Connect with us

ASEAN

မလေးရှားတွင် ကပ်ရောဂါအခြေအနေ ဆိုးဝါးလာမှုကြောင့် တစ်နိုင်ငံလုံး ဘက်စုံ Lockdown ချမှတ်မည်ဟုဆို

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတစ်နေရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Lockdown ချထားသည့် ရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ မေ ၂၉ ရက် (ဆင်ဟွာ)

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေ ဆိုးဝါးလာမှုကြောင့် ဇွန် ၁ ရက်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဘက်စုံ Lockdown ချမှတ်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း မလေးရှား အစိုးရက မေ ၂၈ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတစ်နေရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Lockdown ချထားသည့် ရပ်ကွက်၌ ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေးပြောကြားနေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတစ်နေရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Lockdown ချထားသည့် ရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတစ်နေရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Lockdown ချထားသည့် ရပ်ကွက်အား မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတစ်နေရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Lockdown ချထားသည့် ရပ်ကွက်၌ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူများနှင့် ဆွေးနွေးပြောကြားနေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးတစ်နေရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် Lockdown ချထားသည့် ရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည်ကို မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ မေ ၂၈ ရက်က ထုတ်ပြန်သည့် ကပ်ရောဂါကိန်းဂဏန်းများအရ ယင်းနေ့ နေ့လည် ၁၂ နာရီအထိ ပြီးခဲ့သည့် (၂၄)နာရီအတွင်း နေ့စဉ်ထပ်တိုးလူနာဦးရေအများဆုံးစံချိန်အဖြစ် (၈,၂၉၀)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၅၄၉,၅၁၄) ဦး၊ ထပ်တိုးသေဆုံးလူနာ (၆၁) ဦးနှင့် စုစုပေါင်းသေဆုံးသူ (၂,၅၅၂) ဦး ရှိကြောင်း သိရသည်။

ယခုကာလတွင် မလေးရှား၏ နေ့စဉ်ထပ်တိုးလူနာနှင့် သေဆုံးလူနာအရေအတွက်မှာ အဆက်မပြတ်မြင့်တက်လျက်ရှိပြီး နိုင်ငံအတွင်း ကူးစက်အားကောင်းသည့် ဗီဇပြောင်းဗိုင်းရပ်စ် ထွက်ပေါ်နေကြောင်း၊ ဆေးရုံများ၌ ကိုဗစ်-၁၉ လူနာလက်ခံကုသမှုဝန်ဖိအား များပြားလာခြင်းကြောင့် အစိုးရအနေဖြင့် မဖြစ်မနေ ဘက်စုံ Lockdown အစီအမံများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်ရုံး၏ မေ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပထမကာလ ဘက်စုံ Lockdown အစီအမံများကို ဇွန် ၁ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်မည်ဖြစ်ရာ ယင်းကာလအတွင်း ဝန်ဆောင်မှုလုပ်ငန်းများမှလွဲ၍ လူမှုစီးပွားလှုပ်ရှားမှုများကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ၊ ထို့နောက် နေ့စဉ်ထပ်တိုးလူနာဦးရေ ကျဆင်းလာပါက ရက်သတ္တပတ် (၄)ပတ်ကြာ ဒုတိယကာလ Lockdown နည်းလမ်းများ ဆောင်ရွက်မည်ဖြစ်ရာ ယင်းကာလတွင် အချို့လှုပ်ရှားမှုကန့်သတ်ချက်များကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ အကယ်၍ ကပ်ရောဂါကို တစ်ဆင့်ထပ်မံ ထိန်းချုပ်နိုင်မည်ဆိုပါက “အသွားအလာကန့်သတ်မိန့်” ချမှတ်ကာ စီးပွားရေးလှုပ်ရှားမှုများကို ရောဂါကာကွယ်ရေးအစီအမံများနှင့်အညီ ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ ရောဂါကာကွယ်ထိန်းချုပ်ရေးမူဝါဒများကို ကျန်းမာရေးဝန်ကြီးဌာနက သုံးသပ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၂၅ ရက်မှစ၍ ကပ်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မလေးရှားအစိုးရက တစ်ဆင့်တိုးတင်းကြပ်မှုများ ပြုလုပ်ခဲ့ရာ လုပ်ငန်းဆိုင်ခန်းအများစုကို မနက် ၈ နာရီမှ ည ၈ နာရီအတွင်းသာ ဖွင့်လှစ်ဆောင်ရွက်ခွင့် ပြုထားပြီး အများသုံးဘတ်စ်ကား ခရီသည်တင်ဆောင်မှုကို (၅၀)ရာခိုင်နှုန်းဖြင့် အကြိမ်ရေလျှော့ချပြေးဆွဲခွင့်ပြုထားကာ အစိုးရဝန်ထမ်း(၈၀) ရာခိုင်နှုန်းနှင့် ကုမ္ပဏီဝန်ထမ်း (၄၀)ရာခိုင်နှုန်းအား အိမ်တွင်သာ အလုပ်လုပ်ကိုင်စေကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)疫情形势严峻 马来西亚宣布实施全国“全面封锁”
2021-05-28 23:18:55
新华社吉隆坡5月28日电(记者林昊 郁玮)马来西亚政府28日晚间宣布,鉴于国内新冠疫情形势严峻,决定从6月1日开始在全国范围内实施“全面封锁”,暂停经济和社会活动。
马来西亚卫生部28日公布的疫情数据显示,截至当天中午12时,该国过去24小时新增新冠确诊病例8290例,创下单日新增确诊病例数新高,累计549514例;新增死亡61例,累计2552例。
马来西亚总理府28日晚发表声明说,现阶段马来西亚单日新增病例、死亡病例数不断上升,国内出现了传染性更强的变异病毒,医院收治新冠患者的压力正在增大,迫使政府采取“全面封锁”措施。
首阶段“全面封锁”将于6月1日至14日实施,届时除必要服务部门外,暂停经济和社会活动;此后如果单日新增病例呈下降趋势,则实施为期4周的第二阶段“封锁”,届时将放开部分活动限制;如果疫情进一步得到控制,政府将恢复实施现阶段的“行动管制令”,即允许经济活动在遵守防疫规定前提下进行。防控政策将根据卫生部的风险评估决定。
5月25日以来,马来西亚政府已进一步收紧防疫措施,要求大部分商家营业时间限制在8时至20时之间,公共交通以50%载客量运营并减少班次,80%的政府公务员和40%的企业员工居家办公。(完)

图说1:5月28日,士兵在马来西亚吉隆坡市郊一处因新冠疫情被封锁的小区执勤。 新华社发(张纹综摄)
图说2:5月28日,警察在马来西亚吉隆坡市郊一处因新冠疫情被封锁的小区与居民交谈。新华社发(张纹综摄)
图说3:5月28日,士兵在马来西亚吉隆坡市郊一处因新冠疫情被封锁的小区巡逻。新华社发(张纹综摄)
图说4:这是5月28日拍摄的马来西亚吉隆坡市郊一处因新冠疫情被封锁的小区。新华社发(张纹综摄)
图说5:5月28日,警察和士兵在马来西亚吉隆坡市郊一处因新冠疫情被封锁的小区与居民交谈。新华社发(张纹综摄)
图说6: 5月28日,士兵在马来西亚吉隆坡市郊一处因新冠疫情被封锁的小区巡逻。 新华社发(张纹综摄)