Connect with us

Politics, Law & Military

ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် ဟောင်ကောင် ဒီမိုကရေစီမရှိခဲ့ဟု စက္ကူဖြူစာတမ်းတွင် ဖော်ပြ

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် ဟောင်ကောင် ဒီမိုကရေစီမရှိဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည့်《”တစ်နိုင်ငံ စနစ်နှစ်မျိုး”ဖြင့် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး》စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ဗြိတိသျှကိုလိုနီအုပ်ချုပ်သည့် ပြစ်မှုနှင့် ၎င်း၏ ဟောင်ကောင် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိမ်ဖန်များစွာ ငြင်းပယ်သည့် ဖြစ်ရပ်မှန်များက မည်သို့ပင် ဖုံးကွယ်ပါစေ ပြောင်းလဲ၍ရမည် မဟုတ်ကြောင်း၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုသည် ဟောင်ကောင်အတွက် မည်သို့သော စစ်မှန်သည့် ဒီမိုကရေစီကိုမျှ ဆောင်ကြဉ်းပေးခြင်းမရှိသည့်အပြင် တရုတ်ပြည်မကြီးသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိပြီးနောက် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ်မီးစကို မြှုပ်နှံထားခဲ့ကြောင်း ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်နှင့် တရုတ်ပြည်မကြီးသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၄ နှစ် ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံတော်အလံနှင့်ဟောင်ကောင်ဒေသအလံ လွှင့်တင်ထားသော ငါးသင်္ဘောများအား ဇူလိုင် ၁ ရက် ဟောင်ကောင်အထူးဒေသ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်သည် ဟောင်ကောင်တွင် ကိုလိုနီအုပ်ချုပ်ရေးကို စံတင်ကျင့်သုံးခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ ဗြိတိသျှသည် ဟောင်ကောင်ကို စီမံအုပ်ချုပ်ရန် ဘုရင်ခံတိုက်ရိုက်ခန့်အပ်ရာတွင် ဟောင်ကောင်ပြည်သူများ၏ သဘောထားကို မေးမြန်ခြင်းမရှိသလို ဘုရင်ခံသည်လည်း ဗြိတိန်အတွက်သာ တာဝန်ခံခြင်း ဖြစ်ကြောင်း၊ ဟောင်ကောင်ရှိ ဗြိတိန်အာဏာပိုင်များက ဖိအားပေးမူဝါဒများကို ရေရှည်ကျင့်သုံးခဲ့ရာ သတင်းနှင့်စာနယ်ဇင်ထုတ်ဝေမှုကို တင်းကျပ်စွာ တားမြစ်၍ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ထားခဲ့ကြောင်း၊ သူလျှို အုပ်ချုပ်ရေး ကျင့်သုံးခဲ့ရာတွင် ဗြိတိသျှထောက်လှမ်းရေးအေဂျင်စီ၊ ရဲရေးရာ နိုင်ငံရေးဌာနများမှတစ်ဆင့် တရုတ်လူမျိုးများကို စောင့်ကြည့်ခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ ဟောင်ကောင်အခြေစိုက် ဗြိတိသျှအာဏာပိုင်ဌာနဖွဲ့စည်းမှုတွင် တရုတ်လူမျိုးများအား ဖယ်ကျဉ်ခြင်း၊ နိုင်ငံရေးပါဝင်ဆွေးနွေးခွင့်မပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်နှင့် တရုတ်ပြည်မကြီးသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း ၂၄ နှစ် ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ နိုင်ငံတော်အလံနှင့်ဟောင်ကောင်ဒေသအလံ လွှင့်တင်ထားသော ငါးသင်္ဘောများအား ဇူလိုင် ၁ ရက် ဟောင်ကောင်အထူးဒေသ ဗစ်တိုးရီးယားဆိပ်ကမ်းတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ဗြိတိသျှအစိုးရက ကြိမ်ဖန်များစွာ တားမြစ်ခဲ့ကြောင်း စက္ကူဖြူစာတမ်းက ထောက်ပြထားသည်။ ဟောင်ကောင်လူမှုအသိုက်အဝန်းက ဒီမိုကရေစီလိုအပ်ချက်အား အဆက်မပြတ်အဆိုပြုမှုများ အားလုံးကို ဗြိတိသျှအစိုးရက ဥပေက္ခာပြု လျစ်လျူရှု ငြင်းပယ်မှု ပြုခဲ့ကြောင်း ၊ ဗြိတိသျှကိုလိုနီ အုပ်ချုပ်သူများသည် ဟောင်ကောင်တွင် စီမံအုပ်ချုပ်နေစဉ်အတွင်း ဒီမိုကရေစီအကြောင်းအရင်းများကို ခွင့်ပြုခဲ့ခြင်း မရှိသည်ကို တွေ့မြင်နိုင်ကြောင်း ဆိုသည်။

၁၉၇၉ ခုနှစ် မတ်လတွင် ထိုစဉ်က ဟောင်ကောင် ဗြိတိန်သျှဘုရင်ခံ ပေကျင်းမြို့သို့ လာရောက်လည်ပတ်ပြီးနောက် တရုတ်နိုင်ငံအစိုးရက ဟောင်ကောင်အား ပြန်လည်ရယူမည့် ခိုင်မာသော သဘောထားရပ်တည်ချက်ကို သိရှိခဲ့ကြောင်း၊ ထို့နောက် ဗြိတိသျှအစိုးသည် ဟောင်ကောင်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးတွင် ၎င်း၏ ယခင်က ဆန့်ကျင်မှုကို ချက်ချင်း ပြောင်းလဲခဲ့ပြီး “နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲခြင်း”အား လျင်မြန်စွာ အရှိန်အဟုန်မြင့် စီမံကာ ရွေးကောက်ပွဲပုံစံယူကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ အထူးသဖြင့် ၁၉၉၂ ခုနှစ် အောက်တိုဘာလ နောက်ဆုံး ဘုရင်ခံ တာဝန်ထမ်းဆောင်စဉ်က 《တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်》ကို ချိုးဖောက်ခြင်း၊ အခြေခံဥပဒေနှင့်စပ်လျဉ်းသည် စည်းမျဉ်းစည်ကမ်းများအား ချိုးဖောက်ခြင်း၊ တရုတ်-ဗြိတိသျှ နှစ်ဖက်သဘောတူညီမှုရှိသည့် စာချုပ်နှင့်နားလည်မှုစာချွန်လွှာများအား ချိုးဖောက်ခြင်း များပြုလုပ်ခဲ့ပြီး “နိုင်ငံရေး ပြုပြင်ပြောင်းလဲခြင်း နည်းလမ်း”ဟူ၍ ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံ ဆန့်ကျင်မှုကို မျက်ကွယ်ပြု၍ အတင်းအကျပ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

ဗြိတိသျှတို့ ဟောင်ကောင်ကို ကိုလိုနီပြုစဉ်နောက်ဆုံး အချိန်အပိုင်းအခြားတွင် “နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှု”များကို အလောတကြီး အရှိန်အဟုန်မြှင့် တွန်းအားပေးဆောင်ရွက်ခြင်းသည် လုံးဝဥဿုံ အခြားကြံစည်မှုရှိသည့် နိုင်ငံရေးကြိုးကိုင်ခြယ်လှယ်ခြင်း ဖြစ်ကြောင်း စက္ကူဖြူစာတမ်းက ထောက်ပြ ရေးသားထားသည်။ “ဂုဏ်ကျက်သရေရှိစွာ ထွက်ခွာခြင်း” စီမံမှုများ၏ တစ်စိတ်တစ်ပိုင်းဟု ဆိုရာတွင် ဗြိတိသျှအစိုးရက ဗြိတိန်ကိုယ်စားပြုစနစ်ကို အကြောင်းပြု၍ ဟောင်ကောင်ခွဲထွက်မှု သို့မဟုတ် တစ်ဝက်ခွဲထွက်မှု နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် ကြိုးပမ်းပြီး ဟောင်ကောင်ဒေသ အချုပ်အခြာအာဏာကို တရုတ်နိုင်ငံက ပြန်လည်ကျင့်သုံးချိန်တွင် ထိရောက်မှုရှိသည့် စီမံအုပ်ချုပ်မှုများအား တားဆီးခြင်း၊ တရုတ်ပြည်မကြီးသို့ ဟောင်ကောင်ပြန်လည် ဝင်ရောက်ရာတွင် ဗြိတိန်၏ နိုင်ငံရေးဩဇာကို အဆက်မပြတ်အောင် ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။ (Xinhua)

————————————————-
(Chinese Version)

(香港民主发展白皮书)白皮书:香港在英国殖民统治下没有民主可言
2021-12-20 10:05:45
新华社北京12月20日电 国务院新闻办公室20日发表的《“一国两制”下香港的民主发展》白皮书指出,香港在英国殖民统治下没有民主可言。英国殖民统治的罪恶及其屡次拒绝在香港发展民主的事实,无论怎样掩饰也改变不了。英国殖民统治不但没有给香港带来任何真正的民主,反而为香港回归祖国后民主的发展埋下了祸根。

白皮书说,英国对香港实行典型的殖民统治。英国直接委任总督代表英国管治香港,从未征询港人意见,总督只向英国负责。港英当局长期实行高压政策,严密管控新闻出版,钳制言论自由;实行特务统治,利用英军情报机构、警务处政治部对华人进行监视;对华人实行种族歧视;华人长期被排斥在港英当局管治架构之外,不能参政议政。

白皮书指出,英国政府屡次禁止在香港进行民主改革。面对香港社会不断提出的民主诉求,英国政府一概予以拒绝或者置之不理。可见,英国殖民统治者不会允许在其统治香港的时候出现民主的元素。

白皮书说,1979年3月,时任香港总督访京了解到中国政府将收回香港的坚定立场。英国政府于是立即改变其过往在香港发展民主问题上的反对态度,迅速着手布局“政制改革”,大幅引入和扩大选举。特别是1992年10月,末任总督刚上任就违反《中英联合声明》、违反与基本法相衔接的原则、违反中英双方已经达成的协议和谅解,抛出所谓的“政改方案”,并不顾中方坚决反对,强行实施。

白皮书指出,英国在其殖民统治香港的最后阶段如此急切地加速推进“政制改革”,完全是别有用心的政治操弄。作为所谓“光荣撤退”部署的一部分,英国政府以打造英式代议制为幌子,企图把香港变成独立或半独立的政治实体,阻碍中国对香港恢复行使主权并实行有效管治,延续英国对香港回归后的政治影响。(完)

图说:庆祝中国共产党成立100周年暨香港回归祖国24周年系列活动在港启动
7月1日,悬挂国旗、区旗的渔船在维港巡游。新华社记者 卢炳辉 摄