Connect with us

Eastern Europe

သမ္မတပူတင်က ရုရှား-တရုတ် ဆက်ဆံရေးထိခိုက်ပျက်ပြားစေရန် ကြိုးပမ်းအားထုတ်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်

ရုရှားနိုင်ငံ သမ္မတဗလာတီမာပူတင်က ကရင်မလင်နန်းတော်၌ ဇွန် ၁၁ ရက်တွင် အမေရိကန်ရုပ်သံလိုင်း NBC နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

မော်စကို ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား သပ်လျှို၍ အဖုအထစ်ဖြစ်စေရန် လုပ်ဆောင်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနိုင်ငံတစ်နိုင်ငံဖြစ်ကာ ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ရုရှားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပျက်ပြားအောင် အားထုတ်ကြိုးပမ်းနေတာကို ကျွန်တော်တို့တွေ့ရပါတယ် ။အဲဒီကြိုးပမ်းအားထုတ်မှုတွေဟာ လက်တွေ့မူဝါဒတွေမှာလည်း ထည့်သွင်း လုပ်ကိုင်နေဆဲဖြစ်တာကို ကျွန်တော်တို့တွေ့နေရပါတယ် ” ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သည့် အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်သော NBC သတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပူတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဖြည်းဖြည်းမှန်မှန်နဲ့တိုးတက်လာခဲ့သလို မကြုံစဖူးအမြင့်ဆုံးအဆင့်မှာ ရှိနေပါတယ် ။ကျွန်တော်တို့မြင်နေရတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေ တရုတ်နိုင်ငံပြုမူဆောင်ရွက်နေသလိုမျိုးပဲ ဒါကို ကျွန်တော်တို့လည်း လေးစားတန်ဖိုးထားတယ် ” ဟု ၎င်းကဆိုသည်။

ထို့ပြင် ရုရှားသမ္မတပူတင်က “ နိုင်ငံရေး နဲ့ စီးပွားရေး မှသည် နည်းပညာနဲ့ စစ်ရေး အထိ ရုရှား-တရုတ်နှစ်နိုင်ငံကြားက နယ်ပယ်ဒေသအားလုံးမှာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အမြင့်ဆုံးအဆင့်တစ်ခုရှိပါတယ်” ဟု ချီးကျူးစကားဆိုခဲ့သည်။

“ တရုတ်နိုင်ငံဟာ ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုတစ်ခုဆိုတာကို ကျွန်တော်တို့မယုံကြည်ပါဘူး ၊ တရုတ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတစ်နိုင်ငံပါ ။ သူဟာ အမေရိကန်လုပ်နေသလို ကျွန်တော်တို့အပေါ် ရန်သူလိုသဘောထားတာမျိုး ကြေညာထားခြင်းလည်းမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

အလွန်ကြီးမားကျယ်ပြန့်ပြီး အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ၎င်း၏ ဧရာမစီးပွားရေး နှင့် အလွန်မြင့်မားသော နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးတစ်ခုနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ အာကာသစူးစမ်းလေ့လာမှုအပါအဝင် လုပ်ကိုင်နေတဲ့အစီအစဉ်တွေရဲ့ ကဏ္ဍအားလုံးမှာ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံနဲ့အတူ ဆောင်ရွက်နေပါတယ်၊ ရှေ့ကိုလည်း ဆက်ပြီးအတူတကွ လုပ်ကိုင်ဆောင်ရွက်သွားမှာပါ ” ဟု ရုရှားနိုင်ငံခေါင်းဆောင်က နိဂုံးချုပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Putin slams attempts to sour Russia-China relations

MOSCOW, June 14 (Xinhua) — Russian President Vladimir Putin has denounced actions aimed at driving a wedge between Moscow and Beijing, stressing that China is a strategic partner, not a threat.
“We can see attempts to destroy the relationship between Russia and China. We can see that those attempts are being made in practical policies,” Putin said in an interview with U.S. television network NBC published on Monday.
“We are pleased with the unprecedentedly high level of our relationship as it has evolved over the last few decades. We cherish it just like our Chinese friends do, which we can see,” he said.
Putin praised “a high level of trust and cooperation in all areas” between the two countries, from politics and economy to technology and military.
“We do not believe that China is a threat to us. China is a friendly nation. It has not declared us an enemy as the United States has done,” he said.
A huge and powerful country, China has been developing with its great economy and a tremendous volume of foreign trade, he added.
“We have been working and will continue to work with China, which applies to all kinds of programs, including exploring deep space,” the Russian leader concluded.

Russian President Vladimir Putin speaks during an interview with U.S. television network NBC in the Kremlin on June 11, 2021. (Kremlin press release)