12月25日全线开工,全长1035公里,连接中国昆明和老挝万象,全线采用中国标准。
老挝“国家一级发展勋章”和“国家一级劳动勋章”,是老挝政府分别向为国家发展作出突出贡献的境内外机构和劳动者颁发的最高级别荣誉。(完)