Connect with us

China

တရုတ်-လာအိုရထားလမ်း ဗိုတန်-ဗီယင်ကျန်းအပိုင်း ရထားပြေးဆွဲရန် စမ်းသပ်အဆင့်သို့ ရောက်ရှိ

တရုတ်-လာအိုရထားလမ်း၏ပထမဆုံးdynamic testing ရထားပေါ်မှရိုက်ကူးသောလာအိုနိုင်ငံမြောက်ပိုင်းဒေသ၏ရှုမြင်ကွင်းများအားအောက်တိုဘာ၂၀ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၁ရက်(ဆင်ဟွာ)

ပထမဆုံး စွမ်းအားပြည့်စမ်းသပ်မောင်းနှင်ရထားကြီး (dynamic testing) သည် တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာကြီးမှ ဗိုတန်သို့ စတင်မောင်းနှင်ထွက်ခွာလာခြင်းနှင့်အတူ တရုတ်-လာအို ရထားလမ်း ဗိုတန်-ဗီယင်ကျန်းအပိုင်းသည် ရထားပြေးဆွဲရန် စက်မှုစမ်းသပ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံ နိုင်ငံဖြတ်ကျော်ရထားလမ်း ဖွင့်လှစ်လည်ပတ်ရန်အချိန် ရောက်ရှိတော့မည့် သင်္ကေတ တစ်ခုဖြစ်ခဲ့ကြောင်း China Railway International Groupမှ သိရသည်။

တရုတ်-လာအိုရထားလမ်း၏ပထမဆုံးdynamic testing ရထားပေါ်မှရိုက်ကူးသော လာအိုနိုင်ငံမြောက်ပိုင်းဒေသ၏ရှုမြင်ကွင်းများအားအောက်တိုဘာ၂၀ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း၏ပထမဆုံးdynamic testing ရထားပေါ်မှရိုက်ကူးသော လာအိုနိုင်ငံမြောက်ပိုင်းဒေသ၏ရှုမြင်ကွင်းများအားအောက်တိုဘာ၂၀ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း၏ပထမဆုံးdynamic testing ရထားပေါ်မှရိုက်ကူးသော လာအိုနိုင်ငံမြောက်ပိုင်းလွမ်ပရာဘွမ်မြို့ဆင်ခြေဖုံး၏ရှုမြင်ကွင်းများအားအောက်တိုဘာ၂၀ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း၏ပထမဆုံးdynamic testing ရထားပေါ်မှရိုက်ကူးသော လာအိုနိုင်ငံမြောက်ပိုင်းဒေသ၏ရှုမြင်ကွင်းများအားအောက်တိုဘာ၂၀ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရထားလမ်းမလည်ပတ်မီdynamic testing စမ်းသပ်မှုသည် အရေးကြီးသည့်ကွင်းဆက်တစ်ခုဖြစ်ပြီး Engineering Staticsအရည်အသွေးပြည့်မီကြောင်း စမ်းသပ်လက်ခံပြီးနောက် ရထားနှင့်သက်ဆိုင်ရာ စက်ပစ္စည်းများ စမ်းသပ်ခြင်းဖြစ်ရာ မြန်နှုန်းစမ်းသပ်မှုတွင် လမ်းကြောင်းတစ်လျှောက်ရှိ စနစ်အသီးသီးအား ဘက်စုံစမ်းသပ်ခြင်း ဖြစ်သည်။ အဆိုပါစမ်းသပ်မှုတွင် အဓိကအားဖြင့် ရထားလမ်းကြောင်း၏ဂျီဩမေထရီ၊ လျှပ်စစ်ဆွဲအားပံ့ပိုးမှု၊ ဆက်သွယ်ရေးအချက်ပြစနစ်၊ ခရီးသည်နှင့်ကုန်ပစ္စည်းဝန်ဆောင်မှု၊ အသံတုန်ခါမှုနှင့် လျှပ်စစ်သံလိုက်ပတ်ဝန်းကျင်စသည်တို့ ပါဝင်ကြောင်း သိရသည်။

ယခုအကြိမ်dynamic စမ်းသပ်မှုကို China Academy of Railway Sciences Corporation Limitedမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး စမ်းသပ်ကာလ ၁၈ ရက်ကြာမည်ဟု ကြိုတင်ခန့်မှန်းရကြောင်း လာအို-တရုတ် ရထားလမ်း ကုမ္ပဏီ တာဝန်ရှိသူက မိတ်ဆက်ပြောကြားခဲ့သည်။ China Academy of Railway Sciences Corporation Limitedသည် တရုတ်နိုင်ငံတွင် တစ်ခုတည်းသော ရထားလမ်းတည်ဆောက်မှုစီမံကိန်းdynamic testing ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းဖြစ်သည်။

စမ်းသပ်စစ်ဆေးရေးလုပ်ငန်းများ လုံခြုံအဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လာအို-တရုတ်ရထားလမ်းကုမ္ပဏီသည် China Railway Group ပညာရှင်အဖွဲ့၏ ဦးဆောင်မှုဖြင့် လာအို-တရုတ်ရထားလမ်းကုမ္ပဏီ၊ China Academy of Railway Sciences Corporation Limited၊ China Railway Kunming Groupစသည့်တို့က dynamic testing မြေပြင်ညွှန်ကြားရေးအဖွဲ့ ဖွဲ့စည်းပြီး အသေးစိတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
中老铁路磨万段进入动态检测阶段
2021-10-20 17:47:17
新华社北京10月20日电(记者樊曦)记者从中国铁路国际有限公司获悉,20日,随着首趟动态检测列车从中老铁路万象站出发驶向磨丁方向,中老铁路磨(磨丁)万(万象)段进入动态检测阶段,标志着这条连接中老两国的跨国铁路通道进入开通运营倒计时。
动态检测是铁路开通运营前的重要环节,是工程静态验收合格后,采用检测列车和相关检测设备,在规定测试速度下对全线各系统进行的综合测试。检测项目主要包括轨道几何状态、电力牵引供电、通信信号系统、客货动力学、噪声振动与电磁环境等。
据老中铁路公司有关负责人介绍,此次动态检测由中国铁道科学研究院集团有限公司负责实施,预计检测时间为18天。中国铁道科学研究院集团有限公司是中国境内唯一一家具有铁路建设项目动态检测资质的企业。
为确保此次动态检测工作安全顺利实施,老中铁路公司在中国国家铁路集团有限公司专家组的指导下,牵头成立由老中铁路公司、中国铁道科学研究院集团有限公司、中国铁路昆明局集团有限公司等单位组成的动态检测现场指挥部,具体负责动态检测的组织实施和安全保障。(完)
图说1:这是10月20日在中老铁路首趟动态检测列车上拍摄的老挝北部景致。路通道进入开通运营倒计时。新华社发(唐莹摄)
图说2,3:这是10月20日在中老铁路首趟动态检测列车上拍摄的老挝北部景致。新华社发(凯乔摄)
图说4:这是10月20日在中老铁路首趟动态检测列车上拍摄的老挝北部古城琅勃拉邦北郊。新华社发(凯乔摄)
图说5:这是10月20日在中老铁路首趟动态检测列车上拍摄的老挝北部景致。新华社发(凯乔摄)