Connect with us

China

၂၀၂၁ ခုနှစ် နိုင်ငံတကာအခြေအနေနှင့် တရုတ်နိုင်ငံ သံတမန်ရေး ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်အမှာစကား ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် နိုင်ငံတကာအခြေအနေနှင့်တရုတ်နိုင်ငံသံတမန်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာ ၂၀ ရက်က ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် နိုင်ငံတကာအခြေအနေနှင့်တရုတ်နိုင်ငံသံတမန်ရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ အမှာစကားပြောကြားရာတွင် ဝမ်ရိက ၂၀၂၁ ခုနှစ် ကမ္ဘာ့အခြေအနေကို တောက်လျှောက်ကြည့်မည်ဆိုလျှင် ကမ္ဘာ့ကပ်ရောဂါအခြေအနေ ကူးစက်ပြန့်ပွားမှု အပြောင်းအလဲများရှိပြီး နှစ်တစ်ရာပြောင်းလဲမှုများ မြန်ဆန်လှရာ ကမ္ဘာ့ကြီးသည် လှိုင်းလှေထန်သည့်အပြောင်းအလဲကာလသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခင်ကမကြုံခဲ့ဖူးသော စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးက ဖြေရှင်းမည့်နည်းလမ်းများကို ရှာဖွေလျက်ရှိရာ လူသားများအနေဖြင့် မှန်ကန်သည့် ရွေးချယ်မှုရှိရန် လိုအပ်ပါကြောင်း ၊ တရုတ်နိုင်ငံသည် သမိုင်း၏မှန်ကန်သည့်ဘက်၊ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရေးဘက်၊ နိုင်ငံတကာတရားမျှတမှုဘက်နှင် များပြားလှစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများဘက်တွင် အစဉ်အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း၊ မိမိတို့သည် သမ္မတရှီကျင့်ဖိန်အားဗဟိုပြုသည့် ပါတီဗဟိုကော်မတီ၏ ခိုင်မာသည့်ဦးဆောင်မှုအောက်တွင် အရာအားလုံးပါဝင်မှုအား လက်ခံသော ပြည့်ဝသည့် သဘောထားဖြင့် တိုင်းပြည်နှင်ပြည်သူများအကျိုးကို လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာအခင်းအကျင်းအပြောင်းအလဲတွင် အခင်းအကျင်းသစ်ကို ဖန်တီးသွားမည်ဖြစ်ကြောင်း ၊ ကမ္ဘာ့ရှုပ်ထွေးနေသည့်အခင်းအကျင်းကို အန္တရာယ်မှအခွင့်အလမ်းအဖြစ် ပြောင်းလဲပြီး ယှဉ်ပြိုင်တိုက်ခိုက်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကြားတွင် ရဲဝံ့စွာ ရှေ့တိုးလျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

တစ်နှစ်တာကာလအတွင်း အခိုင်မာဆုံးလမ်းညွှန်မှုသည် နိုင်ငံ့ခေါင်းဆောင်သံတမန်ရေး၊ အတောက်ပဆုံး တံခွန်တိုင်သည် လူသားမျိုးနွယ်တို့၏ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ခြင်း၊ ထင်ရှားမှုအရှိဆုံးသည် တရုတ်လူမျိုးနှင့်တရုတ်ကွန်မြူနစ်ပါတီ၏အကြောင်းကို ကောင်းမွန်စွာ ပြောကြားခြင်း၊ ပေါ်လွင်မှုအရှိဆုံးသည် သိပ္ပံနည်းကျ ပြောင်းလဲမှုများကို ဖြေရှင်းခြင်းနှင့်အပြုသဘောတိုးတက်အောင်ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
အနှစ်ချုပ်ဆိုရသော် ရှုပ်ထွေးနေသည့်ယှဉ်ပြိုင်ထိုးနှက်မှုများအကြားတွင် အမျိုးသားပြန်လည်ရှင်သန်ရေးကို ဆောင်ရွက်ခဲ့သလို လှိုင်းထန်လေဒဏ်များအကြားတွင် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ထိုဆောင်ရွက်မှုများ အောက်ပါအချက် ၉ ချက်တွင် တွေ့မြင်နိုင်ကြောင်း ဆိုသည်။

၁။ ရာစုနှစ်ကပ်ရောဂါ အဆုံးမသတ်နိုင် ထပ်ဖန်တလဲဖြစ်ပွားနေများကို ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် ထိရောက်အောင်မြင်မှုရှိသည့် ကပ်ရောဂါတိုက်ဖျက်ရေး သံတမန်ဆက်ဆံမှုကို ဆောင်ရွက်ခဲ့ရာ အပြောနှင့်အလုပ်တစ်ထပ်တည်းကျသည့် နိုင်ငံကြီး၏ တာဝန်ထမ်းဆောင်မှုကို ပေါ်လွင်စေခဲ့ကြောင်း

၂။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အန္တရာယ်အထပ်ထပ်ကို ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် စီးပွားရေးပြန်လည်ရှင်သန်ရေးအတွက် အားသစ် အလေးပေးလျက်ရှိရာ အတူဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ပံ့ပိုးခဲ့ကြောင်း

၃။ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒ အတုအယောင်၊အစစ်အမှန်၏ အားပြိုင်မှုကို ရင်ဆိုင်ရာတွင် မိမိတို့သည် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒ မီးရှူးတန်ဆောင်ကို မြင့်မြင့်ကိုင်ဆောင်၍ ကုလသမဂ္ဂ၏ဩဇာအရှိန်အဝါနှင့် နိုင်ငံတကာစနစ်တည်ငြိမ်မှုရှိအောင် ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းခဲ့ကြောင်း

၄။ ကမ္ဘာ့အခင်းအကျင်း နက်ရှိုင်းစွာ ပြောင်းလဲလာမှုကို ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် နိုင်ငံကြီးဆက်ဆံရေး ယေဘုယျ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး၍ နိုင်ငံတကာဆက်ဆံရေးပုံစံသစ်ကို ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း

၅။ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် လူထုစိတ်ဆန္ဒဖြစ်သည်ကို သိရှိရာတွင် မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်အတူ သာယာလှပသော မိသားစုဥယျာဉ်အား အတူတကွတည်ဆောက်ရန် တွန်းအားပေးဆောင်ရွက်ခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အတူကာကွယ်ထိန်းသိမ်းခဲ့ကြောင်း

၆။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက်ဖွံ့ဖြိုးရေး လိုအပ်ချက်စိတ်ဆန္ဒကို မြင်တွေ့ရတွင် မိမိတို့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှုကို အားသွန် ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့ကြောင်း

၇။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံစိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် အေးအတူပူအမျှအသိုက်အဝန် အလံကို မြင့်မြင့်ကိုင်ဆောင်ကာ ကမ္ဘာ့လုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲလာမှုအား အပြုသဘောဆောင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း

၈။ ပြည်ပစွက်ဖက်မှုနှင့်ရန်စမှုကို ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ခဲ့ပါကြောင်း

၉။ ဆိုးဝါးရှုပ်ထွေးသည့် ပြင်ပပတ်ဝန်းကျင်ကို ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် ပြည်တွင် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ဆောင်ရွက်ပြီး ပြည်သူ့အတွက် သံတမန်ရေးကို အားထားဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ၂၀၂၂ ခုနှစ်သည် တရုတ်လူမျိုးတို့၏ ဒုတိယမြောက် နှစ် ၁၀၀ ရည်မှန်းချက်ကို တာဆူလျှောက်လှမ်းမည့် အရေးကြီးသည့်နှစ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သံတမန်ဆက်ဆံရေးကဏ္ဍတွင် သမ္မတရှီကျင့်ဖိန်အား ဗဟိုပြုသည့် ပါတီဗဟိုကော်မတီနှင့်အတူ ပို၍နီးကပ်စွာ စည်လုံးညီညွတ်စွာဖြင့် “ပြည်သူ၊ ပါတီနှင့်တိုင်းပြည်၏ အရေးကြီးကဏ္ဍရပ်များကို” စွဲမြဲစွာ မှတ်သားကာ ပါတီနှင့်နိုင်ငံ၏ ကြီးမားသည်လုပ်ငန်းရပ်များအတွက် ပို၍တည်ငြိမ်မှုရှိ၊ အကျိုးဖြစ်ထွန်းစေမည့် ပြင်ပပတ်ဝန်းကျင်ကို ကြိုးပမ်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ပထမအနေဖြင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပရေး အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ဒုတိယအနေဖြင့် ကပ်ရောဂါနှောင်းပိုင်းကာလ စိန်ခေါ်မှုများစွာကို တက်ကြွရင်ဆိုင်ဖြေရှင်းခြင်း၊ တတိယအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ စတုတ္ထအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းအောင် တိုးချဲ့ဆောင်ရွက်ခြင်း၊ ပဥ္စမအနေဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်မှုရှိအောင် တွန်းအားပေးဆောင်ရွက်ခြင်း၊ ဆဋ္ဌမအနေဖြင့် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူသားမျိုးနွယ် ယဉ်ကျေးမှု ဖွံ့ဖြိးတိုးတက်ရေး ဒီရေလှိုင်းသည် ရှေ့သို့ လှမ်းချီလျက်ရှိရာ တရုတ်နိုင်ငံအမျိုးသာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ခြေလှမ်းကို ဟန့်တား၍မရကြောင်း ဝမ်ရိက ဆိုသည်။ သမိုင်းဖြစ်စဉ်သစ်တွင် တရုတ်နိုင်ငံ၏ သံတမန်ရေးသည် ရှီကျင့်ဖိန်၏သံတမန်ရေးအတွေးအခေါ် လမ်းညွှန်မှုအောက်တွင် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန် တည်ဆောက်ရေး ရည်မှန်းချက်ကို ဦးတည်၍ ကြိုးပမ်းလျှောက်လှမ်းသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံအတွက်၊ကမ္ဘာ့အတွက် ပို၍ကြီးမားသောအကျိုး ဆောင်ကျဉ်းသွားသွားမည်ဖြစ်သလို သမိုင်းအတွက်၊အနာဂတ်အတွက် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ရေးဆွဲသွားမည်ဖြစ်ကြောင်း ဆိုသည်။

၂၀၂၁ ခုနှစ် နိုင်ငံတကာအခြေအနေနှင့်တရုတ်နိုင်ငံ၏သံတမန်ရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံတကာရေးရာ သုတေသနဌာနနှင့် တရုတ်နိုင်ငံတကာရေးရာသုတေသန ရန်ပုံငွေအဖွဲ့တို့က ပူးတွဲကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
王毅出席2021年国际形势与中国外交研讨会并发表演讲
2021-12-20 16:13:18
新华社北京12月20日电(记者马卓言)国务委员兼外交部长王毅20日在北京出席2021年国际形势与中国外交研讨会开幕式并发表题为《2021年中国外交:秉持天下胸怀,践行为国为民》的演讲。
王毅表示,纵观2021年世界形势,全球疫情跌宕蔓延,百年变局加速演进,世界进入动荡变革期。面对前所未有的挑战,各国都在探索应对之道,人类需要作出正确抉择。中国始终站在历史正确的一边,站在人类进步的一边,站在国际公平正义一边,站在广大发展中国家一边。我们在以习近平同志为核心的党中央坚强领导下,秉持天下胸怀,践行为国为民,在全球变局中开创新局,在世界乱局中化危为机,在斗争与合作中勇毅前行。一年来,最坚定的指引是元首外交,最鲜明的旗帜是构建人类命运共同体,最突出的题目是讲好中国人民和中国共产党的故事,最显著的风格是科学应变、积极进取。归结为一条主线:在复杂博弈中服务民族复兴,在风云激荡中推进和平发展。主要体现在九个方面:
第一,面对世纪疫情延宕反复,我们开展卓有成效的抗疫外交,彰显说到做到的大国担当。
第二,面对全球发展多重风险,我们为经济复苏注入新动力,为共同发展提供新机遇。
第三,面对真伪多边主义的较量,我们高举真正多边主义的火炬,坚决维护联合国权威和国际秩序稳定。
第四,面对世界格局深刻演变,我们推动大国关系总体稳定发展,努力构建新型国际关系。
第五,面对和平发展成为人心所向,我们推动周边国家共建美好家园,共护地区安宁。
第六,面对发展中国家实现振兴的迫切愿望,我们大力开拓南南合作的广阔空间。
第七,面对全人类共同挑战,我们高举人类命运共同体旗帜,积极推动全球治理体系变革。
第八,面对外部干涉挑衅,我们坚决捍卫国家主权、安全和民族尊严。
第九,面对严峻复杂的外部环境,我们全力服务国内发展,着力践行外交为民。
王毅指出,2022年是中国人民向着第二个百年奋斗目标进军的关键之年,我们将隆重召开党的二十大。外交战线将更加紧密团结在以习近平同志为核心的党中央周围,牢记“国之大者”,努力为党和国家的伟大事业营造更加稳定有利的外部环境。一是全力配合办好北京冬奥会。二是主动应对后疫情时期多重挑战。三是推动全球发展倡议落地生根。四是拓展深化全球伙伴关系。五是致力推动中美关系稳健前行。六是坚定捍卫国家核心利益。
王毅表示,人类文明进步潮流浩荡向前,中华民族复兴步伐不可阻挡。新的历史征程上,中国外交将在习近平外交思想指引下,继续朝着构建人类命运共同体的目标奋力前行,为中国、为世界做出更大贡献,为历史、为未来书写更新篇章。
2021年国际形势与中国外交研讨会由中国国际问题研究院与中国国际问题研究基金会联合举办。(完)

图说1:12月20日,国务委员兼外交部长王毅在北京出席2021年国际形势与中国外交研讨会开幕式并发表演讲。 新华社记者 张领 摄