Connect with us

Asia

အချိန်နှင့်တစ်ပြေးညီ ခရီးနှင်ခဲ့သည့် China Railway၏ ကျော်လွှားမှုသစ်များ

စိန်ရန်-ကျားမုစစ် မြန်နှုန်းမြင့်ရထားလမ်း ချန်ပိုင်ဆန်းတောင်-သွန်းဟွာ့လမ်းအပိုင်းတွင် ကျည်ဆန်ရထား စမ်းသပ်မောင်းနှင်နေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကိုကြိုဆိုသည့်ကာလ ၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်းအစ ကနဦးနှစ်တွင် တရုတ်နိုင်ငံ ရထားလမ်းကဏ္ဍသည် မည်သို့သော ကျော်လွှားမှုအသစ်များရရှိခဲ့သလဲ။ ၂၀၂၂ နှစ်ကို ကြိုဆိုသည့်အခါ တရုတ်နိုင်ငံ၏ရထားလမ်းကဏ္ဍတွင် မည်သို့သော ရည်မှန်းချက်မှတ်တိုင်သစ်များ ထားရှိပါလဲ။ ၂၀၂၂ ခုနှစ် ပထမဆုံး ရုံးတက်ရက်မှာပင် China State Railway Group Co., Ltd.က နှစ်ပတ်လည် လုပ်ငန်းအစည်းအဝေး ကျင်းပပြီး တရုတ်နိုင်ငံ ရထားလမ်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ခြေလှမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ရထားလမ်းသစ် ကီလိုမီတာ ၄ သောင်းကျော် ခင်းကျင်းဖောက်လုပ်ခဲ့ပြီး China Railway ကဏ္ဍသစ်များ ဖော်ဆောင်နိုင်ခဲ့

၂၀၂၁ ခုနှစ်တွင် China Railwayက နှစ်စဉ် တည်ဆောက်ရေးတာဝန် ဘက်စုံ ပြီးစီးခဲ့သည်။ တစ်နိုင်ငံလုံး ရထားလမ်းကဏ္ဍတွင် ပုံသေပိုင်ပစ္စည်း ရင်းနှီးမြုပ်နှံမှု ယွမ် ၇၄၈.၉ ဘီလီယံရှိရာ ၎င်းတို့တွင် China State Railwayက ယွမ် ၆၆၁.၆ ဘီလီယံ ပြီးစီးအောင်‌ ဆောင်ရွက်ခဲ့ပြီး ရထားလမ်းကြောင်းသစ် ၄,၂၀၈ ကီလိုမီတာ ခင်းကျင်းဖောက်လုပ်နိုင်ခဲ့ရာ ၎င်းတို့အနက် ၂,၁၆၈ ကီလိုမီတာမှာ မြန်နှုန်းမြင့်ရထားလမ်းဖြစ်သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး ရထားပြေးဆွဲသည့် ခရီးမိုင်သည် ကီလိုမီတာ ၁၅၀,၀၀၀ ကျော် ရှိရာ ၎င်းတို့အနက် မြန်နှုန်းမြင့်ရထားသည် ကီလိုမီတာ ၄၀,၀၀၀ ကျော် ရှိသည်။

တရုတ် -ဥရောပရထားပြေးဆွဲမှု အစီးရေ ၁၅,၀၀၀ ဖြင့် စံချိန်သစ်တင်

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲအတွက် ပထမဆုံး တရုတ်-ဥရောပရထားကြီး ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် တစ်နှစ်ပတ်လုံးတွင် China Railwayက တရုတ်-ဥရောပ ရထားအစီးရေ ၁၅,၀၀၀ ပြေးဆွဲခဲ့ပြီး ကွန်တိန်နာ ၁.၄၆ သန်းကို ပို့ဆောင်နိုင်ခဲ့ရာ ကာလတူထက် ၂၂ ရာခိုင်နှုန်းနှင့် ၂၉ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ရထားဦးစီးဌာနက အနောက်ဘက် ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ် ရထားပြေးဆွဲမှုကို စီမံဆောင်ရွက်ခဲ့ပြီး တစ်နှစ်အတွင်း ကွန်တိန်နာ ၅၇၀,၀၀၀ ပို့ဆောင်နိုင်ခဲ့ရာ ကာလတူထက် ၅၇.၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်။

ခရီးသည်နှင့်ကုန်စည် သယ်ယူပို့ဆောင်ရေး ကဏ္ဍနှစ်ရပ်လုံး တိုးမြှင့်လာ၊ သယ်ယူပို့ဆောင်သည့် ခရီးသည်အကြိမ်ရေ ၂.၅၃ ဘီလီယံနှင့် ကုန်တန်ချိန် ၃.၇၂ ဘီလီယံ ရှိခဲ့

၂၀၂၁ ခုနှစ်တွင် China Railway၏ ခရီးသည်ပို့ဆောင်မှုပမာဏက ပြန်လည်ကောင်းမွန်တိုးတက်လာရာ သယ်ယူပို့ဆောင်သည့် ခရီးသည်အကြိမ်ရေ ၂.၅၃ ဘီလီယံဖြင့် ကာလတူထက် ၁၆.၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ၄င်းတို့အနက် EMU ကျည်ဆန်ရထား ပို့ဆောင်မှု ခရီးသည် အကြိမ်ရေသည် ၁.၉၂ ဘီလီယံနှင့် ကာလတူထက် ၂၃.၁ ရာခိုင်နှုန်းတိုးတက်လာခဲ့သလို ကုန်စည်သယ်ယူပို့ဆောင်ရေးပမာဏသည် ၃ နှစ်ဆက်တိုက် တိုးတက်သည့် အနေအထားတွင် ထိန်းထားနိုင်ပြီး တန်ချိန် ၃.၇၂ ဘီလီယံဖြင့် ကာလတူထက် ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

နိုင်ငံတစ်ဝန်း ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုစလုံးတွင် Fuxing မြန်နှုန်းမြင့် ကျည်ဆန်ရထား အလုံးစုံ လွှမ်းခြုံနိုင်ခဲ့

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျင်ကျီးမြို့ လားဆ-လျင်ကျီး ရထားလမ်းအား ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံ တိဗက်ဒေသ၏ ပထမဆုံး EMU ရထားလမ်းဖြစ်သည့် လားဆ-လျင်ကျီး ရထားလမ်းအား ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့သည်။ ထိုအချိန်မှစကာ တိဗက်အရှေ့တောင်ဒေသ၌ ရထားလမ်းမပေါက်ဟူသော သမိုင်းကို အဆုံးသတ်နိုင်ခဲ့သလို Fuxing မြန်နှုန်းမြင့်ကျည်ဆန်ရထား နိုင်ငံတစ်ဝန်း ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခုစလုံးတွင် အလုံးစုံလွှမ်းခြုံမှုအား သမိုင်းဝင် အကောင်အထည်ဖော်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် China Railway ၏Fuxing စီးရီး ကျည်ဆန်ရထား ၁,၁၉၁ စီးထားနှင့်အတူ လုံခြုံဘေးကင်းစွာ ခရီးသွားနိုင်မှုသည် စုစုပေါင်း ကီလိုမီတာ ၁.၃၅၈ ဘီလီယံ ၊ သယ်ယူပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၁.၃၇ ဘီလီယံ ရှိခဲ့သည်။

ရာအန်း-လျင်ကျီးရထားလမ်းအပိုင်း ဘက်စုံစတင်တည်ဆောက်ခြင်းနှင့်အတူ စီချွမ်း-တိဗက်ရထားလမ်း စုစုပေါင်း အရှည် ၁,၀၁၈ ကီလိုမီတာ ရှိလာမည်ဖြစ်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စီချွမ်း-တိဗက်ရထားလမ်း ရာအန်း-လျင်ကျီးအပိုင်းကို ဘက်စုံစတင် တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် ဒုတိယ နှစ် ၁၀၀ ရည်မှန်းချက်သို့ လှမ်းချီသည့် တည်ဆောက်မှု ပြယုဂ်စီမံကိန်းအတွက် ခြေလှမ်းတစ်ရပ်ကို ခိုင်မာစွာ စတင် လျှောက်လှမ်းခြင်း ဖြစ်သည်။
စီချွန်း-တိဗက် ရထားလမ်း ရာအန်း-လျင်ကျီးအပိုင်း တည်ဆောက်မှုသည် ချိန်တူး-ရာအန်း ရထားလမ်း ရာအန်းဘူတာမှ အစပြုပြီး လားဆ-လျင်ကျီးရထားလမ်း လျင်ကျီးဘူတာကို ချိတ်ဆက်မည်ဖြစ်ရာ ရထားလမ်းတစ်ခုလုံး၏ စုစုပေါင်းအရှည်သည် ၁,၀၁၈ ကီလိုမီတာ ရှိမည်ဖြစ်သည်။

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်း “တစ်လ”ကြာ အချိန်ကာလအတွင် သယ်ယူပို့ဆောင်မှု ခရီးသည် အကြိမ်ရေ ၆၇၀,၀၀၀ ရှိလာခဲ့

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား(တိုင်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့တွင်း တရုတ်-လာအိုရထားလမ်း၌မောင်းနှင်နေသည့် ရထားကြီးအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

2021 ခုနှစ် ဒီဇင်ဘာ ၃ ရက်က တရုတ်-လာအို ရထားလမ်းအား ဖွင့်လှစ်ပြေးဆွဲခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ တရုတ်-လာအိုရထားလမ်း သယ်ယူပို့ဆောင်မှု ခရီးသည် အကြိမ်ရေ ၆၇၀,၀၀၀၊ ကုန်စည် တန်ချိန် ၁၇၀,၀၀၀ ရှိရာ မျက်စိလင်းစေမည့် တောက်ပသည့်အောင်မှတ်ကို ရရှိခဲ့သည်။
တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်းအရှည်သည် ၁,၀၃၅ ကီလိုမီတာ ရှိရာ မြောက်ဘက် ကူမင်းမြို့မှအစပြုပြီး တရုတ်နိုင်ငံ မိုဟန်ရထားနယ်စပ်ဂိတ်နှင် လာအိုနိုင်ငံ ဘိုဒင်ရထားနယ်စပ်ဂိတ်ကို ဖြတ်သန်း၍ လာအိုနိုင်ငံမြောက်ပိုင်းဒေသများမှတစ်ဆင့် မြို့တော် ဗီယင်ကျန်းအထိ ရောက်ရှိနိုင်သည်။

တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူးတာ ရင်ပြင်တွင် ခရီးသွားများ အမှတ်တရ ဓါတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကျေးလက်တောရွာ ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်သည့် “အနှေးရထား” ပို့ဆောင်မှု ခရီးသည် အကြိမ်ရေ သန်းပေါင်း ၁၇၀ ရှိ

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရှီတယ်ခရိုင် ဝါအော်စာသင်ကျောင်း ကျောင်းသားကျောင်းသူလေးများ ရထားစီး အိမ်ပြန်နေကြသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ်က တရုတ်တစ်နိုင်ငံလုံးတွင် “အနှေးရထား”ပို့ဆောင်မှု ခရီးသည် အကြိမ်ရေ သန်းပေါင်း ၁၇၀ ရှိရာ ကာလတူထက် ၁၂.၂ ရာခိုင်နှုန်း တိုးတက်လာသည်။ လယ်ယာကဏ္ဍအထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို အားဖြည့်ဆောင်ရွက်ရာတွင် ပို့ဆောင်သည့် ကုန်တန်ချိန် သန်းပေါင်း ၇၂၀ ရှိပြီး ကာလတူထက် ၃.၈ ရာခိုင်နှုန်းတိုးတက်လာသလို ကုန်ကျစရိတ်အားဖြင့် ယွမ် ၁.၄၈ ဘီလီယံ လျော့နည်း သက်သာ‌စေခဲ့သည်။
ရထားလမ်းဦးစီးဌာနက သက်ကြီးရွယ်အို၊ ကလေးသူငယ် စီးနှင်းသွားလာနိုင်ရန် ဆင်းရဲနွမ်းပါးမှုဒေသအစွန်းအဖျားအထိ ရထားလမ်းတည်ဆောက်ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်။ တစ်နှစ်ပတ်လုံးအတွက် ရင်းနှီးမြှုပ်နှံမှု ယွမ် ၃၇၂.၈၈ ဘီလီယံ ဆောင်ရွက်ခဲ့ရာတွင် ရထားလမ်းအခြေခံအဆောက်အအုံ တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ၇၄.၉ ရာခိုင်နှုန်းရှိရာ ခရိုင် ၂၅ ခု ရထားလမ်းမပေါက် မသွားလာနိုင်သည့် သမိုင်းကို အဆုံးသတ်နိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် China Railwayက ကီလိုမီတာ ၃,၃၀၀ ထပ်တိုး လျှောက်လှမ်းတည်ဆောက်သွားမည်ဖြစ်

၂၀၂၂ ခုနှစ်တွင် China Railwayက ရည်မှန်းချက်အသစ်များ စိုက်ထူထားရာ နိုင်ငံရထားပို့ဆောင်မှုပမာဏ ခရီးသည်အကြိမ်ရေ ၃.၀၃၈ ဘီလီယံ၊ ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် ၃.၈၀၄ ဘီလီယံဖြင့် ကာလတူထက် ၂၀ ရာခိုနှုန်းနှင့် ၂.၁ ရာခိုင်နှုန်း အသီးသီးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်သလို ရထားလမ်းရင်းနှီးမြုပ်နှံမှုတာဝန်များကို ဘက်စုံပြီးစီးအောင် ဆောင်ရွက်မည် ဖြစ်ရာ စီချွမ်း-တိဗက် ရထားလမ်းစသည့် နိုင်ငံ့အဓိကဆောက်လုပ်ရေးစီမံကိန်းကြီးများကို အရည်အသွေးမြင့် တွန်းအားပေးတည်ဆောက်သွားမည်ဖြစ်ပြီး ရထားလမ်းသစ် ၃,၃၀၀ ကီလိုမီတာနှင့်အထက်တည်ဆောက်သွားမည်ဖြစ်သည်။ (Xinhua)

———————————
(Chinese Version)

(经济)时光列车,“跑”出中国铁路新跨越
2022-01-04 21:57:17
新华社北京1月4日电(记者樊曦、周圆)辞旧迎新,时光列车“G2021”已呼啸而去。“十四五”开局之年,中国铁路实现了哪些新跨越?迎来2022年,中国铁路又将设定什么新目标?2022年的第一个工作日,中国国家铁路集团有限公司召开年度工作会议,为我们一一展现中国铁路发展印迹。
试运行期间,高铁列车行驶在沈佳高铁白敦段上(2021年12月3日摄,无人机照片)。新华社发(刘慎库 摄)
——超4万公里,中国高铁实现新高度
2021年,中国铁路年度建设任务全面完成。全国铁路完成固定资产投资7489亿元,其中国家铁路完成6616亿元;投产新线4208公里,其中高铁2168公里。到2021年底,全国铁路营业里程突破15万公里,其中高铁超过4万公里。

——1.5万列,中欧班列跑出新纪录
2021年10月29日,首班“中欧班列—进博号”列车抵达上海。新华社记者 丁汀 摄
2021年,中国铁路全年开行中欧班列1.5万列、发送146万标箱,同比分别增长22%、29%。与此同时,铁路部门统筹开好西部陆海新通道班列,全年发送57万标箱,同比增长57.5%。
——25.3亿人次、37.2亿吨,客货运输双增长
2021年,国家铁路旅客发送量实现恢复性增长,达到25.3亿人次,同比增长16.8%,其中动车组发送19.2亿人次,同比增长23.1%;国家铁路货物发送量连续三年保持增长,达到37.2亿吨,同比增长4.0%。
——31个省区市,复兴号实现“全覆盖”
2021年4月1日在西藏自治区林芝市拍摄的拉林铁路(无人机照片)。拉林铁路是国家“十三五”规划重点工程项目,全长435公里,设计时速160公里,是西藏首条电气化铁路。新华社发(焦宏涛 摄)
2021年6月,西藏拉萨至林芝铁路开通运营,这是西藏第一条电气化铁路。从此,藏东南地区结束不通火车的历史,复兴号也历史性实现对31个省区市的全覆盖。
到2021年底,全国铁路配备复兴号系列动车组1191组,累计安全运行13.58亿公里,运送旅客13.7亿人次。
——1018公里,川藏铁路雅安至林芝段全线开工建设
2021年12月,川藏铁路雅安至林芝段全线开工建设,为建设好这一实现第二个百年奋斗目标进程中的标志性工程迈出了坚实的第一步。
川藏铁路雅安至林芝段新建线路起自既有成都至雅安铁路雅安站,接入既有拉萨至林芝铁路林芝站,线路全长1018公里。
——67万人次,中老铁路开通运营已“满月”
2022年1月3日,列车行驶在位于云南西双版纳傣族自治州景洪市境内的中老铁路上(无人机照片)。新华社发(李云生摄)
2021年12月3日,中老铁路开通运营。截至2022年1月3日,中老铁路累计发送旅客67万人次,发送货物17万吨,交出“满月”亮眼成绩单。
中老铁路全长1035公里,线路北起昆明,过中国磨憨铁路口岸和老挝磨丁铁路口岸,进入老挝北部地区,最后到达老挝首都万象。
2021年12月12日,旅客在中老铁路万象站广场拍照。新华社记者 章建华 摄
——1.7亿人次,“慢火车”助力乡村振兴
2021年4月15日,一名喜德县瓦尔学校的学生乘坐5634次列车回家。5633/5634次列车被人们亲切地称为“慢火车”,陪伴着四川大凉山地区几代人的成长,是百姓外出的“公交列车”,也是孩子们求学的“校车”。新华社记者 沈伯韩摄
2021年,全国“慢火车”共运送旅客1.7亿人次,同比增长12.2%;强化涉农物资运输服务保障,运送货物7.2亿吨,同比增长3.8%,减免费用14.8亿元。
铁路部门扎实推进老少边及脱贫地区铁路建设。全年完成投资3728.8亿元、占铁路基建投资的74.9%,又有25个县结束了不通铁路的历史。
——3300公里,2022年中国铁路再延伸
2022年,中国铁路设定新目标:国家铁路完成旅客发送量30.38亿人次,同比增长20%,货物发送量38.04亿吨,同比增长2.1%;全面完成国家铁路投资任务,高质量推进川藏铁路等国家重点工程,投产新线3300公里以上(其中普速铁路1900公里左右)。(完)