Connect with us

Media

တရုတ်နိုင်ငံက ပထမဆုံး တင်သွင်းသော ကင်ညာနိုင်ငံ၏ သဘာဝ ငါးပါးနီ ထုတ်ကုန်ပစ္စည်းများ တရုတ်-အာဖရိက ကုန်စည်ပြပွဲတွင် ပြသ

ကွားလေ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပထမဆုံး တင်သွင်းသော ကင်ညာနိုင်ငံ၏ ငါးပါးနီထုတ်ကုန်ပစ္စည်းများသည် ဇွန်လ ၂၉ ရက်က ဟူနန်ပြည်နယ် ချန်ဆားမြို့၌ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် တရုတ်-အာဖရိက ကုန်စည်ပြပွဲတွင် ပါဝင် ပြသခဲ့သည်။

ထိုမတိုင်မီ ကင်ညာမှ တရုတ်သို့ ငါးပါးနီ ပထမအကြိမ် တင်ပို့ခြင်း အခမ်းအနားကို ကင်ညာနိုင်ငံ ကွားလေ(Kwale) ခရိုင် ရှမိုးနီ(Shimoni)မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ကနဦးကုန်ချောစက်ရုံတွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ငါးပါးနီခြောက် သေတ္တာ ၂၇ သေတ္တာကို လေကြောင်းမှပို့ဆောင်ခဲ့ရာ ဇွန် ၂၆ ရက်က ဟူနန်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး အကောက်ခွန် စစ်ဆေးခြင်းနှင့်ရောဂါပိုးမွှားစစ်ဆေးမှုများပြီးနောက် Jinzai စားသောက်ကုန် ဖိန်ကျန်း ထုတ်လုပ်ရေးစခန်းသို့ ပို့ဆောင်ခဲ့သည်။

ယခုအကြိမ် တင်ပို့မှုက တရုတ်နှင့်ကင်ညာ နှစ်နိုင်ငံကြား ငါးလုပ်ငန်း ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသော တိုးတက်မှု ဖြစ်သည်။ ကင်ညာ သဘာဝ ငါးပါးနီ ထုတ်ကုန်ပစ္စည်းများ တင်သွင်းရေး ဆောင်ရွက်ပေးခဲ့သည့် Jinzai Food Group ကုမ္ပဏီလီမိတက်သည် ၂၀၁၈ ခုနှစ်က ကင်ညာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စက်ရုံတည်ဆောက်ခဲ့သည်။ ကင်ညာနိုင်ငံ ပင်လယ်သဘာဝ ပတ်ဝန်းကျင်နှင့် ငါးပါးနီ ပေါကြွယ်ခြင်းကြောင့် ကုမ္ပဏီအနေဖြင့် ဒေသခံတံငါသည်များကို စုစည်း၍ ငါးဖမ်းလုပ်ငန်းဆောင်ရွက်ခြင်းနှင့်ဝယ်ယူပေးခြင်း၊ ကနဦး ကုန်ချောဖြစ်သော ငါးခြောက်လေးများကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည်။ ယင်းကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်းတွင် ကင်ညာမှ တရုတ်သို့ ငါးခြောက် တန်ချိန် ၁,၇၀၀ ကျော် တင်ပို့နိုင်မည် ဖြစ်ပြီး ဒေသခံ ၅၀၀ ကျော်ကို အလုပ်အကိုင် နေရာ ချထားပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယခုနှစ်ပိုင်းများတွင် အာဖရိကမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှု အရှိန်အဟုန် မြင့်တက်ခဲ့ရာ လက်ရှိတွင် တရုတ်နိုင်ငံသည် အာဖရိက လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်သည်။ ယခုနှစ် ပထမ ၅ လတွင် တရုတ်နိုင်ငံက အာဖရိကမှ တင်သွင်းသော လယ်ယာထွက်ကုန်ပစ္စည်းမှာ ယွမ် ၁၆.၁၅ ဘီလီယံရှိခဲ့ပြီး ယခင်ကာလတူများထက် ၂၆.၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
中国首次进口肯尼亚野生鳀鱼产品亮相中非经贸博览会
6月29日,中国首次进口的肯尼亚野生鳀鱼产品在湖南长沙开幕的第三届中非经贸博览会上亮相。
此前,肯尼亚鳀鱼对华出口首发仪式已在该国东部沿海地区夸莱郡希莫尼镇水产品初加工厂内举行,现场封装的首批27箱干制鳀鱼经空运于6月26日抵达湖南长沙,并顺利通过海关检验检疫,运往劲仔食品平江生产基地。
此次“小鱼东游”是中国与肯尼亚渔业贸易合作的重要进展。促成此次进口肯尼亚野生鳀鱼产品的企业劲仔食品集团股份有限公司于2018年在肯尼亚投资建厂。依托肯尼亚良好的海域环境和丰富的鳀鱼资源,公司组织当地渔民捕捞并集中采购,初加工成小鱼干出口到中国。该公司今年预计将实现肯尼亚对华出口小鱼干1700多吨,带动当地500多人就业。
海关数据显示,近年来,非洲对华农产品出口增长迅速,中国目前已经成为非洲农产品出口第二大目的地国。今年前5个月,中国共进口非洲农食产品161.5亿元、同比增长26.5%。
1. 工作人员在位于肯尼亚夸莱郡希莫尼镇的水产品初加工厂内准备清洗鳀鱼(6月22日摄)。新华社记者 王冠森 摄
2. 在湖南省岳阳市平江高新技术产业园,劲仔食品平江生产基地的员工在成品仓库里搬运鳀鱼产品(6月28日摄)。
3. 工作人员在肯尼亚夸莱郡希莫尼镇晾晒鳀鱼(6月22日摄)。