Connect with us

CHINA

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အားဖြည့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုစတင်၊ လက်ရှိတွင် အဓိက လူအုပ်စုများအား ဦးတည်ထိုးနှံပေးမည်ဖြစ်

တရုတ်နိုင်ငံ ပေကျင်းမြို့ စာသင်ကျောင်းတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဩဂုတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၁ရက်(ဆင်ဟွာ)

ကိုယ်ခံအား အတားအဆီး ပိုမို ခိုင်မာစေဖို့ လက်ရှိ တရုတ်နိုင်ငံ ပေကျင်းမြို့ ဒေသအသီးသီးတွင် အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်လျက်ရှိကြောင်း သိရသည်။ လက်ရှိအဆင့်တွင် ရောဂါကူးစက်ပြန့်ပွားနိုင်မှုအန္တရာယ်မြင့်မားသည့် အဓိက လူအုပ်စုများကို ဦးတည်၍ လုပ်ငန်းဌာနအသီးသီးမှတစ်ဆင့် တစ်စုတစ်စည်းတည်း ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ စာသင်ကျောင်းတစ်ခုတွင် ကာကွယ်ဆေးထိုးနှံရန် တန်းစီစောင့်ဆိုင်းနေသည့် ကျောင်းသားကျောင်းသူများအား ဩဂုတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ စာသင်ကျောင်းတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနေသည်ကို ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာကွယ်ဆေးထိုးနှံထားသည့်အချိန်ကြာလာသည်နှင့်အမျှ အချို့ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ကိုယ်ခံအားလျော့နည်းလာခြင်းကြောင့် အားဖြည့်ကာကွယ်ဆေးထိုးနှံရခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးတွဲစနစ်၏တောင်းဆိုချက်အရ ပေကျင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီး ၆ လပြည့်သည့် အသက် ၁၈ နှစ်နှင့်အထက် လူအုပ်စုများကို အားဖြည့်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပထမဆုံး ရောဂါကူးစက်မှုအန္တရာယ်မြင့်မားသည့် အဓိကလူအုပ်စုများကို ဦးတည်၍ လုပ်ငန်းဌာနအသီးသီးမှတစ်ဆင့် တစ်စုတစ်စည်းတည်း ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးလျက်ရှိရာ နယ်စပ်ဂိတ်၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံတကာလမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ အကျဉ်းထောင်စသည့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် ပြည်ပသို့ ထွက်ခွာမည့်လူအုပ်စုများ ပါဝင်သလို ပြည်သူ့လုံခြုံရေး၊ မီးသတ်၊ အရေးပေါ်၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ အအေးဖြင့်ထိန်းသိမ်းရသည့်စားသောက်ကုန်၊ အမြန်ချောပို့လုပ်ငန်း၊ ဘိုးဘွားရိပ်သာ၊ စိတ်ကျန်းမာရေးစောင့်ရှောက်မှုဂေဟာ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး စသည့် လူမှုရေးအခြေခံလည်ပတ်ရန် ဆောင်ရွက်နေသည့် လူအုပ်စုများ၊ ရေမီး၊ အနွေးဓါတ်၊ကျောက်မီးသွေး၊ ဓါတ်ငွေ့စသည့် အခြေခံ စားဝတ်နေရေးပံ့ပိုးပေးနေသည့် နေရာများတွင် အလုပ်လုပ်ကိုင်သည့် လူအုပ်စုများ၊ ပညာရေး၊ဝန်ဆောင်မှု၊ ထုတ်လုပ်မှုနှင့် လုပ်သားအင်အားအများအပြားတစ်စုတစ်စည်းတည်းလုပ်ကိုင်ရသော လုပ်ငန်းများမှ လူအုပ်စုများ၊ ကာကွယ်ဆေးထိုးနှံနိုင်ပြီး ထိုးနှံရန်လိုအပ်သည့် အသက် ၆၀ နှင့်အထက် အသက်ကြီးရွယ်အိုများ ပါဝင်ကြောင်းသိရသည်။ ထို့အပြင် အခမ်းအနားကြီးများအတွက် ပါဝင်ဆောင်ရွက်သူများ၊ ဥပမာ ဆောင်းရာသီအိုလံပွဲ၊ ဆောင်းရာသီ မသန်စွမ်းသောသူများ အိုလံပစ်အားကစားပွဲစသည်တို့တွင် ပါဝင်ဆောင်ရွက်မည့်သူများ ၊ အဓိကနေရာများတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကိုယ်ခံအားမြှင့်တင်ရန်လိုအပ်သည့် သက်ဆိုင်ရာလူအုပ်စုများ ဥပမာ ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်း၊ ကွာရန်တင်းစင်တာ၊ လေဆိပ်၊ ပြပွဲခန်းမနေရာများရှိ ပြည်သူများအား အားဖြည့်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပေကျင်းမြို့တွင် အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် အသုံးပြုမည့် ကာကွယ်ဆေးများသည် Sinopharm Zhongsheng (Beijing) ၊ Beijing Sinovac Biotech Ltd၏ Inactivated vaccinesနှင့် Tianjin CanSino Biologics ၏ adenoviral vector vaccines ကာကွယ်ဆေးများဖြစ်ကြောင်း သိရသည်။ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီး ၆ လကြာပြီးနောက် အားဖြည့်ကာကွယ်ဆေးထိုးနှံရန် ရွေးချယ်နိုင်ရာ အခြေခံအားဖြင့် ထိုးနှံပြီးသည့် မူလ ကာကွယ်ဆေးကို အားဖြည့်အနေဖြင့် ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးအစားတူ Inactivated vaccines နှစ်ကြိမ်ထိုးနှံထားသည့် လူအုပ်စုသည် အခြေခံအားဖြင့် မူလ ထိုးနှံဖူးသည့် Inactivated vaccines နောက်ထပ်တစ်လုံးကို ထိုးနှံပြီး ကိုယ်ခံအားတိုးမြှင့်ရမည်ဖြစ်ကြောင်း၊ အမျိုးအစားမတူသည် Inactivated vaccines နှစ်ကြိမ်ထိုးနှံထားသူ လူအုပ်စုများက အခြေခံအားဖြင့် ဒုတိယအကြိမ်ထိုးနှံသည့် Inactivated vaccinesနှင့်တူညီသောဆေးကို ဦးစားပေး ထိုးနှံရမည်ရာ အကယ်၍ ယင်းကာကွယ်ဆေးမျိုးမရရှိပါက ပထမတစ်လုံးနှင့်အမျိုးအစားတူ ကာကွယ်ဆေးကို ထိုးနှံနိုင်ကြောင်း ၊ adenoviral vector vaccinesထိုးနှံထားသူအုပ်စုများက မူလကာကွယ်ဆေးကို ထပ်မံထိုးနှံ အားဖြည့်နိုင်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
北京启动新冠疫苗加强免疫接种现阶段针对重点人群开展
2021/10/21 07:28:20 来源:北京日报

为进一步加固免疫屏障,本市各区目前已启动新冠疫苗加强免疫接种,提供“加强针”服务。现阶段首先针对感染和疾病传播风险高的重点人群开展,通过各行业、各单位集中组织进行接种。
接种疫苗后,随着时间延长,部分受种者对病毒免疫力下降,因此需接种加强针。按照国务院联防联控机制要求,本市在全程接种新冠疫苗满6个月的18岁及以上人群中实施加强免疫接种。现阶段首先针对感染和疾病传播风险高的重点人群开展,通过各行业、各单位集中组织进行接种。包括感染和疾病传播风险高的重点人群,如边境口岸、海关、移民、国际交通、医疗卫生、监所相关人员及出国人员等人群,公安、消防、应急、交通、物流(含冷链)、冷链食品、邮政快递、养老、精神卫生福利、环卫等维持社会基本运行人群,水、电、暖、煤、气等基本生活物资供应保障关键岗位职业人群,教育行业、服务业、制造业和劳动密集型行业从业者等人群,符合接种条件且有接种需要的60岁及以上老年人等;重大活动保障及参与人员,如冬奥会、冬残奥会及其他重大活动保障人员、参与人员;重点区域需配合疫情防控加强免疫的相关人群,如疫苗生产企业、集中隔离点、机场、大型会展场所等。
市民原则上在首剂或第二剂接种所在区进行加强针的接种,优先开展接种的重点人群按有关行业部门的统一安排进行接种。各区加强免疫接种点可在市疾控中心网站查询。本市对其他符合接种条件且有接种需要的人群提供加强免疫服务。符合接种条件、确有接种需求的一般人群,可通过单位组织、所在社区、接种点登记、预约,进行加强免疫接种。
热点回应
哪些疫苗可“加强”?需间隔多久?
当前本市可用于实施加强免疫接种的疫苗有国药中生北京公司、北京科兴公司的灭活疫苗和天津康希诺公司的腺病毒载体疫苗。市民在完成新冠疫苗全程接种6个月后才能选择接种“加强针”,原则上使用已接种过的原疫苗进行加强免疫。
使用同一种灭活疫苗完成两剂次接种的人群,原则上使用原灭活疫苗进行1剂次加强免疫;使用不同灭活疫苗完成两剂次接种的人群,原则上优先使用与第二剂灭活疫苗相同的疫苗,如遇第二剂相同疫苗无法继续供应等情况,可使用与第一剂灭活疫苗相同的疫苗进行1剂次加强免疫;使用腺病毒载体疫苗接种的人群,使用原疫苗进行加强免疫。(记者孙乐琪杨绪军)
图说1:8月21日,在北京市育英学校航天校区,医护人员为学生接种新冠疫苗。新华社记者任超摄
图说2: 8月21日,在北京市育英学校航天校区,学生排队准备接种新冠疫苗。新华社记者任超摄
图说3:8月21日,学生在北京市育英学校航天校区接种新冠疫苗。新华社记者任超摄