Connect with us

China

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပြည်ပရေးရာကော်မတီက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီ နှင့် ချိုက်အင်းဝမ် တွေ့ဆုံမှုအပေါ် ကြေညာချက်ထုတ်ပြန်

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီစသည့် လွှတ်တော်အမတ်များသည် ထိုင်ဝမ်ဒေသ ခေါင်းဆောင် ချိုက်အင်းဝမ်နှင့် ဧပြီ ၆ ရက်တွင် တွေ့ဆုံခဲ့သည့်အပေါ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပြည်ပရေးရာ ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံမှာ –

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီ စသည့် လွှတ်တော်အမတ်များသည် တရုတ်နိုင်ငံ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုနှင့် အလေးအနက် ပြောဆိုနေမှုများကို ဂရုမပြုဘဲ နိုင်ငံဖြတ်ကျော် ရောက်ရှိလာသော ထိုင်ဝမ်ဒေသ ခေါင်းဆောင် ချိုက်အင်းဝမ်နှင့် ခေါင်းမာစွာ တွေ့ဆုံခဲ့သည်။ ထိုလုပ်ဆောင်မှုသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်း ဖြစ်သလို နိုင်ငံတကာ ဥပဒေနှင့်နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ဆိုးဝါးစွာ ချိုးဖောက်ခြင်း၊ တရုတ်နိုင်ငံအချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ဆိုးဝါးစွာ ထိပါးခြင်း ဖြစ်သည်။ ထို့အပေါ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်၍ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာတွင် တစ်နိုင်ငံတည်းရှိရာ ထိုင်ဝမ်သည် တရုတ်နယ်မြေပိုင်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်း ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်သည်။ 《ကိုင်ရို ကြေညာချက်》၊ 《ပေါ့စ်တန် ကြေညာချက်》အပါအဝင် နိုင်ငံတကာ ဥပဒေစာရွက်စာတမ်းများတွင် ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အတိအလင်းဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုင်ဝမ်သည် နိုင်ငံတကာဥပဒေတွင် သီးခြား ရပ်တည်ခွင့်မရှိပေ။ အမေရိကန်အစိုးရ၏ ထိပ်တန်း တတိယ ပုဂ္ဂိုလ်အနေဖြင့် ကယ်ဗင် မက်ကာသီ၏ လုပ်ရပ်များသည် ထိုင်ဝမ်အရေးတွင် အမေရိကန်က တရုတ်အပေါ် ထားရှိသည့် ကတိကဝတ်များကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်း ဖြစ်သလို “ထိုင်ဝမ် လွတ်လပ်ရေး” ခွဲထွက်ရေး အင်အားစုများကို ဆိုးဝါးစွာ မှားယွင်းသော သတင်းစကားပေးခြင်း ဖြစ်ရာ သမိုင်းဖြစ်ရပ်မှန်နှင့်တရားမျှတမှုကို ချေဖျက်ခြင်း၊ နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို ချိုးဖောက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုမှာ ထိပါးကျူးကျော်၍မရသလို ခွဲခြား၍မရပါ။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်က ရေးဆွဲ ဖော်ဆောင်သော《ခွဲထွက်ရေး ဆန့်ကျင်တိုက်ဖျက်မှု ဥပဒေ》သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထားရှိမှု၊ “ထိုင်ဝမ် လွတ်လပ်ရေး” ခွဲထွက်ခြင်းကို တားဆီထိန်းချုပ်ခြင်း၊ ပြည်ပအင်အားစုများ ထိုင်ဝမ်အရေး စွက်ဖက်မှုကို ဆန့်ကျင်ခြင်း စသည့် အရေးကြီးကိစ္စရပ်များအတွက် သတ်မှတ်ချက်များ အတိအလင်း ဖော်ပြထားသည်။ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို တားဆီးထိန်းချုပ်”ခြင်း၊ “ထိုင်ဝမ် လွတ်လပ်ရေး ” ခွဲထွက်ရေး အင်အားစုများကို လက်လွှတ်အားပေးခြင်း ဟူသော အကြံအစည်မှန်သမျှသည် နောက်ဆုံးတွင် ရှုံးနိမ့်မည် ဖြစ်သလို “ပြည်ပအားကိုးဖြင့် ထိုင်ဝမ်လွတ်လပ်ရေး ကြံစည်ခြင်း”၊ အမိနိုင်ငံ ပေါင်းစည်းမှုကို ဖျက်ဆီးခြင်း လုပ်ရပ်မှန်သမျှသည် ဥပဒေ၏ အရေးယူမှုကို ခံရမည် ဖြစ်သည်။

ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ ဗဟိုအကျိုးစီးပွား၏ အချက်အချာဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးတွင် နိုင်ငံရေးအခြေခံထဲက အခြေခံ ဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပထမဆုံး ကျော်လွှား၍မရသော မျဉ်းနီ ဖြစ်သည်။ မိမိတို့အနေဖြင့် အမေရိကန်-ထိုင်ဝမ် အစိုးရ ဆက်ဆံမှု မည်သည့်ပုံစံမျိုးမဆို ခိုင်မာစွာ ကန့်ကွက်သလို အမေရိကန် အစိုးရနှင့် လွှတ်တော်က တရုတ်တစ်နိုင်ငံတည်းမူဝါဒ၏ အနက်အဓိပ္ပါယ်ကို လျော့ပါးအောင် ဆောင်ရွက်နေများကို ရပ်တန့်ရန်၊ မျဉ်းနီဖြတ်ကျော်သော အန္တရာယ်များသည့် လုပ်ဆောင်မှုများကို ရပ်တန့်ရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံကို ဖျက်ဆီးနေမှုအား ရပ်တန့်ရန် အလေးအနက် တိုက်တွန်းလိုက်သည်။ (Xinhua)
…………………………………
(Chinese Version)
(外事)全国人大外事委员会就美国国会众议长麦卡锡会见蔡英文发表声明
新华社北京4月6日电4月6日,针对美国国会众议长麦卡锡等国会议员在美国会见台湾地区领导人蔡英文,全国人大外事委员会发表声明。全文如下:

4月6日,美国国会众议长麦卡锡等国会议员不顾中方强烈反对和严正交涉,执意会见“过境”窜美的台湾地区领导人蔡英文。此举严重违反一个中国原则和中美三个联合公报规定,严重违背国际法和国际关系基本准则,严重损害中方主权和领土完整。中国全国人大对此坚决反对,予以强烈谴责。
世界上只有一个中国,台湾是中国领土不可分割的一部分,中华人民共和国政府是代表全中国的唯一合法政府。包括《开罗宣言》《波茨坦公告》在内的一系列国际法文件,都明确了中国对台湾的主权。台湾除了作为中国的一部分,没有其他国际法地位。麦卡锡众议长作为美国政府三号政治人物,所作所为严重违背美方在台湾问题上对中方所作承诺,向“台独”分裂势力发出严重错误信号,是对历史事实和正义的践踏,是对国际法治的破坏。
中国的主权和领土完整不容侵犯、不容分割。全国人民代表大会制定实施的《反分裂国家法》对坚持一个中国原则、遏制“台独”分裂、反对外部势力干涉台湾问题等重大问题作出明确规定。任何搞“以台制华”、支持纵容“台独”分裂势力的图谋终将失败,任何搞“挟洋谋独”、破坏祖国统一的行径终将受到法律的制裁。
台湾问题是中国核心利益中的核心,是中美关系政治基础中的基础,是中美关系第一条不可逾越的红线。我们坚决反对任何形式的美台官方往来,严正敦促美国政府和国会停止歪曲虚化掏空一个中国原则,停止跨越红线的冒险行径,停止损害中美关系的政治基础。(完)