Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ ကရင်မလင်နန်းတော်တွင် တွေ့ဆုံနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၀ ရက် ညနေပိုင်းက ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိခဲ့ပြီး ဖိတ်ကြားချက်အရ ကရင်မလင်နန်းတော်တွင် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်-ရုရှား ဆက်ဆံရေးနှင့် အတူဂရုပြုကြသော ကိစ္စရပ်များအပေါ် နက်ရှိုင်းပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရုရှားနိုင်ငံ သမ္မတ ပူတင်၏ ဖိတ်ကြားမှုနှင့် ရုရှားနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ် ထပ်မံ ရောက်ရှိလာရခြင်းအတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်က တရုတ်နိုင်ငံ သမ္မတအဖြစ် မိမိ တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း ပထမဆုံး အလည်အပတ်ခရီးစဉ်ကို ရုရှားနိုင်ငံအား ရွေးချယ်ခဲ့သည်ကို ယနေ့ထိတိုင် မှတ်မိလျက်ရှိကြောင်း ၊ ၁၀ နှစ်ကြာ ကာလတွင် မိမိနှင့် သမ္မတ ပူတင်တို့သည် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ပါတီညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပြန်လည်ရွေးချယ်ခံရသည့် အချိန်ကဖြစ်စေ၊ မကြာသေးမီက တရုတ်နိုင်ငံ သမ္မတအဖြစ် ထပ်မံရွေးချယ်ခံရသည့်အချိန်က ဖြစ်စေ သမ္မတ ပူတင်က ပထမဦးဆုံး ဂုဏ်ပြုလွှာ ပေးပို့ခဲ့သည့်အတွက် အထူး ကျေးဇူးတင်ရှိကြောင်း၊ ရုရှားနိုင်ငံတွင်လည်း လာမည့်နှစ်တွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ သမ္မတ ပူတင်၏ ခိုင်မာအားကောင်းသော ဦးဆောင်မှုတွင် ရုရှားနိုင်ငံသည် အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပါကြောင်း၊ ရုရှားပြည်သူများကလည်း သမ္မတ ပူတင်အား ဆက်လက် ခိုင်မာစွာ ထောက်ခံအားပေးမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ရုရှား ဆက်ဆံရေး ယနေ့အထိ ဖွံ့ဖြိုးတိုးတက်နေရခြင်းမှာ နက်နဲသော သမိုင်းယုတ္တိရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ အကြီးဆုံး အိမ်နီးချင်းနိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အနေဖြင့် တရုတ်-ရုရှား ဆက်ဆံရေးသည် သံတမန်ရေးရာကဏ္ဍစုံနှင့် နိုင်ငံခြားရေးရာမူဝါဒများတွင် အပြန်အလှန်အားဖြင့် ဦးစားပေးနေရာ၌ အသီးသီးရှိကြကြောင်း၊ တရုတ်နိုင်ငံသည် သီးခြားလွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်အမြဲ လက်ကိုင် ကျင့်သုံးလျက်ရှိကြောင်း ၊ တရုတ်-ရုရှား ဆက်ဆံရေး ခိုင်မာကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံက မိမိနိုင်ငံ၏ အခြေခံအကျိုးစီးပွားနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသော မဟာဗျူဟာ ရွေးချယ်မှု ဖြစ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံစလုံးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အားထားဆောင်ရွက်သလို ကမ္ဘာ့ဗဟုအသွင်ပြောင်းရေးကို ထောက်ခံအားပေးပြီး နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို တွန်းအားပေးကြကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နောက်တစ်ဆင့် နက်ရှိုင်းစွာ ဆောင်ရွက်ရမည်ဖြစ်သလို ကုလသမဂ္ဂစသည့် နိုင်ငံစုံပလက်ဖောင်းတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအသီသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီ၍ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေး၏ ပင်မထောက်တိုင်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ပူတင်က သမ္မတရှီကျင့်ဖိန်အနေဖြင့် ရုရှားနိုင်ငံသို့ နိုင်ငံတော်အလည်အပတ် ခရီးစဉ် လာရောက်သည့်အပေါ် လှိုက်လှဲစွာ ကြိုဆိုကြောင်းနှင့် တရုတ်နိုင်ငံ သမ္မတအဖြစ် ရှီကျင့်ဖိန် ထပ်မံရွေးချယ်ခံရသည့်အတွက် လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သော ၁၀ နှစ်ကြာ ကာလတွင် တရုတ်နိုင်ငံ၏ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာအာရုံစူးစိုက်ဖွယ် ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့ကြောင်း၊ ၎င်းမှာ သမ္မတ ရှီကျင့်ဖိန်၏ ထူးချွန်ကောင်းမွန်သော ဦးဆောင်မှုများကြောင့် ဖြစ်သလို တရုတ်နိုင်ငံ၏ အမျိုးသားနိုင်ငံရေးစနစ်နှင့် စီမံအုပ်ချုပ်ရေးစနစ်၏ သာလွန်ကောင်းမွန်မှုများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်၏ ခိုင်မာအားကောင်းသော ဦးဆောင်မှု အောက်တွင် တရုတ်နိုင်ငံသည် ဆက်လက်ကြွယ်ဝစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သလို ကဏ္ဍအသီးသီး သတ်မှတ်ထားသော ရည်မှန်းချက်ကြီးများသည် အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်း၊ နှစ်ဘက်အတူတကွ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခုနှစ်ပိုင်းများတွင် ရုရှား-တရုတ် ဆက်ဆံရေးသည် ကဏ္ဍအသီးသီး၌ အောင်မြင်မှုများစွာ ရရှိခဲ့ပါကြောင်း၊ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်ဘက်လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်သွားပြီး နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ ကမ္ဘာ့ဗဟုအသွင်ပြောင်းရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရေးကို တွန်းအားပေးဆောင်ရွက် သွားလိုကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ နှစ်ဘက်အကြား အမြင်သဘောထားခြင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။
သမ္မတ ရှီကျင့်ဖိန်က ယူကရိန်းအရေးတွင် ငြိမ်းချမ်းရေးနှင့် ဆင်ခြင်တုံတရား လက်ကိုင်ထားရေး အသံများ ပိုမိုများပြားလာခဲ့ကြောင်း၊ နိုင်ငံအများစုက အကျပ်အတည်းဖြေလျှော့မှု၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို အားပေးထောက်ခံပြီး မီးလောင်ရာလေပင့်လုပ်ဆောင်မှုကို ဆန့်ကျင်ကြကြောင်း၊ သမိုင်းအရကြည့်မည်ဆိုလျှင် ပဋိပက္ခ၏ နောက်ဆုံးတွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြင့်သာ ဖြေရှင်းကြရကြောင်း ပြောကြားခဲ့သည်။ မကြာသေးမီက တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေးရပ်တည်ချက်စာတမ်းကို ထုတ်ပြန်ခဲ့ရာ နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရန် တိုက်တွန်းပြီး စစ်အေးခေတ်အတွေးအခေါ်နှင့်တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည်ဟု ဖော်ပြခဲ့ပါကြောင်း၊ အခက်အခဲများလေလေ၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းထားရှိရလေလေ၊ ပဋိပက္ခပို၍ပြင်းထန်လေလေ တွေ့ဆုံဆွေးနွေးမှုကြိုးပမ်းခြင်းကို လက်လွှတ်ထား၍မရလေလေ ဖြစ်သည်ဟု မိမိတို့ အနေဖြင့် ယူဆကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအရေးဖြေရှင်းမှုကို တွန်းအားပေးဆောင်ရွက်ရာတွင် အပြုသဘော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားလိုကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ပူတင်က ရုရှားနိုင်ငံ အနေဖြင့် နိုင်ငံတကာရေးရာ အရေးကြီးကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ တရားသော၊ သမာသမတ်ကျသော၊ မျှတမှုရှိသော ရပ်တည်ချက်ကို တန်ဖိုးထားကြောင်း ၊ ယူကရိန်းအကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက် စာတမ်းကို ရုရှားနိုင်ငံက ဂရုပြုလေ့လာခဲ့ကြောင်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို တံခါးဖွင့်ထားသလို ထို့အတွက် တရုတ်နိုင်ငံ၏အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

မတ် ၂၁ ရက်၌ ထပ်မံတွေ့ဆုံဆွေးနွေးရာတွင် အနာဂတ်ကာလ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု အစီအစဉ်ရေးဆွဲရေးကို မျှော်လင့်ကြောင်း တရုတ်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များက ပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(Chinese Version)

习近平会见俄罗斯总统普京
新华社莫斯科3月20日电(记者郝薇薇 石昊)当地时间3月20日下午,刚刚抵达莫斯科的国家主席习近平应约在克里姆林宫会见俄罗斯总统普京。
习近平抵达时,克里姆林宫司令在下车处迎接。普京总统同习近平热情握手并合影。两位元首就中俄关系及共同关心的问题进行了深入、坦诚的交流。
习近平指出,很高兴应普京总统邀请,再次对俄罗斯进行国事访问。十年前我就任国家主席后首次出访就选择了俄罗斯,至今记忆犹新。十年来,我同普京总统保持了密切联系。无论是我在中共二十大上连任中共中央总书记,还是前不久再次当选中国国家主席,你都第一时间给我发来贺电,我深表感谢。俄罗斯明年将举行总统选举。在你坚强领导下,俄罗斯发展振兴取得长足进展。我坚信,俄罗斯人民一定会继续给予你坚定支持。
习近平强调,中俄关系发展到今天,有其深刻的历史逻辑。作为最大邻国和全面战略协作伙伴,中俄关系在各自外交全局和对外政策中都占据优先地位。中国历来奉行独立自主的外交政策。把中俄关系巩固好、发展好,是中方基于自身根本利益和世界发展大势作出的战略抉择。中方同俄方加强战略协作的大方向坚定不移。中俄都致力于实现国家发展振兴,都支持世界多极化,都推动国际关系民主化。双方要进一步深化各领域务实合作,加强在联合国等多边平台的协调配合,助力各自国家发展振兴,做世界和平稳定的中流砥柱。
普京热烈欢迎习近平对俄罗斯进行国事访问,对习近平连任中国国家主席再次表示热烈祝贺。普京表示,过去十年来,中国各方面发展都取得令世人瞩目的伟大成就,这归功于习近平主席的卓越领导,也证明了中国国家制度和治理体系的优越。我坚信,在习近平主席坚强领导下,中国必将继续发展繁荣,顺利实现各项既定宏伟目标。在双方共同努力下,近年来俄中关系在各领域都取得了丰硕成果。俄方愿同中方继续深化双边务实合作,加强在国际事务中的沟通协作,推动世界多极化和国际关系民主化进程。
双方就乌克兰问题深入交换意见。习近平强调,在乌克兰问题上,和平、理性的声音在不断积聚,大多数国家都支持缓和紧张局势,主张劝和促谈,反对火上浇油。历史上看,冲突最后都需要通过对话和谈判解决。不久前,中方专门发表了立场文件,呼吁政治解决乌克兰危机,反对冷战思维,反对单边制裁。我们认为,越是困难重重,越要为和平留下空间;越是矛盾尖锐,越不能放弃对话努力。中方愿继续为推动政治解决乌克兰问题发挥建设性作用。
普京表示,俄方赞赏中方在重大国际问题上一贯秉持公正、客观、平衡立场,主持公平正义。俄方认真研究了中方关于政治解决乌克兰问题的立场文件,对和谈持开放态度,欢迎中方为此发挥建设性作用。
两国元首表示,期待明天再次会谈,规划未来一个时期中俄全面战略协作伙伴关系新蓝图。(完)
图说:当地时间3月20日下午,刚刚抵达莫斯科的国家主席习近平应约在克里姆林宫会见俄罗斯总统普京。新华社记者 申宏 摄