Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီမှ အဆင့်မြှင့်တင်ပြုပြင်ပေးသည့် လီသီယမ်သတ္တုတွင်း စီမံကိန်းကို ဇင်ဘာဘွေ သမ္မတ ဖွင့်လှစ်ပေး

ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa (လယ်)နှင့် ဒုတိယ သမ္မတ Constantino Chiwenga (ဝဲ) တို့ Bikita သတ္တုတွင်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားသို့ ဇွန် ၁၇ ရက်က တက်ရောက်စဉ် (ဆင်ဟွာ)

ဟာရာရီ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က ဇင်ဘာဘွေရှိ အကြီးဆုံး လီသီယမ်သတ္တုတွင်း Bikita အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဇွန် ၁၇ ရက်က ဖွင့်လှစ်ပေးခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ Masvingo ပြည်နယ်ရှိ Bikita သတ္တုတွင်းမြင်ကွင်းအား ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ Masvingo ပြည်နယ်ရှိ Bikita သတ္တုတွင်းမြင်ကွင်းအား ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီ Sinomine Resource Group သည် ယခုနှစ် ဇန်နဝါရီတွင် Bikita သတ္တုတွင်းကို ဝယ်ယူခဲ့ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန် လက်ရှိအဆောက်အအုံများအား ပြုပြင်မွမ်းမံခြင်းနှင့် ကုန်ချောထုတ်စက်ရုံသစ်များ တည်ဆောက်ခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။

စီမံကိန်းဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာ Mnangagwa က ဇင်ဘာဘွေ အစိုးရသည် နိုင်ငံအတွင်းသို့ တရုတ်လုပ်ငန်း ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်လိုသောဆန္ဒအား တန်ဖိုးထားကြောင်း၊ ယခုနှစ်များတွင် တရုတ်နိုင်ငံကုမ္ပဏီများက ဇင်ဘာဘွေ၏ အခြေခံအဆောက်အအုံ၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူနှင့် ဒေသတွင်းအတွက် ဘုံအကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။ ဇင်ဘာဘွေနိုင်ငံအား အကျိုးကျေးဇူးရှိရန် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပိုမိုများသော တရုတ်ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အခြားနိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဇင်ဘာဘွေ၏ လစ်သီယမ်အရင်းအမြစ်များ အပြည့်အဝဖွံ့ဖြိုးတိုးတက်စေပြီး ဇင်ဘာဘွေ၏ “၂၀၃၀ ပြည့်နှစ်တွင် သတ္တုတူးဖော်ရေးလုပ်ငန်း တန်ဖိုး ကန်ဒေါ်လာ ၁၂ ဘီလီယံ ရောက်ရှိရေး” ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း Mnangagwa က ပြောကြားခဲ့သည်။ ထို့အတူ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဇင်ဘာဘွေ၏ ကုန်ထုတ်လုပ်ငန်းအဆင့်မြှင့်တင်ပေးကာ စက်မှုလုပ်ငန်းငန်းကို ပိုမိုဖန်တီးပေးပြီး ကမ္ဘာ့အစိမ်းရောင်အရင်းအမြစ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများစွာ ပါဝင်ကူညီနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

Bikita သတ္တုတွင်းသည် ဇင်ဘာဘွေ မြို့တော် ဟာရာရီနှင့် ကီလိုမီတာ ၃၂၀ အကွာရှိ Masvingo ပြည်နယ်တွင် တည်ရှိကြောင်း သိရသည်။ ယင်းသတ္တုတွင်းကို အ‌နောက်တိုင်းသတ္တုကုမ္ပဏီက နှစ်ပေါင်းများစွာ အစုရှယ်ယာချုပ်ကိုင်ထားပြီး ကောင်းမွန်သော စီမံလည်ပတ်ခြင်းမရှိသည့်အတွက် ဒေဝါလီခံုလုနီးပါးဖြစ်ခဲ့သည်။ ပြုပြင်မွမ်းမံခြင်းစီမံကိန်း ပြီးဆုံးပါက Bikita သတ္တုတွင်း၏ ထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ အထိရောက်ရှိနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နေရာ ၁,၀၀၀ ကျော် ဖန်တီးပေးမည်ဖြစ်ကြောင်း Sinomine Resource Group တာဝန်ခံက မိတ်ဆက်ပြောကြားခဲ့သည်။(Xinhua)

……………………………………..
(Chinese Version)
津巴布韦总统为中资锂矿升级改造项目揭幕
新华社哈拉雷6月17日电(记者张玉亮)津巴布韦总统姆南加古瓦17日为该国最大锂矿比基塔矿升级改造项目揭幕。
中企中矿资源今年1月收购比基塔矿,计划投入2亿美元对现有设施进行改造、新建加工生产线等,以提升生产效率并为当地社区创造更多就业机会。
姆南加古瓦当天在揭幕式上表示,津政府珍视中资企业来津投资的意愿。近年来,许多中企投资于津巴布韦的基建、矿产、农业、通信等领域,实现了投资者和当地社区“双赢”。他欢迎更多中国投资者来津投资兴业。
姆南加古瓦说,他希望通过来自中国等国际资本的投资,使津巴布韦能够充分开发锂资源,助力该国实现“2023年矿业产值达120亿美元”的目标。他同时希望投资者帮助津巴布韦提升制造业发展水平,创造更多工业附加值,为全球绿色能源的发展贡献更多力量。
比基塔矿位于津巴布韦马斯温戈省,距首都哈拉雷约320公里。该矿曾被西方矿企控股多年,因经营不善处于破产边缘。据中矿资源负责人介绍,升级改造项目完工后,比基塔矿的年产值有望达到6亿美元,并为当地社区增加超过1000个就业岗位。(完)
图说1- 6月17日,津巴布韦总统姆南加古瓦(中)、副总统奇温加(左)在马斯温戈省参加比基塔矿升级改造项目揭幕仪式。新华社发(塔法拉·穆瓜拉摄)
图说2- 6月17日,在津巴布韦马斯温戈省的比基塔矿,工人从袋装锂精矿旁走过。新华社发(塔法拉·穆瓜拉摄)
图说3- 6月17日,在津巴布韦马斯温戈省的比基塔矿,工人从袋装锂精矿旁走过。新华社发(塔法拉·穆瓜拉摄)