Connect with us

COVID-19 UPDATES

အိန္ဒိယတွင် ကပ်ရောဂါအခြေအနေ လျော့နည်းလာခြင်းနှင့်အတူ ပြည်သူလူထုက ကာကွယ်ဆေး ဒုတိယတစ်လုံးမထိုးနှံတော့မည်ကို ပညာရှင်များ စိုးရိမ်လျက်ရှိ

အိန္ဒိယနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ယခုကာလများ၌ အိန္ဒိယနိုင်ငံတွင် ထပ်တိုး ကိုဗစ်အတည်ပြုလူနာနှင့်သေဆုံးလူနာအရေအတွက်လျော့ကျလာရာ ထိုအခြေအနေကြောင့် ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံပြီးသူများအနေဖြင့် ဒုတိယတစ်လုံးမထိုးနှံကြတော့မည်ကို အချို့ ကျန်းမာရေးပညာရှင်များက စိုးရိမ်လျက်ရှိသည်။

အိန္ဒိယတွင် ယနေ့အထိ ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ (၇၄၄)သန်း ထိုးနှံပြီးဖြစ်ကြောင်း၊ အရွယ်ရောက်ပြီးသူ (၉၄၄)သန်းတွင် ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံထားသူ (၆၀)ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးနှစ်လုံးထိုးနှံပြီးသူသည် (၁၉)ရာခိုင်နှုန်းသာရှိကြောင်း ရိုက်တာသတင်းဌာနက စက်တင်ဘာ ၁၃ ရက် အမည်မဖော်လိုသည့် အိန္ဒိယကျန်းမာရေးပညာရှင်သတင်းအမြစ်နှစ်ဦးကို ကိုးကား၍ ဖော်ပြထားသည်။

ကာကွယ်ဆေးနှစ်လုံးကို ရက်သတ္တပတ် (၁၂)ပတ်မှ (၁၆)ပတ်ခြား ထိုးနှံကြဖို့ အိန္ဒိယအစိုးရက အကြံပြုထားသည်။

၎င်းတို့အနက် ကျန်းမာရေးပညာရှင်တစ်ဦးက လူအများစုသည် ကာကွယ်ဆေးအပြည့်အဝမထိုးနှံရသေးကြောင်း၊ ယခင်ကပ်ရောဂါဖြစ်ပွားမှုနည်းသည့်ဒေသများတွင် အန္တရာယ်ပိုများကြောင်း၊ ထိုနေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ခုခံအားရှိသူ ပိုနည်းခြင်းကြောင့် ကပ်ရောဂါထပ်ပေါ်လာပါက ထိုနေရာများက ထိလွယ်ရှလွယ်မှုပို၍များနိုင်ကြောင်း ဆိုသည်။

ဧပြီလမှ ဩဂုတ်လအထိ ကိန်းဂဏန်းများအရ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုသည် ရောဂါကူးစက်ခြင်းကြောင့်သေဆုံးမှုကို (၉၆.၆)ရာခိုင်နှုန်းကာကွယ်ပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်းသည် (၉၇.၅)ရာခိုင်နှုန်းကာကွယ်သည်ဟု အိန္ဒိယအစိုးရက ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့သည်။ ဤကိန်းဂဏန်းများက တစ်နည်းအားဖြင့် အိန္ဒိယပြည်သူလူထုကို ကာကွယ်ဆေး ဒုတိယတစ်လုံး မထိုးနှံဖို့ရာ ဖြစ်နိုင်စေသည်ဟု အခြား ကျန်းမာရေးပညာရှင်တစ်ဦးက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ဧပြီလနှင့်မေလက အဆိုးဝါးဆုံးသော ကိုဗစ်ကပ်ရောဂါလှိုင်းကြီးကို ကြုံတွေ့ခဲ့ရာ နေ့စဉ်ထပ်တိုးအတည်ပြုလူနာဦးရေသည် ထိုစဥ်က (၄)သိန်းကျော်ထိရှိခဲ့သည်။ ထို့နောက် ကူးစက်သူဦးရေ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၄)နာရီအတွင်း အိန္ဒိယတွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာ (၂၇,၂၅၄)ဦးနှင့် ထပ်တိုးသေဆုံးသူ(၂၁၉)ဦး၊ စုစုပေါင်းအတည်ပြုလူနာ (၃၃.၂၆)သန်းနှင့် စုစုပေါင်းသေဆုံးသူ(၄၄၂,၀၀၀)ကျော် ရှိသည်ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)
———————————-
(Chinese Version)
印度疫情缓解 专家忧民众不接种第二剂疫苗
2021-09-14 10:11:39
新华社北京9月14日电 印度近期新增新冠确诊病例和死亡病例有所下降,一些卫生专家担忧,这可能让只接种了一剂新冠疫苗的民众“漏打”第二针。
路透社13日以两名不愿公开姓名的印度卫生专家为消息源报道,印度迄今已接种7.44亿剂新冠疫苗;在9.44亿印度成年人口中,60%接种了第一剂疫苗,完成两剂疫苗接种的只有19%。
印度政府建议,两剂新冠疫苗的接种间隔为12周至16周。
6月23日,人们在印度班加罗尔接受新冠检测。(新华社发)
其中一名卫生专家说,大量人口未完成全程接种,而此前疫情较轻的地区风险更大,因为那里更少有人携带新冠病毒抗体,这意味着一旦疫情重现,那里将更加脆弱。
印度政府上周宣布,4月至8月汇总的数据显示,接种一剂疫苗对预防染疫死亡的有效率为96.6%,接种两剂的有效率为97.5%。按一名卫生专家的说法,这些数据可能在无意间导致印度民众不接种第二剂。
印度4月至5月经历迄今最严重一波新冠疫情,单日新增确诊病例一度超过40万例,随后感染人数有所下降。
印度卫生部13日通报,过去24小时,印度新增新冠确诊病例27254例,新增死亡219例;累计确诊3326万例,累计死亡超过44.2万人。(刘秀玲)