Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံတွင် ၆ ရက်ဆက်တိုက် နေ့စဉ် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၇ ထောင်ကျော်အထိ ရှိနေ

ကာကွယ်ရေးဝတ်စုံများဝတ်ဆင်ထားသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ဇွန် ၁၀ ရက်၌ COVID-19 ကူးစက်ခံထားရသူတစ်ဦးအား ဂျကာတာရှိဆေးရုံသို့ ပို့ဆောင်ပေးနေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးတိုက်ဖျက်ရေးဌာန၏ ဇွန် ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည့် COVID-19 ကပ်ရောဂါဆိုင်ရာ စာရင်းပြုစုချက်အရ နိုင်ငံအတွင်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၈,၁၈၉ ဦးရှိပြီး ယင်းမှာ အင်ဒိုနီးရှားနိုင်ငံတွင် ဆက်တိုက် ၆ ရက်မြောက် ထပ်မံကူးစက်ခံရသူ ၇ ထောင်အထက် ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁,၉၁၉,၅၄၇ ဦးအထိရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၅၃,၁၁၆ ဦးအထိရောက်ရှိလာခဲ့ကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၁,၇၅၁,၂၃၄ ဦးရှိကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး က ဇွန် ၁၀ ရက်၌ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် စင်တာတစ်ခုတွင် ပြင်ဆင်မှုများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် အမျိုးသားတစ်ဦးက ဇွန် ၁၀ ရက်၌ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် စင်တာတစ်ခုတွင် ကာကွယ်ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာနေစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် အမျိုးသားတစ်ဦးက ဇွန် ၁၀ ရက်၌ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် စင်တာတွင် ကာကွယ်ဆေးထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

စာရင်းပြုစုချက်အရ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာသည် တစ်နိုင်ငံလုံးတွင် ကူးစက်ခံရသူအများဆုံးဖြစ်ပွားသည့် ဒေသဖြစ်ကြောင်း ၊ ဇွန် ၁၄ ရက်တွင် ထပ်မံကူးစက်ခံရသူ ၂,၇၂၂ ဦးရှိပြီး ကူးစက်ခံရသူစုစုပေါင်း ၄၅၀,၇၉၃ ဦးအထိရှိလာကာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၇,၄၇၀ ဦးရှိလာကြောင်း ၊ East Java ပြည်နယ်သည် အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ကူးစက်ခံရမှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ပွားသည့် ပြည်နယ်ဖြစ်ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၅၉,၄၆၂ ဦးရှိကာ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၁,၇၂၆ ဦးရှိကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံတွင် လူဦးရေစုစုပေါင်း ၂၆၈ သန်းခန့်ရှိပြီး ဇွန်၁၄ ရက် ၁၂ နာရီအချိန်ထိ နိုင်ငံအတွင်း လူပေါင်း၂၀.၄၂၄ သန်းကို ပထမအကြိမ် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးထားကာ ၎င်းတို့အနက် လူပေါင်း ၁၁.၆၁၆ သန်းမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးထားကြောင်း သိရှိရသည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ Joko Widodo က ဇွန် ၁၄ ရက်၌ ဂျကာတာရှိ ကာကွယ်ဆေးထိုးနှံပေးသည့် နေရာအား သွားရောက်ကြည့်ရှုခဲ့ပြီးနောက် မိန့်ခွန်းပြောကြားရာတွင် လူထူထပ်စွာအနီးကပ်သွားလာလှုပ်ရှားနေသည့် ဂျာကာတာ မြို့လူနေရက်ကွက်များတွင် နေထိုင်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး ဦးစားပေးထိုးနှံပေးရန်လိုအပ်ကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံအစိုးရအနေဖြင့် ဂျကာတာတွင် နေ့စဉ် ကာကွယ်ဆေးထိုးနှံပေးသည့် အကြိမ်ရေအား တစ်ရက်လျင် တစ်သိန်းမြှင့်တင်သွားရန် စီစဉ်ထားပြီး ယခုနှစ် သြဂုတ်လကုန်မတိုင်မီ ဂျကာတာရှိ လူပေါင်း ၇.၅ သန်းကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကပ်ရောဂါအား ဟန့်တားနိုင်စေရန်အတွက် အင်ဒိုနီးရှားနိုင်ငံ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အမျိုးသားစီးပွားရေးပြန်လည်ကောင်းမွန်ရေး ကော်မတီ ဥက္ကဋ္ဌ Airlangga Hartarto က ဇွန်လ ၁ ရက် မှ ၁၄ ရက်အထိ နိုင်ငံအတွင်းရှိ ဒေသအားလုံးတွင် အများပြည်သူလှုပ်ရှားမှုများကို ကန့်သတ်မှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဇွန်၁၄ ရက်၌ Airlangga Hartarto က အများပြည်သူလှုပ်ရှားမှု ကန့်သတ်ချက်အား ဇွန် ၂၈ ရက်အထိ အချိန်ကာလတိုးမြှင့်ကြောင်းကြေညာခဲ့ပြီး ကန့်သတ်ချက်များအား ဒေသအလိုက် ကပ်ရောဂါဆိုးရွားမှုအခြေအနေပေါ်မူတည်၍ လုပ်သားဝန်ထမ်းစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း မှ ၇၅ ရာခိုင်နှုန်းအထိ နေအိမ်တွင် လုပ်ငန်းတာဝန်ထမ်းဆောင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ၊ စားသောက်ဆိုင် နှင့် ကုန်တိုက်များအနေဖြင့် နေ့စဉ် နောက်အကျဆုံးအနေဖြင့် ည ၉ နာရီ မတိုင်မီ အထိသာ ဖွင့်လှစ်ရမည်ဖြစ်ပြီး ဧည့်သည်ဝင်ရောက်မှုကို ၅၀ ရာခိုင်နှုန်းမကျော်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကပ်ရောဂါဆိုးရွားသည့်ဒေသများတွင် စာသင်ကျောင်း နှင့် ဘာသာရေး အဆောက်အဦများကို ပိတ်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဇွန် ၁၄ ရက်၌ သမ္မတ Joko Widodo ၏ ညွှန်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် ရဲတပ်ဖွဲ့က ကင်းလှည့်မှု နှင့် ကြီးကြပ်မှုများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူလှုပ်ရှားမှု ကန့်သတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)印尼连续6天日增新冠确诊病例超7000例
2021-06-14 22:25:58 分类: 医药卫生
新华社雅加达6月14日电据印度尼西亚国家抗灾署14日发布的新冠疫情数据,该国较前一日新增新冠确诊病例8189例,这是该数值连续第六天超过7000例。印尼累计新冠确诊病例1919547例,累计死亡53116例,累计治愈1751234例。
数据显示,首都雅加达是印尼全国报告新冠确诊病例最多的行政区,14日新增确诊2722例,累计确诊450793例,累计死亡7470例。东爪哇省是报告新冠死亡病例最多的行政区,累计确诊159462例,累计死亡11726例。印尼总人口约2.68亿。截至14日12时,该国共有2042.4万人至少接种一剂新冠疫苗,其中1161.6万人完成两剂接种。
印尼总统佐科14日在视察位于雅加达的疫苗接种点后表示,人员密集且流动频繁的雅加达社区的居民需优先接种新冠疫苗;印尼政府计划将雅加达疫苗接种速度提升到每天10万剂,争取到今年8月底前为750万雅加达居民接种新冠疫苗。
为遏制疫情,印尼新冠疫情防控及国民经济复苏委员会主席艾尔朗加此前宣布从6月1日至14日在所有行政区实施小规模公共活动限制措施。14日,艾尔朗加宣布将公共活动限制措施的有效期延长到6月28日,这些措施包括根据各地疫情严重程度,安排25%到75%的员工必须居家办公;餐馆和商场每天最晚营业到21时,客流量不得超过50%;疫情严重地区的学校和宗教场所关闭。
印尼卫生部长布迪•古纳迪14日说,总统佐科已指示印尼军方和警察加强巡逻和监督,确保上述公共活动限制措施得到落实。(完)

Photo
1. 6月10日,一名身着防护服的医护人员协助转移新冠患者至印度尼西亚雅加达的一家医院。新华社发(埃迪•苏山托摄)
2. 6月10日,一名医护人员在印度尼西亚雅加达一处新冠疫苗接种中心进行疫苗接种准备工作。 新华社发(维里摄)
3. 6月10日,一名男子在印度尼西亚雅加达一处新冠疫苗接种中心接种疫苗前测量血压。新华社发(维里摄)
4. 6月10日,一名男子在印度尼西亚雅加达一处新冠疫苗接种中心接种疫苗。 新华社发(维里摄)