Connect with us

Eastern Europe

အမေရိကန်က ယူကရိန်းစစ်တပ်အား မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မောင်းနှင်ခြင်း လေ့ကျင့်ပေး

သြစတြေးလျစစ်သားများက “Javelin” တင့်ကားဖျက် ဒုံးကျည် ပစ်လွှတ်နေသည်ကို ၂၀၁၁ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အမေရိကန်ဘက်မှ ယူကရိန်းအား စစ်ရေးအကူအညီများ ပိုမိုပေးအပ်သည့်အနေဖြင့် ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီ အမေရိကန်နိုင်ငံ၌ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုပေးခဲ့သလို လက်ရှိတွင်လည်း ၎င်းတို့အား မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မောင်းနှင်ခြင်း လေ့ကျင့်ပေးလျက်ရှိကြောင်း အမေရိကန်စစ်တပ်က ဧပြီ ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အမေရိကန်က ယူကရိန်းအား “Switchblade” မောင်းသူမဲ့လေယာဉ် ၁၀၀ စုံ ထောက်ပံ့ထားပြီး “မကြာမီ ယူကရိန်းသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ John Kirby က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဆောင်းဦးရာသီကတည်းက ယူကရိန်းတပ်ဖွဲ့ဝင်“အနည်းငယ်” သည် အမေရိကန်တွင် လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ၎င်းတို့အမေရိကန်၌ရှိစဉ် ရက်အနည်းအတွင်း ‘Switchblade’ အသုံးပြုပုံ လေ့ကျင့်ပေးခဲ့ကြောင်းနှင့် ၎င်းတို့ ယူကရိန်းသို့ ပြန်လည်ရောက်ရှိပါက အခြားယူကရိန်းစစ်သားများအား ပြန်လည်လေ့ကျင့်ပေးနိုင်မည်ဖြစ်ကြောင်း Kirby က ဆိုသည်။

“Switchblade” ကို AeroVironment, Inc မှ တီထွင်ထုတ်လုပ်ထားပြီး ၎င်းမှာ ဝေဟင်တွင် ပစ်မှတ် တွေ့ရှိပြီးနောက် အသေခံ တိုက်ခိုက်သည့် ခရုဇ်ဒုံးကျည်ဖြစ်သည်။ “Switchblade” ၃၀၀ ၏ အလေးချိန်သည် ၂.၅ ကီလိုဂရမ်သာရှိပြီး ကျောပိုးအိတ်ထဲအတွင်း ထည့်ကာသယ်ဆောင်နိုင်ပြီး လေထဲတွင် ၁၅ မိနစ်အထိ ပျံသန်းနိုင်သည်။ ၎င်းထက်ကြီးသော “Switchblade” ၆၀၀ သည် လေထဲတွင် ၄၀ မိနစ်ကြာ ပျံသန်းနိုင်သည့်အပြင် သံချပ်ကာယာဉ်များကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်တပ်ဆင်ထားကြောင်း သိရသည်။

အမေရိကန်က ယူကရိန်းသို့ ထောက်ပံ့သည့် “Switchblade” ၏ မော်ဒယ်အမျိုးအစားကို Kirby က ရှင်းလင်းပြောကြားခြင်း မရှိခဲ့သော်လည်း မော်ဒယ် ၆၀၀ ဖြစ်နိုင်ခြေရှိသည်။ အမေရိကန်သည် ယူကရိန်းသို့ မော်ဒယ်နှစ်မျိုး တစ်ပြိုင်နက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd J. Austin က ဧပြီ ၅ ရက် လွှတ်တော်ကြားနာပွဲတွင် ပြောကြားခဲ့သည်။

“Switchblade” ဒုံးကျည်အမျိုးအစားသည် အမေရိကန် အစိုးရမှ မတ်လအစောပိုင်းတွင် ကြေညာခဲ့သည့် ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးသော ဒေါ်လာ သန်း ၈၀၀ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါ စစ်ရေး ထောက်ပံ့မှု အစီအစဉ်တွင် “Javelin” တင့်ဖျက်ဒုံးကျည် ၂၀၀၀ စင်း၊ AT-4 သံချပ်ကာဖျက်စနစ် အစုံ ၆၀၀၀၊ “Stinger”လေကြောင်း ကာကွယ်ရေးဒုံးကျည် ၈၀၀ နှင့် အခြားအပေါ့စားလက်နက်များ ပါဝင်ကြောင်း သိရသည်။

အမေရိကန်သည် ယူကရိန်းသို့ Javelin ဒုံးကျည်များအပါအဝင် ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိသည့် သံချပ်ကာစနစ်ဖျက် လက်နက်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဧပြီ ၅ ရက်တွင် ကြေညာခဲ့သည်။
အမေရိကန် အစိုးရသစ် ဖွဲ့စည်းပြီးချိန် ယခုနှစ် ဇန်နဝါရီလကတည်းက ယူကရိန်းသို့ “လုံခြုံရေး အထောက်အပံ့” ဒေါ်လာ ၂.၄ ဘီလီယံ ထောက်ပံ့ပေးခဲ့ရာ ယင်းတွင် ယူကရိန်းစစ်ပွဲစတင်ချိန် ထောက်ပံ့သည့် ဒေါ်လာ ၁.၇ ဘီလီယံလည်းပါဝင်ကြောင်း Kirby က ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ ဧပြီ ၆ ရက် ပြောကြားချက်အရ အမေရိကန်မှ ယူကရိန်းသို့ ထောက်ပံ့ပေးသည့် တင့်ဖျက်လက်နက်အရေအတွက်သည် ယူကရိန်းရှိ ရုရှားတင့်ကားအရေအတွက်၏ ၁၀ ဆ နီးပါးရှိကြောင်း သိရသည်။
အမေရိကန်သည် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များ တိုက်ရိုက်စေလွှတ်ခြင်း မရှိကြောင်း ငြင်းဆိုထားသော်လည်း ပဋိပက္ခပိုမိုပြင်းထန်စေရန် ဆက်လက်တွန်းအားပေးကာ အမေရိကန် လက်နက်ရောင်းဝယ်သူများအား စီးပွားဖြစ်ရန် လုပ်ဆောင်ခဲ့သည်။

ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်ရှိ လက်နက်ကန်ထရိုက်တာကြီး ၅ ခုလုံး၏ စတော့ရှယ်ယာဈေးနှုန်း အသီးသီးမြင့်တက်ခဲ့ရာ ၎င်းတို့အနက် ကုမ္ပဏီ ၃ ခု၏ စတော့ရှယ်ယာဈေးနှုန်း မြင့်တက်မှု ရာခိုင်နှုန်းမှာ ဆယ်ဂဏန်းအထိ ရောက်ရှိလာခဲ့ကြောင်း ရုရှား Sputnik က သတင်းဖော်ပြထားသည်။ ယခုနှစ်အတွင်း Lockheed Martin ၏ ရှယ်ယာဈေးနှုန်းမှာ ၂၅ ရာခိုင်နှုန်း၊ Raytheon ၊ Northrop Grumman နှင့် General Dynamics တို့၏ ရှယ်ယာဈေးနှုန်းမှာလည်း ၁၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့သည် ။ Raytheon နှင့် Lockheed Martin တို့သည် Javelin နှင့် Stinger ဒုံးကျည်ထုတ်လုပ်ကုမ္ပဏီများဖြစ်ကြသည်။ (Xinhua)

……………………
(Chinese Version
美国为乌克兰培训无人攻击机操作员
2022-04-07 16:40:46 分类: 政治法律
新华社北京4月7日电 美国军方6日证实,美方在乌克兰冲突爆发前就在美国培训乌方军事人员,且目前正培训他们如何操作无人攻击机,作为美方向乌方提供更多军援的配合。
五角大楼发言人约翰·柯比在记者会上说,美方向乌克兰提供的100套“弹簧刀”无人驾驶飞行器“如果不是已经运抵那里,也将很快运进乌克兰”。
柯比说,一队“人数很少”的乌克兰士兵去年秋季以来就在美国接受培训,“趁他们还在美国,我们利用这个机会用几天时间训练他们使用‘弹簧刀’”,他们返回乌克兰后可以培训其他乌军士兵。
“弹簧刀”由美国航空环境公司研制,属于巡飞弹,在空中发现目标后发动“自杀式”攻击。“弹簧刀”300型重量仅为2.5公斤,可放在背包内,可在空中巡航15分钟;更大的600型巡航时间达到40分钟,配备的弹头可攻击装甲车辆。
柯比拒绝说明美方向乌方所提供“弹簧刀”的具体型号,但“不排除”是600型。国防部长劳埃德·奥斯汀前一天在国会听证会上说,美方将同时提供两种型号。
2011年5月12日,澳大利亚士兵发射一枚“标枪反装甲导弹”。(新华社发,白雪摄)
“弹簧刀”是美国政府3月早些时候宣布的8亿美元对乌军事援助的一部分。那项军援计划还包括2000枚“标枪”反坦克导弹、6000套AT-4反装甲系统、800枚“毒刺”防空导弹,以及轻型武器等。
美国本月5日宣布将向乌方再提供价值1亿美元的反装甲武器,包括“标枪”导弹。
柯比6日说,新一届美国政府去年1月成立以来,已经向乌方提供总额24亿美元的“安全援助”,包括在乌克兰危机爆发后“砸”下的17亿美元。按照国务卿安东尼·布林肯6日的说法,美方提供的反坦克武器数量已经十倍于俄方在乌克兰的坦克。
美国拒绝直接派兵进入乌克兰,但持续“拱火”,带“火”美国军火商。
据俄罗斯卫星通讯社报道,乌克兰危机爆发后,美国五大防务承包商股价都上涨,其中三家的股价在俄方发起特别军事行动后首周内涨幅达到两位百分数。洛克希德-马丁公司股价今年已经上涨25%,雷神、诺思罗普-格鲁曼和通用动力公司股价涨幅都超15%。雷神和洛-马分别是“标枪”导弹和“毒刺”导弹的制造商。