Connect with us

China

တရုတ်နိုင်ငံက အားလပ်ရက်အတွင်း ခရီးစဉ် ၁၂၄ သန်း သွားလာခဲ့ဟု ခန့်မှန်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ Minhou ကောင်တီ၌ ဇွန် ၁၃ ရက်က နဂါးလှေပွဲတော်ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နဂါးလှေပွဲတော်အားလပ်ရက်အတွင်း စုစုပေါင်း ခရီးစဉ် သွားလာမှုသည် ၁၂၄ သန်း ရောက်ရှိခဲ့သည်ဟု ခန့်မှန်းရကြောင်း တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ယင်းကာလအတွင်း ပျမ်းမျှနေ့စဉ်ခရီးစဉ်သည် ၄၁ ဒသမ ၂၃ သန်းထက် ကျော်လွန်နိုင်ကြောင်း ၊ နှစ်အလိုက် ၅၂ ဒသမ ၅ ရာခိုင်နှုန်း မြှင့်တက်ခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်အရေအတွက်သည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၈ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဖော်ပြထားသည်။
နဂါးလှေပွဲတော်အားလပ်ရက်အား ယခုနှစ်တွင် ဇွန် ၁၂ ရက်မှ ၁၄ ရက်ထိ တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။

သုံးရက်ကြာအားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးကဏ္ဍတွင် ခရီးစဉ် ၃၁ ဒသမ ၆၇ သန်းကျော် ကိုင်တွယ်ခဲ့ပြီး နှစ်အလိုက် ၅၈ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ခရီးစဉ် ၃ ဒသမ ၇၁ သန်း ရှိပြီး အစောပိုင်းနှစ်ကထက် ၄၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
China estimates 124 mln passenger trips during holiday
BEIJING, June 14 (Xinhua) — Total passenger trips made during China’s Dragon Boat Festival holiday are expected to reach 124 million, according to official data.
The average daily passenger trips will likely exceed 41.23 million during the period, up by 52.5 percent year on year, the Ministry of Transport said Monday.
The figure was down by 18.8 percent compared with 2019, the data showed.
The Dragon Boat Festival holiday extended from June 12 to 14 this year.
During the three-day holiday, the country’s railway sector will likely handle over 31.67 million passenger trips, up by 58.1 percent year on year.
The civil aviation sector is expected to see 3.71 million passenger trips, up by 40.1 percent from a year earlier, the data showed. ■
1.Aerial photo taken on June 13, 2021 shows a dragon boat racing held to celebrate the Dragon Boat Festival in Minhou County, Fuzhou City, east China’s Fujian Province. (Xinhua/Jiang Kehong)