Connect with us

COVID-19 UPDATES

ဥရုဂွေး နိုင်ငံ၏ အစီရင်ခံစာအရ Sinovac ကာကွယ်ဆေးသည် COVID-19 ရောဂါကြောင့် သေဆုံးမှုကို ၉၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း သိရ

ဥရုဂွေးနိုင်ငံ ဒုတိယသမ္မတ Beatriz Argimón က မတ်လ ၈ ရက်တွင် တရုတ်နိုင်ငံ Sinovac ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဥရုဂွေးနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ လတ်တလောရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်အရ တရုတ်နိုင်ငံ Sinovac COVID-19 ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးနောက် ၁၄ ရက်အကြာတွင် COVID-19 ရောဂါကြောင့် သေဆုံးမှုကို ၉၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာအရ Sinovac ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးသူ လူပေါင်း ၇၁၂,၇၁၆ ဦးအနက် ၅,၃၆၀ ဦးမှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးနောက် ၁၄ ရက်အကြာတွင် ရောဂါစစ်ဆေးမှုပြန်လည်ပြုလုပ်ခဲ့ရာ ထပ်မံကူးစက်ခံရသူကို တွေ့ရှိရကြောင်း ၊ သို့သော် ထပ်မံကူးစက်ခံရသူများအနက် ၁၉ ဦးသာ ICU တွင် ဆေးဝါးကုသမှုခံယူရပြီး ၎င်းတို့အနက် ၆ ဦးသာ သေဆုံးခဲ့ကြောင်း သိရသည်။

ဥရုဂွေးနိုင်ငံ၌ မတ်လ ၁ ရက် မှ မေလ ၂၅ ရက်အချိန်ထိ Sinovac ကာကွယ်ဆေး ထိုးနှံမှုခံယူထားသူများကို စောင့်ကြည့်စစ်ဆင်းမှုပြုလုပ်ခဲ့ရာတွင် လူပေါင်းတစ်သိန်းအနက် တစ်ရက်လျှင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၆.၈၉ ဦးရှိကြောင်း ၊ ယင်းကူးစက်ခံရသူများအနက် ICU တွင် ဆေးဝါးကုသမှုခံယူရသူအရေအတွက်သည် ဝ.၁၇ ဦးဖြစ်ပြီး သေဆုံးသူဦးရေမှာ ဝ.၀၄ ဦးဖြစ်ကြောင်း ၊ သို့သော် ကာကွယ်ဆေးထိုးနှံမှုခံယူထားခြင်းမရှိသည့် လူများတွင် လူတစ်သိန်းလျှင် တစ်ရက် ရောဂါကူးစက်ခံရသူ ၈၅.၁၇ ဦးဖြစ်ပြီး ICU တွင် ဆေးဝါးကုသမှုခံယူရသူ ၅.၁၅ ဦးရှိကာ သေဆုံးသူ ၁.၀၅ ဦး အသီးသီးရှိကြောင်း သိရှိရသည်။

အထက်ဖော်ပြပါ စာရင်းပြုစုချက်များအရ Sinovac ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးနောက် ၁၄ ရက်အကြာတွင် ရောဂါကူးစက်ခံရမှုကို ၅၇ ရာခိုင်နှုန်းလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ICU တွင် ဆေးဝါးကုသမှုခံယူရန် ၉၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း နှင့် ရောဂါကြောင့် သေဆုံးမှုကို ၉၇ ရာခိုင်နှုန်းလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာအရ မေ ၂၅ ရက်အချိန်ထိ ဥရုဂွေးနိုင်ငံတွင် လူဦးရေစုစုပေါင်း၏ ၄၅.၈ ရာခိုင်နှုန်းသည် ပထမအကြိမ် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှု ခံယူထားပြီး ၂၈ ရာခိုင်နှုန်းသော လူဦးရေ မှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှုခံယူထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)乌拉圭报告显示科兴疫苗可减少97%新冠死亡病例
2021-05-30 11:19:06 分类: 科学技术
新华社布宜诺斯艾利斯5月29日电(记者倪瑞捷)蒙得维的亚消息:乌拉圭公共卫生部近日发布的一项报告显示,在接种第二剂中国科兴新冠疫苗14天后,可以减少97%的新冠死亡病例。
根据这份报告,在完成两剂科兴疫苗接种的712716人中,有5360人在接种第二剂疫苗14天后新冠病毒检测呈阳性,其中19人需要进入重症监护病房治疗,6人死亡。
3月1日至5月25日期间对接种科兴疫苗的人群进行的监测显示,每10万人口每天感染新冠人数为36.89,进入重症监护病房人数为0.17,死亡人数为0.04。而在没有接种疫苗的人群中,每10万人口每天感染、进入重症监护病房和死亡人数分别为85.17、5.15和1.05。
上述数据表明,在接种第二剂科兴疫苗14天后,可以减少57%的新冠感染病例、95%的重症病例以及97%的死亡病例。
该报告说,截至5月25日,乌拉圭45.8%的人口接种了至少一剂新冠疫苗,28%的人口完成两剂接种。(完)

Photo
3月8日,乌拉圭副总统阿希蒙(右)在蒙得维的亚接种中国科兴新冠疫苗。(新华社发,尼古拉斯•塞拉亚摄)