Connect with us

COVID-19 UPDATES

ဂျပန်နိုင်ငံတွင် နေ့စဉ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာဦးရေသည် ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ကာလတစ်လျှောက်စံချိန်တင် လျော့နည်းလာ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေသည်ကို ဇွန် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၁ ရက်က ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးရှိကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ကာလတစ်လျှောက်ပထမဆုံးအကြိမ် နေ့စဉ်ထပ်တိုးလူနာ ၁၀၀ အောက် ကျဆင်းခဲ့ခြင်းဖြစ်ရာ အတည်ပြုလူနာ စုစုပေါင်း ၁,၇၂၂,၆၀၃ ဦးရှိပြီး ထပ်တိုးသေဆုံးသူ ၇ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၁၈,၂၇၄ ဦးရှိကြောင်း NHK ရုပ်သံ၏စာရင်းများအရ သိရသည်။

တိုကျိုမြို့တွင် နိုင်ဝင်ဘာ ၁ ရက်က ထပ်တိုးအတည်ပြုလူနာ ၉ ရှိရာ ၎င်းမှာ ၁၇ လကြာ ကာလအပြီး နေ့စဉ်ထပ်တိုးအတည်ပြုလူနာဦးရေသည် ခုဂဏန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကိန်းဂဏန်းများအရ သိရသည်။

နိုဝင်ဘာ ၁ ရက် အထိ ဂျပန်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စုစုပေါင်း အကြိမ်ရေ ၁၈၉ သန်း ရှိရာ လူဦးရေ၏ ၇၇.၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံထားပြီး ၇၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးဖြစ်ကြောင်း ဂျပန်အစိုးရ၏စာရင်းများအရ သိရသည်။

ဂျပန်၌ ယခုကာလများတွင် ကပ်ရောဂါအခြေအနေ များစွာကောင်းမွန်မှုရှိလာခဲ့သည်။ ဩဂုတ်လလယ်နှင့်လကုန်ပိုင်း၌ နေ့စဉ်ထပ်တိုးလူနာဦးရေ ၂၅,၀၀၀ကျော်ရှိရာမှ စက်တင်ဘာလကုန်ပိုင်းတွင် ထပ်တိုးလူနာ ၂,၀၀၀ အထိ လျင်မြန်စွာ ကျဆင်းခဲ့သလို အောက်တိုဘာလနောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် ထပ်တိုးလူနာဦးရေး ရာဂဏန်းထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၁ ရက်မှစပြီး နိုင်ငံတစ်ဝန်းဒေသအများအပြားတွင် အရေးပေါ်အခြေအနေ ပယ်ဖျက်ပေးခဲ့သည်။

ပြည်သူလူထုနှင့်ဆောင်ရွက်သူတို့၏ ကပ်ရောဂါ မူဝါဒများအပေါ်တွင် ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားလာခြင်းစသည်တို့က အရေးပေါ်အခြေအနေ ဖျက်သိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကူးစက်လူနာ ဆက်တိုက် လျော့နည်းလာသည့် အကြောင်းအရင်း ဖြစ်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ကိုဗစ်ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ မူဝါဒအကြံပေးကော်မတီ၏ နောက်ဆုံး စီရင်ခံစာတွင် ဖော်ပြထားသည်။ အခြားတစ်ဖက်တွင်လည်း အချို့ဒေသများတွင် ညအချိန် အပြင်ထွက်သူများပြားလာမှုများ ရှိခြင်းကြောင့် ကော်မတီအနေဖြင့် ကူးစက်သူဦးရေ လျော့နည်လာမှုအရှိန် လျော့နည်းရပ်တန့်သွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဆိုသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)日本日增新冠确诊病例降至去年6月以来新低
2021-11-01 22:54:03
新华社东京11月1日电(记者华义)据日本广播协会电视台统计,日本1日新增新冠确诊病例86例,是去年6月底以来首次单日新增低于100例,累计确诊病例1722603例;新增死亡7例,累计死亡18274例。
统计数据还显示,东京都1日新增确诊病例9例,时隔约17个月单日新增确诊病例降至个位数。
另据日本政府统计,截至1日,日本新冠疫苗接种总数超过1.89亿剂次,77.5%的人口至少接种了一剂疫苗,72%的人口接种了两剂疫苗。
日本近来疫情大幅好转,从8月中下旬单日新增超2.5万例到9月底以来快速下降到日增一两千例,进入10月以后更是连日下降到日增数百例。10月1日起日本解除了在全国多个地区实施的紧急状态。
日本厚生劳动省新冠病毒感染症对策咨询委员会最新报告分析称,民众和经营者对疫情对策的合作、疫苗接种率的提高等使得紧急状态解除后全国范围的新增感染病例数持续减少。另一方面,由于一些地区夜间外出活动人数增加等,委员会也担心感染人数的降速会出现减缓或停止。(完)
图说1:6月9日,一名医护人员在日本东京进行新冠疫苗接种准备工作。新华社/美联