Connect with us

မြန်မာ-中文

နေတိုးအဖွဲ့သာလျှင် ကမ္ဘာ့တည်ငြိမ်ရေးနှင့် လုံခြုံရေး၏ “စနစ်ကျသော စိန်ခေါ်မှု” ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဇွန် ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များက နေတိုးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် “မဟာဗျူဟာမြောက် အယူအဆ” စာရွက်စာတမ်းအတွင်း တရုတ်နှင့် ပတ်သက်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျော်လိကျန်းက ယင်းစာရွက်စာတမ်းပါ အကြောင်းအရာများက အမှန်တရားကို ပြောင်းပြန်လှန်ကာ လူအများကို ရှုပ်ထွေးစေကြောင်း၊ ခေါင်းမာစွာဖြင့် တရုတ်အား “စနစ်ကျသော စိန်ခေါ်မှု” အဖြစ် သတ်မှတ်ခြင်းက မှားယွင်းနေကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအပေါ် အထူးဂရုပြုကြောင်းနှင့် အခိုင်အမာဆန့်ကျင်ကြောင်း၊ “နေတိုးအဖွဲ့ကသာ ကမ္ဘာ့တည်ငြိမ်ရေးနှင့် လုံခြုံရေး၏ ‘စနစ်ကျသော စိန်ခေါ်မှု’ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ထိုနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက “နေတိုးအဖွဲ့က ဇွန် ၂၉ ရက် ကျင်းပတဲ့ မက်ဒရစ်ထိပ်သီးအစည်းအဝေးမှာ “မဟာဗျူဟာမြောက် အယူအဆ” စာရွက်စာတမ်း ထုတ်ပြန်ခဲ့တယ်။ အဲဒီစာတမ်းမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် ပြောခဲ့ပြီး တရုတ်နိုင်ငံက နေတိုးအဖွဲ့ရဲ့ တန်ဖိုးအယူအဆ၊ အကျိုးစီးပွားနဲ့ လုံခြုံရေးအပေါ် စိန်ခေါ်မှုဖြစ်နေကြောင်း၊ ထို့ပြင် ၎င်းတို့က တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးတည်ဆောက်မှု၊ စီးပွားရေး မူဝါဒ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုစတဲ့ နယ်ပယ်တွေမှာ ပြစ်တင်ရှုတ်ချခဲ့ပြီး တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ ထိတွေ့မှုတွေ ထိန်းသိမ်းရမယ်လို့ ပြောခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဂျပန်၊ တောင်ကိုရီးယားစတဲ့ အာရှ-ပစိဖိတ်နိုင်ငံ အကြီးအကဲတွေကိုလည်း ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ အဲ့ဒီအပေါ် ဘယ်လိုမှတ်ချက်ပြုပါသလဲ” ဟု မေးမြန်းခဲ့သည်။

ကျောက်လိကျန်းက နေတိုးအဖွဲ့၏ “မဟာဗျူဟာမြောက် အယူအဆ” စာရွက်စာတမ်းက အမှန်တရားကို ပြောင်းပြန်လှန်ကာ လူအများကို ရှုပ်ထွေးစေကြောင်း၊ ခေါင်းမာစွာဖြင့် တရုတ်အပေါ် “စနစ်ကျသော စိန်ခေါ်မှု” ဟူသော မှားယွင်းသည့် သတ်မှတ်ချက်ဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အပုပ်ချခြင်း၊ တရုတ်နိုင်ငံ၏ ပုံမှန်စစ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ရေးမူဝါဒအပေါ် လက်ညိုးထိုးပြောဆိုခြင်းက ထိပ်တိုက်ရင်ဆိုင်မှုကို သွေးထိုးလှုံ့ဆော်နေသည့်အပြင် စစ်အေးခေတ် အတွေးအမြင်နှင့် စိတ်သဘောထား အမြင်အရ မလိုမုန်းထားမှုများ ပြည့်နှက်နေသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် အထူးဂရုပြုမိကြောင်းနှင့် အခိုင်အမာဆန့်ကျင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လူအများသိမြင်သည့်အတိုင်း ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်သူ၊ နိုင်ငံတကာစည်းမျဉ်းကို ထိန်းသိမ်းသူဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မည်သည့်နိုင်ငံကိုမျှ ကျူးကျော်ခဲ့ခြင်း မရှိသလို ကိုယ်စားလှယ်စစ်ပွဲများ၊ စစ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ပြုလုပ်ပါဝင်ခြင်း မရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတည်ဆောက်ရေး၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးကို တွန်းအားပေးလုပ်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတကာ အသိုက်အဝိုင်းအတွက် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော အဓိကပြဿနာများ ဖြေရှင်းရန် အ‌ထောက်အကူပြုခဲ့သည်။ “တရုတ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ နေတိုးဖွဲ့မှ စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ‘စနစ်ကျသော စိန်ခေါ်မှု’ မဟုတ်ဘူးဆိုတာကို ကမ္ဘာ့ပြည်သူတွေက သိကြပါတယ်” ဟု ၎င်းက ဆိုသည်။

“ယှဉ်ပြောရမယ်ဆိုရင် နေတိုးအဖွဲ့ကသာ ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးရဲ့ ‘စနစ်ကျသော စိန်ခေါ်မှု’ ဖြစ်တယ်”ဟု ကျောက်လိကျန်းက ဆိုသည်။ နေတိုးအဖွဲ့သည် မိမိကိုယ်ကို ဒေသဆိုင်ရာနှင့် ကာကွယ်ရေး အဖွဲ့အစည်းဟု ပြောကြားနေသော်လည်း အမှန်တကယ်တွင် ၎င်းက နယ်မြေဒေသများကို ဖြတ်ကျော်ပြီး နေရာအနှံ့တွင် စစ်ပွဲဆင်နွှဲကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခဲ့ကြသည်။ တရုတ်နိုင်ငံပြည်သူများသည် လွန်ခဲ့သည့် ၂၃ နှစ်က အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့မှ ယူဂိုဆလားဗီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဗုံးကြဲခဲ့သည့် ရာဇဝတ်မှုကို မေ့လျော့မည်မဟုတ်ကြောင်း၊ လက်ရှိတွင် နေတိုးအဖွဲ့က စစ်အေးခေတ် အတွေးအမြင်နှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများကို ပုံတူကူးလုပ်ဆောင်ရန် ရည်ရွယ်၍ ၎င်း၏အရှိန်အဝါကို အာရှ-ပစိဖိတ်သို့ တိုးချဲ့လာခဲ့သည်။ အာရှ-ပစိဖိတ်ဒေသသည် ငြိမ်းချမ်းတည်ငြိမ်မှု စိတ်ဓာတ် မြင့်မားသောဒေသ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စိတ်အားထက်သန်သော ဒေသဖြစ်ရာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပျက်ပြားစေသည့် မည်သည့် လုပ်ဆောင်ချက်မဆို တရုတ်ပြည်သူနှင့် အာရှ-ပစိဖိတ် နိုင်ငံရှိ ပြည်သူများ၏ ကန့်ကွက်ခြင်းကို ခံရမည်ဖြစ်ပြီး လုံးဝအောင်မြင်နိုင်မည်မဟုတ်ဟု ကျောက်လိကျန်းက ဆိုသည်။

” ‘တရုတ်ခြိမ်းခြောက်မှု’ ဟု ချဲ့ကားပြောဆိုခြင်းက အချည်းနှီးသာဖြစ်တယ်လို ကျွန်တော်တို့က နေတိုးအဖွဲ့ကို သတိပေးလိုပါတယ်၊ နေတိုးအဖွဲ့အနေနဲ့ တရုတ်အပေါ် အခြေအမြစ်မရှိ ပြစ်တင်မှု၊ ရန်လိုမှတ်ချက်ပြုမှုကို ရပ်တန့်ပြီး၊ ခေတ်တုံးနေတဲ့ စစ်အေးခေတ်နဲ့ သူနိုင်ကိုယ်နိုင် ယှဉ်ပြိုင်မှု အ‌တွေးအမြင်တွေကို စွန့်လွှတ်ကာ စစ်အင်အားအပေါ် အယူသီးမှုနဲ့ စစ်အင်အားအရ လုံးဝလုံခြုံရေးရယူမှုလိုမျိုး မှားယွင်းတဲ့လုပ်ဆောင်ချက်ကို ရပ်တန့်သင့်ပါတယ်။ ဥရောပအနေနဲ့ အာရှ-ပစိဖိတ် ကို ရှုပ်ထွေးအောင် လုပ်ဆောင်နေတဲ့ အန္တရာယ်ရှိတဲ့လုပ်ရပ်တွေကိုလည်း စွန့်လွှတ်သင့်ပါတယ်။ သူတို့ လုပ်ဆောင်သင့်တဲ့အရာမှာ ဥရောပနဲ့ ကမ္ဘာကြီး လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေလုပ်သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

………………………
(Chinese Version)
外交部:北约才是世界安全稳定的“系统性挑战”
新华社北京6月30日电(记者成欣)针对北约近日出台的新“战略概念”文件中涉华内容,外交部发言人赵立坚6月30日表示,该文件罔顾事实、颠倒黑白,顽固坚持对华“系统性挑战”的错误定位,中方对此严重关切并坚决反对,“北约才是世界安全稳定的‘系统性挑战’”。
在当日例行记者会上,有记者问:6月29日,北约马德里峰会出台新“战略概念”文件,文件首次提及中国,声称中国对北约价值观、利益和安全造成挑战,并对中国国防建设、经济政策、技术发展等领域多加指责,同时又说要保持对华建设性接触。峰会还首次邀请日本、韩国等亚太国家领导人参会。中方对此有何评论?
赵立坚表示,北约所谓的新“战略概念”文件罔顾事实、颠倒黑白,顽固坚持对华“系统性挑战”的错误定位,抹黑中国对外政策,对中国正常的军事发展和国防政策说三道四,鼓动对抗对立,充满冷战思维和意识形态偏见。中方对此严重关切并坚决反对。
赵立坚说,众所周知,中国始终是世界和平的建设者、全球发展的贡献者、国际秩序的维护者。中国从来没有侵略过任何国家,从来不搞代理人战争,也不参加或者组建任何军事集团。中国坚持走和平发展道路,推动构建人类命运共同体,推进高质量共建“一带一路”,提出并践行全球发展倡议、全球安全倡议,为国际社会解决和平发展等重大问题提供了大量公共产品。“全世界人民都清楚,中国是世界和平发展的大好机遇,而不是北约臆想出来的什么‘系统性挑战’。”
“相比而言,北约才是世界安全稳定的‘系统性挑战’。”赵立坚说,北约宣称自身是区域性、防御性组织,实际上却不断突破地域和领域,到处发动战争、杀害无辜平民,双手沾满了世界人民的鲜血。中国人民不会忘记23年前以美国为首的北约轰炸中国驻南联盟使馆的罪行。现在北约又把触角伸向亚太,妄图输出冷战思维,复制阵营对抗。亚太是和平稳定的高地、合作发展的热土,任何损害本地区和平稳定、破坏本地区团结合作的行径,都将遭到中国人民和亚太国家人民的共同反对,注定不会得逞。
“我们要正告北约,渲染、炒作所谓‘中国威胁’完全是徒劳的。北约应立即停止针对中方的无端指责和挑衅言论,放弃冷战思维、零和博弈的过时理念,放弃迷信军事武力、谋求绝对安全的错误做法,放弃搞乱欧洲、搞乱亚太的危险行径。他们应该做的是为欧洲和世界安全稳定做些好事。”他说。(完)