Connect with us

COVID-19 UPDATES

ရုရှားနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၀ သန်း ကျော် ရှိလာ

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင် နှာခေါင်းစည်းတပ် သွားလာနေသူများအား ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၀ သန်းကျော်ရှိပြီဖြစ်ကြောင်း ရုရှား ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့ လမ်းမပေါ်တွင် နှာခေါင်းစည်းတပ် သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ လမ်းမပေါ်တွင် နှာခေါင်းစည်းတပ် သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့ဆင်ခြေဖုံးရှိ ဆေးရုံတစ်ခုတွင် ဆေးဝန်ထမ်းတစ်ဦးက ကိုဗစ်လူနာ ရွှေ့ပြောင်းပေးရန် ပြင်ဆင်နေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ မောင်စကိုမြို့ ဆင်ခြေဖုံးရှိ ဆေးရုံတစ်ရုံ၏ပြင်ပမြင်ကွင်းအား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှား”Gamalea” ကူးစက်ရောဂါနှင့်အဏုဇီဝဗေဒဆိုင်ရာ အမျိုးသားသုတေသနစင်တာ ဒါရိုက်တာ Günzburgက Sputnik Vကာကွယ်ဆေး၏ အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ထိရောက်မှုကို စင်တာက စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။

ကိန်းဂဏန်းများအရ ရုရှားတွင် ဒီဇင်ဘာ ၁၂ ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၂၉,၉၂၉ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၁၀,၀၁၆,၈၉၆ ဦး၊ ထပ်တိုး သေဆုံးသူ ၁,၁၃၂ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၂၈၉,၄၈၃ ဦး ရှိကြောင်း သိရသည်။

တောင်အာဖရိကမှ ရုရှားသို့ ပြန်ရောက်လာသည့် ခရီးသည် ၁၀ ဦးတွင် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲကူးစက်သူ ၂ ဦးကို ရုရှားတွင် ပထမဆုံး တွေ့ရှိရကြောင်း ရုရှား စားသုံးသူအခွင့်အရေးကာကွယ်မှုနှင့် အများအကျိုးစီးပွား ကြီးကြပ်ရေးဌာနက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။ Günzburgက ရုရှား”Gamalea” ကူးစက်ရောဂါနှင့်အဏုဇီဝဗေဒဆိုင်ရာ အမျိုးသားသုတေသနစင်တာက အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲနမူနာ ထုတ်ယူပြီးဖြစ်ရာ Sputnik Vကာကွယ်ဆေး၏ အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ်ထိရောက်မှုကို စစ်ဆေးစမ်းသပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်အထိ ရုရှားတစ်နိုင်ငံလုံးတွင် ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံထားသူ အနည်းဆုံး ၇၄.၁၂ သန်းခန့်ရှိပြီး လူပေါင်း ၆၇.၂၆ သန်းမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်Tatyana Golikovaက ဆိုသည်။ ကာကွယ်ဆေးထိုးနှံမှုနှုန်းကို မလျော့နည်းစေသင့်ကြောင်း ထိုမတိုင်မီ ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)
…………………………………………..
(Chinese Version)

(国际疫情)俄罗斯累计新冠确诊病例超1000万例
2021-12-12 19:49:38
新华社莫斯科12月12日电(记者黄河)俄罗斯防疫指挥部12日发布的疫情数据显示,俄罗斯累计新冠确诊病例超过1000万例。俄“加马列亚”流行病与微生物学国家研究中心主任金茨堡当天表示,该中心将检验俄“卫星V”疫苗针对奥密克戎毒株的有效性。
数据显示,俄罗斯12日新增新冠确诊病例29929例,累计确诊达10016896例;新增死亡1132例,累计死亡289483例。
俄罗斯消费者权益保护和公益监督局6日表示,在从南非返回俄罗斯的10名乘客中,俄罗斯首次发现两人感染新冠变异病毒奥密克戎毒株。金茨堡12日表示,俄“加马列亚”流行病与微生物学国家研究中心已提取奥密克戎毒株样本,将检验俄“卫星V”疫苗针对奥密克戎毒株的有效性。
俄副总理戈利科娃说,截至10日,全俄约有7419万人至少接种一剂新冠疫苗;超过6726万人完成两剂疫苗接种。她此前曾表示,疫苗接种速度不应放缓。(完)

图说1:12月11日,人们戴着口罩走在俄罗斯莫斯科红场上。新华社记者 白雪骐 摄
图说2,3:12月11日,人们戴着口罩走在俄罗斯莫斯科街头。新华社发(叶甫盖尼•西尼岑摄)
图说4:12月12日,在俄罗斯莫斯科市郊科穆纳尔卡一家医院,医护人员准备运送新冠患者。 新华社发(亚历山大摄)
图说5:12月12日,救护车停在俄罗斯莫斯科市郊科穆纳尔卡一家医院外。新华社发(亚历山大摄)