Connect with us

China

ထိုင်ဝမ်ရေလက်ကြားအခြေအနေ အလားအလာအသစ်အပေါ် သတိမူရမည့်အချက် ၃ ချက် ဝမ်ရိ ပြောကြား

အိန္ဒိယနိုင်ငံတွင် အရက်အတုပုလင်းများ ကိုင်ထားသူတစ်ဦးကို မေလ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ရေလက်ကြားအခြေအနေ အလားအလာသစ်များအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ယခုရက်ပိုင်း မွန်ဂိုလီးယားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ နီပေါနိုင်ငံ စသည်တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ၏ ထိုင်ဝမ်ဒေသခရီးစဉ်သည် လုံးဝဥဿုံ နိုင်ငံရေးရန်စမှုဖြစ်သည်မှာ သက်သေပြုပြီးဖြစ်ကြောင်း ၊ ယင်းလုပ်ဆောင်ချက်က အမေရိကန်၏ကတိကဝတ်များကို ဆိုးဝါးစွာ ချိုးဖောက်ခြင်း ဖြစ်သလို တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ဆိုးဝါးစွာ ထိပါးခြင်းလည်းဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မိမိ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ရန်၊ ပြည်တွင်းရေး မစွက်ဖက်ရေးဟူသော နိုင်ငံတကာဆက်ဆံရေးအခြေခံမူကို ကာကွယ်ရန်၊ ထိုင်ဝမ်ရေလက်ကြား စစ်မှန်သော တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်၍ခိုင်မာသော တန်ပြန် တုံ့ပြန်မှုများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုထိုင်ဝမ်ခရီးစဉ်သည်လည်း လုံးဝဥဿုံ နိုင်ငံရေးလုပ်ဇာတ်ဖြစ်သည်ကို သက်သေပြုပြီးဖြစ်ကြောင်း ဝမ်ရိက ထောက်ပြ ပြောကြားခဲ့သည်။ နန်စီပီလိုစီ၏ သရုပ်ပြမှုသည် နိုင်ငံတကာကို အမေရိကန်၏အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှု ပင်ကိုယ်စရိုက်အား ပိုမို ရှင်းလင်းစွာ သိရှိစေရုံသာဖြစ်သလို နိုင်ငံအသီးသီး၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒ သဘောတူညီချက်ကို ပို၍ ခိုင်မာစေမည်သာ ဖြစ်ပြီး တရုတ်ပြည်သူများကို ပို၍ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စေ၍ နိုင်ငံပေါင်းစည်းရေး မဟာလုပ်ငန်းကြီးကို ခိုင်မာစွာ တွန်းအားပေးဆောင်ရွက်သွားစေမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား အခြေအနေသည် လက်ရှိတွင် တိုးတက်မှုရှိနေဆဲဖြစ်ရာ မိမိတို့အနေဖြင့် အန္တရာယ်လားရာ သတိမူရမည့် အချက် ၃ ချက် ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ပထမအချက်မှာ အမေရိကန်အနေနှင့် အရှုံးဖြင့် ကျေနပ်မည်မဟုတ်ဘဲ အပေါင်းအဖော်အချို့စုစည်းကာ မီးလောင်ရာလေပင့် ပြုမည်ဖြစ်ပြီး ဒေသတွင်း စစ်ရေးဖြန့်ကြက်မှုကို တိုးချဲ့၍ အခြေအနေများ တစ်ဆင့်တိုး အရှိန်မြင့်တက်လာစေရန် အကျပ်အတည်းပိုမိုကြီးထွားလာအောင် ဖန်တီးရန် ကြိုးပမ်းလာမည်ကို သတိမူရမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး” အင်းအားစုများ အခြေအနေကို မှားယွင်းစွာ ကောက်ချက်ချကာ မိမိကိုယ်ကို အထင်ကြီးပြီး ပြည်တွင်းပြည်ပ အနီးကပ်ချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်၍ တိုင်းပြည်နှင့်လူမျိုး ကွဲပြားရေးလမ်းစဉ်ကို တစ်ဇွတ်ထိုး လမ်းလွဲစေလျက် ဝေးသထက်ဝေးအောင် လုပ်ဆောင် နေခြင်းများကို သတိမူရမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

တတိယအနေဖြင့် အချို့နိုင်ငံများရှိ နိုင်ငံရေးသမားများ၏ အမှားအမှန်ကို လျစ်လျူရှု၊ ရေစီးကြောင်းနောက်လိုက်၍ အခွင့်ကောင်းယူ၊ အတုယူပြီး နိုင်ငံရေး သရုပ်ပြ၍ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းမှုများကို သတိမူကြရမည် ဖြစ်ကြောင်း၊ ၎င်းမှာ တရုတ်နိုင်ငံနှင့်ဆက်ဆံရေး၊ နိုင်ငံရေးအခြေခံကို ဆိုးဝါးစွာ ပျက်စီးစေမည် ဖြစ်သလို ကုလသမဂ္ဂပဋိညာဉ်နှင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတကာစနစ်ကို ကြီးမားစွာ ရိုက်ခတ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရက 《ထိုင်ဝမ်ရေးရာနှင့် ခေတ်သစ် တရုတ်နိုင်ငံ ပေါင်းစည်းရေး》 စက္ကူဖြူစာတမ်းကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ထိုင်ဝမ်ရေးရာ၏ သမိုင်းဖြစ်စဉ်နှင့်မူဝါဒခံယူချက်များကို ဘက်စုံဖော်ပြထားရာ မူရင်းဇာစ်မြစ်ရှင်းလင်းစေရန်နှင့်ကမ္ဘာသို့ သက်ရောက်မှုအရှိဆုံး စကားသံပေးရန် ရည်ရွယ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ မိမိတို့သည် ငြိမ်းချမ်းရေးကို မြတ်နိုးပြီး တရားမျှတမှုကို လက်ကိုင်ထားသော နိုင်ငံအသီးသီးက မိတ်ဆွေများနှင့်အတူ တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို စွက်ဖက်သော ပြောဆိုလုပ်ဆောင်မှုများအား ခိုင်မာ ပြတ်သားစွာ ဆန့်ကျင်သွားမည်ဖြစ်သလို ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ဖျက်ဆီးသည့် အန္တရာယ်များသောလှုပ်ရှားမှုများအား ပြတ်သားစွာ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ အတူစောင့်ထိန်းကာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်အခြေခံမူများကို အတူကာကွယ်၍ ဒေသတွင်း တည်ငြိမ်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို အတူတကွ ကာကွယ် ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………………………

(Chinese Version)

(外事)王毅针对台海局势新动向提出“三个警惕”
2022-08-10 22:30:06 分类: 政治法律
新华社青岛8月10日电国务委员兼外长王毅近日在与蒙古国、韩国、尼泊尔外长接触中,针对台海局势新动向,阐明了中方的立场。
王毅强调,美国众院议长佩洛西窜访中国台湾地区,已被证实是一场彻头彻尾的政治挑衅。此举严重违反美方作出的承诺,严重侵犯中国的主权。中方从捍卫自身的主权和领土完整出发,从维护不干涉内政这一国际关系基本准则出发,从真正维护好台海的和平稳定出发,当然要做出必要和坚决的反制。
王毅指出,这次窜访也已被证明是一场彻头彻尾的政治闹剧。佩洛西的表演只会使国际社会更加认清美霸权霸凌的本质,只会让各国坚持一中政策的共识更加牢固,只会使中国人民更加团结一心,坚定不移推进国家统一大业。
王毅说,台海形势目前还在发展,我们尤其要警惕三个危险动向:
一是警惕美国不甘心失败,纠集一些伙计拱火浇油,加大地区军事部署,推动形势进一步升级,图谋制造新的更大危机。
二是警惕“台独”势力误判形势,不自量力,继续加紧内外勾连,在分裂国家和民族的道路上一意孤行,越走越远。
三是警惕一些国家的政治人物罔顾是非,跟风炒作,甚至企图借机效仿,进行政治表演,谋取政治私利。这将严重破坏与中国交往的政治基础,严重冲击联合国宪章和二战后国际体系。
王毅说,中国政府正式发布了《台湾问题与新时代中国统一事业》白皮书,全面阐述了台湾问题的历史经纬和政策主张,旨在正本清源,向世界发出最权威的声音。我们愿与热爱和平、主持公道的各国朋友们一起,坚决反对一切干涉中国内政的言行,坚决抵制一切破坏台海和平的冒险动向,共同守护好一个中国原则,共同捍卫联合国宪章宗旨原则,共同维护地区稳定与世界和平。(完)

1. 当地时间2022年8月5日,国务委员兼外长王毅在金边出席第12届东亚峰会外长会。 新华社发(万坡摄)