Connect with us

China

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးအတွက် အရေးကြီးညွှန်ကြားချက် ထုတ်ပြန်

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အရေးကြီးညွှန်ကြားချက် ပေးခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ယခုရက်ပိုင်းများတွင် ချုံချင့်စသည့် နေရာများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အချို့ မြစ်များတွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် တောင်ကြားဒေသများတွင် ရေကြီးခြင်းနှင့် ရွှံ့ကျောက်ရေစီးဆင်းခြင်း စသည့် ဘူမိ ဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ လူသေဆုံးဒဏ်ရာရမှု နှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ တစ်နိုင်ငံလုံးအနေဖြင့် “၇ လပိုင်း လကုန် ၈ လပိုင်း လဆန်း” ရေကြီးရေလျှုံကာကွယ်ရေး အရေးကြီးသော ကာလ၊ မြစ်ခုနစ်စင်း မြစ်ဝှမ်းဒေသ၏ ရေကြီးသော အဓိက ကာလသို့ ရောက်ရှိတော့မည် ဖြစ်သလို ယန်ဇီမြစ်၊ ဟွိုင်ဟော်မြစ်၊ ထိုက်ဟူနှင့် ဆုန်းလျောင်စသည့် မြစ်ဝှမ်းဒေသများ၌ ရေကြီးရေလျှံမှု အန္တရာယ်ရှိကြောင်း သမ္မတ ရှီက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသားအဆင့် ရေဘေးအန္တရာယ် ထိန်းချုပ်ရေး နှင့် မိုးခေါင်ရေရှား တုန့်ပြန်ရေး ဌာနချုပ်၊ အရေးပေါ်တုန့်ပြန်စီမံခန့်ခွဲရေးဌာန ၊ ရေအရင်းအမြစ်ဌာန စသည့် သက်ဆိုင်ရာဌာနများက စီမံခန့်ခွဲမှုများကို တစ်စုတစ်စည်းတည်း ဟန်ချက်ညီညီ ညှိနှိုင်း အားဖြည့်ဆောင်ရွက်ရန်၊ ဆွေးနွေးစီရင်ဆုံးဖြတ်မှုများကို အားကောင်းအောင် ဆောင်ရွက်ရန်၊ စောင့်ကြည့်သတိပေးမှုများကို ကောင်းမွန်သေချာစွာ ဆောင်ရွက်ရန်၊ အဓိကဒေသများ၌ မြစ်ချောင်းငယ်များတွင် ရေကြီးရေလျှံလာနိုင်ခြင်း၊ အသေးစားနှင့်အလတ်စားဆည်များတွင် အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်းနှင့် မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်ခြင်း စသည့် ကြိုတင်ကာကွယ်ရေးကိစ္စများကို ကောင်းမွန်စွာ စီမံဆောင်ရွက်နိုင်ရန် တိကျသေချာစွာ ညွှန်ကြားထားရမည်ဖြစ်ပြီး အန္တရာယ်ဖြစ်ပွားမှုများကို အစွမ်းကုန် ကူညီကယ်ဆယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

အလွှာအသီးသီးရှိ ပါတီကော်မတီနှင့် အစိုးရများက ရေဘေးကာကွယ်၊ ကယ်ဆယ်ရေး အဓိကတာဝန်ကို ဘက်စုံထောင့်စုံ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အလွှာအသီးသီးရှိ ဦးဆောင်ကေဒါများကလည်း အရေးပေါ်တာဝန်ထမ်းဆောင်မှု ၊ အနီးကပ်ညွှန်ကြားမှုကို အားဖြည့်ကာ ပြည်သူကို ဦးထိပ်ထား၊ အသက်အိုးအိမ်ကို ဦးထိပ်ထား၍ တာဝန်ရှိမှု ၊တာဝန်ယူမှု၊ တာဝန်ကျေပွန်မှု ရှိစွာ ဆောင်ရွက်ရန်၊ ပြည်သူ၏အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ပထမနေရာတွင် ထားကာ ဆုံးရှုံးနစ်နာမှုများ အနည်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………

(chinese Version)

习近平对防汛救灾工作作出重要指示  要求加强统筹协调 强化会商研判 做好监测预警 切实把保障人民生命财产安全放到第一位 努力将各类损失降到最低
新华社北京7月4日电中共中央总书记、国家主席、中央军委主席习近平对防汛救灾工作作出重要指示。
习近平指出,近日,重庆等地遭遇强降雨,一些河流发生超警以上洪水,引发山洪和泥石流等地质灾害,造成重大人员伤亡和财产损失。
习近平强调,当前全国即将进入“七下八上”防汛关键期,七大江河流域将全面进入主汛期,长江、淮河、太湖及松辽等流域存在洪涝灾害风险。国家防总、应急管理部、水利部等有关部门要加强统筹协调,强化会商研判,做好监测预警,精准指导重点地区做好中小河流洪水、中小水库出险和城市内涝等灾害防范工作,全力抢险救灾。
习近平要求,各级党委和政府要全面落实防汛救灾主体责任,各级领导干部要加强应急值守、靠前指挥,坚持人民至上、生命至上,守土有责、守土负责、守土尽责,切实把保障人民生命财产安全放到第一位,努力将各类损失降到最低。
1. 7月4日,蓝天救援队队员在重庆市万州区五桥街道转移被困群众。新华社发(冯涛 摄)