Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ ဧပြီ ၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နန်နင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုပါတီ ဗဟိုနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် ဧပြီ ၃ ရက်က ကွမ်ရှီးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith တို့ ဧပြီ ၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် လာအိုနိုင်ငံနှင့်အတူ နှစ်ပါတီ၊ နှစ်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင်များ၏ မဟာဗျူဟာသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုပြီး တရုတ်-လာအို အေးတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးတွင် ထင်သာမြင်သာရှိသော ရလဒ်များ ဖြစ်ထွန်းရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ လာအိုနိုင်ငံမှ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ခြင်းကို အပြည့်အဝ ထောက်ခံကြောင်း၊ တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်း အနက်အဓိပ္ပါယ် ပြည့်ဝလာအောင်၊ ဒေသ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာအောင် အတူကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Saleumxay Kommasith က တရုတ်နိုင်ငံသည် အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားများ တိုးတက်အောင် ဆောင်ရွက်ခြင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို တွန်းအားပေးခြင်းမှသည် ပို၍ စည်ပင်သာယာဝပြောမှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံနှင့်အတူ လာအို-တရုတ် အေးအတူပူအမျှအသိုက်အဝန်းဖော်ဆောင်ရေး လှုပ်ရှားမှုအစီအစဉ်သစ်များကို လက်တွေ့ဖော်ဆောင်ကာ လာအို-တရုတ် ရထားလမ်းမှသည် စီးပွားရေးကဏ္ဍ ပိုမို ကြီးမားသည့် အကျိုးဖြစ်ထွန်းစေရေး တွန်းအားပေး ဆောင်ရွက်သွား လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်တွေ့ဆုံရာတွင် တောင်တရုတ်ပင်လယ်စသည့် ဘုံဂရုပြုလျက်ရှိသောကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
王毅同老挝副总理兼外长沙伦赛举行会谈
新华社南宁4月3日电(记者黄孝邦)中共中央政治局委员、外交部长王毅3日在广西同老挝党中央政治局委员、副总理兼外长沙伦赛举行会谈。
王毅表示,中方愿同老方共同落实两党两国最高领导人战略共识,推动中老命运共同体建设取得更多可视性成果,全力支持老挝当好东盟轮值主席国,丰富中国东盟命运共同体内涵,共同维护地区和平与发展大局。
沙伦赛表示相信中国将通过发展新质生产力、推进中国式现代化而更加繁荣强盛。愿同中方共同落实好构建老中命运共同体新版行动计划,推动老中铁路发挥更大经济效应。
双方还就南海等共同关心的问题交换了意见。(完)
1. 4月3日,中共中央政治局委员、外交部长王毅在广西同老挝党中央政治局委员、副总理兼外长沙伦赛举行会谈。 新华社记者 黄孝邦 摄