Connect with us

Asia

အပြည်ပြည်ဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးအပေါ် တရုတ်နိုင်ငံ၏ အကျိုးဆောင်မှုများအား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ဇူလိုင် ၈ ရက်က ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်စဉ်(ဆင်ဟွာ)

ဘာလီကျွန်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အပြည်ပြည်ဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးကာကွယ်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏အကျိုးဆောင်မှုများကို ဇူလိုင် ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မိတ်ဆက်ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ယုံကြည်အားထားရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ရာ မိမိတို့အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ တရုတ်နိုင်ငံ၌ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်သိုလှောင်ရုံနှင့်အချက်အချာနေရာအဖြစ် ထားရှိရန် အားပေးထောက်ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)နှင့်အတူ ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ယုံကြည်မှုရန်ပုံငွေ(South-South Cooperation Trust Fund) တည်ထောင်၍ ကူညီပံ့ပိုးခဲ့ရာ ယင်းရန်ပုံငွေအောက်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နှင့်အတူ ပူးပေါင်း၍ ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ၄၀ ကျော်ကို အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ စိုက်ပျိုးရေးလယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုဇုန်များ ထားရှိခဲ့သလို နိုင်ငံနှင့် ဒေသပေါင်း ၁၄၀ ကျော်နှင့် လယ်ယာစိုက်ပျိုးသိပ္ပံနည်းပညာကဏ္ဍ နှီးနွယ်မှုများဆောင်ရွက်ခဲ့ကြောင်း၊ ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများသို့ စိုက်ပျိုးရေးနည်းပညာ ၁,၀၀၀ ကျော် ကျယ်ပြန့်အောင် ဆောင်ရွက်ခဲ့ရာတွင် စီမံကိန်းဇုန် လယ်ယာထွက်ကုန်သီးနှံ၏ ပျမ်းမျှအထွက်နှုန်း ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းတိုးအောင် အားဖြည့်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်တွင် တရုတ်နိုင်ငံသည် လိုအပ်သည့်ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စားနပ်ရိက္ခာ တန်ချိန် ၁၅,၀၀၀ ကျော် ကူညီပေးခဲ့သလို နောင်တွင်လည်း စားနပ်ရိက္ခာဖူလုံရေးမြှင့်တင်နိုင်ရန်အတွက် ဆက်လက်၍ ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
(国际)王毅谈中国为维护国际粮食安全所作贡献
2022-07-08 23:51:40
新华社印度尼西亚巴厘岛7月8日电(记者余谦梁)当地时间2022年7月8日,国务委员兼外长王毅在巴厘岛出席二十国集团外长会时介绍了中国为维护国际粮食安全问题所作贡献。
王毅说,中国是联合国和广大发展中国家在粮食安全领域的可靠合作伙伴。我们支持世界粮食计划署在华设立全球人道主义应急仓库和枢纽,同联合国粮农组织建立南南合作信托基金并提供资助,在南南合作援助基金项下与联合国粮农组织、世界粮食计划署合作实施40多个南南合作项目。同发展中国家建立农业合作区,同140多个国家和地区开展农业科技交流,向广大发展中国家推广农业技术1000多项,带动项目区农作物平均增产30%-60%。今年以来,中国已向有需要的发展中国家提供1.5万多吨紧急人道主义粮援,将继续为促进粮食安全作出新的努力。(完)