Connect with us

ASEAN

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော နိုင်ငံနှင့်ဒေသအချို့က ခရီးသွားများအား တရားဝင် တံခါးဖွင့်လှစ်ပေးလိုက်ပြီဖြစ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးဆောင်အိတ်ယူဆောင်နေသည့် ခရီးသွားတစ်ဦးအား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

တစ်နှစ်ခွဲနီးပါးကြာကာလအပြီး ထိုင်းနိုင်ငံသည် နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံနှင့်ဒေသ ၆၃ ခုက ကိုဗစ်ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသည့် ခရီးသွားများအား ကွာရန်တင်းမလိုဘဲ တရားဝင်ပြည်ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုလုပ်ဆောင်ချက်က စီးပွားရေးပြန်လည်နိုးထရန်အတွက် တစ်ဆင့်ကူညီအားဖြည့်နိုင်လိမ့်မည်ဟု ထိုင်းနိုင်ငံအစိုးရက ခန့်မှန်းထားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် သန့်ရှင်းရေးလုပ်နေသည့် ဝန်ထမ်းတစ်ဦးက နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာသော ခရီးသွားများအား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာသော ခရီးသွားများအား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးသွားများအား ကြိုဆိုနေသည့် ဝန်ထမ်းများအား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့တွင် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရှိ သု၀ဏ္ဏဘူမိလေဆိပ်ကို ဆိုက်ရောက်သည့် နိုင်ငံတကာလေကြောင်းလိုင်းများမှ လေယာဉ် အခေါက်ရေ ၆၁ ကြိမ်ရှိကြောင်း ၊ ၎င်းတို့တွင် ခရီးသည်တင်လေယာဉ် အစီး ၄၀ ပါဝင်ပြီး ခရီးသွား ၃,၀၀၀ ကျော်ခန့် ကိုကြိုဆို လက်ခံခဲ့ရာ ၂,၃၀၀ ဦးမှာ နိုင်ငံခြားသားခရီးသွားများဖြစ်ကြောင်း လေဆိပ်မန်နေဂျာ တစ်ဦးက ဆိုသည်။

အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိတွင် ခရီးသွား ၁၅,၂၃၀ ဦးသည် လေကြောင်းကုမ္ပဏီ ၂၇ ခုမှ လေယာဉ်ခရီးစဉ်များဖြင့် သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာမည်ဟု ထိုင်းမြို့ပြလေကြောင်းအာဏာပိုင်များက ကြိုတင်ခန့်မှန်းထားသည်။

ယခုနှစ် နိုဝင်ဘာလမှ လာမည့်နှစ် မတ်လအထိ ခရီးသွား ၁ သန်း ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွက် ခရီးသွားဝင်ငွေ ဘတ် ၆၀ ဘီလီယံရရှိနိုင်မည်ဟု ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်များက ခန့်မှန်းထားသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရန် ထိုင်းနိုင်ငံအစိုးရက နိုင်ငံခြားခရီးသွား ပြည်ဝင်ခွင့်ကို တားမြစ်ခဲ့ရာ ထိုဆောင်ရွက်မှုသည် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းနှင့်စီးပွားရေးအား အထိနာစေခဲ့သည်။ ယခုနှစ် ဇူလိုင်လတွင် ထိုင်းနိုင်ငံသည် ဖူးခက်ကျွန်းကို သရုပ်ပြဇုန်အဖြစ်ထားရှိကာ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားခြင်း စသည့်သတ်မှတ်ချက်များနှင့်ကိုက်ညီသူခရီးသွားများအား ကွာရန်တင်းဝင်ရန်မလိုဘဲ ပြည်ဝင်ခွင့်ပြုခဲ့သလို ခရီးသွားများအနေဖြင့် ဖူခက်ကျွန်းတွင် ၁၄ ကြာ နေထိုင်ပြီး ကိုဗစ်စစ်ဆေးမှု Negativeဖြစ်ပါက ထိုင်းနိုင်ငံအခြားနေရာများသို့ သွားလာနိုင်ကြောင်း သိရသည်။ ထိုဆောင်ရွက်မှုကို နောက်ထပ်နာမည်ကျော်ခရီးသွားနေရာတစ်ခုဖြစ်သည့် ကော့စမွီကျွန်းတွင်လည်းဆောင်ရွက်ခဲ့ပြီး ပိုမိုများပြားသည့် နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)泰国正式对部分国家和地区完整接种新冠疫苗旅客开放
2021-11-01 23:21:01
新华社曼谷11月1日电(任芊 宋宇)时隔近一年半,泰国11月1日起正式接受来自63个国家和地区完整接种新冠疫苗的旅客免隔离入境。泰国政府预计,此举将进一步助力经济复苏。
泰国首都曼谷素万那普机场总经理吉提蓬说,当天共有61架次国际航班抵达该机场,包括40架客运班机,共迎来约3000余名旅客,其中2300名为外国旅客。
泰国民航局预计,11月1日至5日,将有15230名旅客搭乘27家不同航空公司的班机抵达素万那普机场。
泰国旅游局预计,今年11月至明年3月,泰国有望迎来100万游客,为泰国带来600亿泰铢(约合115亿元人民币)旅游收入。
2020年4月起,为防控新冠疫情,泰国政府宣布禁止外国游客入境,此举重创泰国旅游业与经济。今年7月,泰国以普吉岛为示范点,允许符合完整接种新冠疫苗等条件的旅客入境普吉岛后免除隔离,旅客在普吉岛待满14天且新冠病毒检测呈阴性方可前往泰国其他地方。这一举措随后被扩展到知名旅游地苏梅岛,以期吸引更多国际游客。(完)
图说1:11月1日,一名入境旅客在泰国曼谷素万那普机场提取行李。新华社记者 王腾 摄
图书2:11月1日,清洁工在泰国曼谷素万那普机场工作。新华社记者 王腾 摄
图说3:11月1日,入境旅客抵达泰国曼谷素万那普机场。新华社记者 王腾 摄
图说4:11月1日,入境旅客在泰国曼谷素万那普机场办理手续。新华社记者 王腾 摄
图说5:11月1日,工作人员在泰国曼谷素万那普机场等候旅客。 新华社记者 王腾 摄