Connect with us

China

အမေရိကန်သို့ ချိုက်အင်းဝမ် သွားရောက်ခြင်းအပေါ် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြု ပြောကြား

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်သို့ ချိုက်အင်းဝမ် သွားရောက်ခြင်းအပေါ် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၆ ရက်တွင် မှတ်ချက်ပြု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မိမိတို့အနေဖြင့် အမေရိကန်-ထိုင်ဝမ် အစိုးရသွားလာဆက်ဆံမှု ပုံစံမှန်သမျှကို အခိုင်အမာ ဆန့်ကျင်ကန့်ကွက်သလို ထိုင်ဝမ်ဒေသခေါင်းဆောင်က မည်သည့် ခေါင်းစဉ်၊ မည်သည့်အကြောင်းပြချက်နှင့်မဆို အမေရိကန်သို့ သွားရောက်ခြင်းကို ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ၊ အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို ချိုးဖောက်ပြီး ထိုင်ဝမ် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP)အာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံမှု ပုံစံမှန်သမျှကို အခိုင်အမာ ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးတွင် အမေရိကန်က တရုတ်နိုင်ငံသို့ ပေးထားသော လေးနက်တည်ကြည်သည့်နိုင်ငံရေးကတိစကားကို လိုက်နာရန်၊ တရုတ်ပြည်တွင်းရေးအား ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအား ရပ်တန့်ရန်၊ အမေရိကန်-ထိုင်ဝမ် အစိုးရ အသွားအလာနှင့် အမေရိကန်-ထိုင်ဝမ် လက်တွေ့ဆက်ဆံရေး အဆင့်မြှင့်မှုကို ရပ်တန့်ရန်၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ၏ အနက်အဓိပ္ပါယ်ကို လျော့နည်းပပျောက်အောင် ဆောင်ရွက်နေမှုကို ရပ်တန့်ရန် မိမိတို့အနေဖြင့် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် သမိုင်းပေးတာဝန်ကို ခိုင်မာစွာ ထမ်းဆောင်သွားမည် ဖြစ်ပြီး အချိန်နှင့်အမျှ သတိထား အသင့်ပြင်ထားမည်ဖြစ်ကာ နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည်စုံမှုကို အခိုင်အမာ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သလို ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
国防部新闻发言人就蔡英文“过境”窜美发表谈话
新华社北京4月6日电国防部新闻发言人6日就蔡英文“过境”窜美发表谈话。
发言人指出,我们坚决反对任何形式的美台官方往来,坚决反对台湾地区领导人以任何名义、任何理由窜美,坚决反对美方违反一个中国原则和中美三个联合公报规定,同民进党当局进行任何形式的接触。我们敦促美方信守在台湾问题上向中方作出的严肃政治承诺,停止粗暴干涉中国内政,停止美台官方往来和升级美台实质关系,停止虚化、掏空一个中国原则。中国人民解放军坚守职责使命,时刻保持高度戒备,坚决捍卫国家主权和领土完整,坚决维护台海和平稳定。(完)