Connect with us

China

တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်လည်ပတ်သော ၁,၅၀၀ မီတာရှိသည့် ရေနက်ပိုင်း ဓာတ်ငွေ့လုပ်ကွက် ထုတ်လုပ်ရေးစတင်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် Sanya မြို့မှ ကီလိုမီတာ ၁၅၀ ကွာဝေးသော Deep Sea No.1 ရေနက်ပိုင်းဓာတ်ငွေ့လုပ်ကွက်အား မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်လည်ပတ်သော မီတာ ၁,၅၀၀ ရေနက်ပိုင်းဓာတ်ငွေ့လုပ်ကွက်ဖြစ်သော Deep Sea No.1 သည် ဇွန် ၂၅ ရက်၌ ထုတ်လုပ်မှုစတင်ပြီဖြစ်ကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) ၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် Sanya မြို့မှ ကီလိုမီတာ ၁၅၀ ကွာဝေးသော Deep Sea No.1 ရေနက်ပိုင်းဓာတ်ငွေ့လုပ်ကွက်အား မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် Sanya မြို့မှ ကီလိုမီတာ ၁၅၀ အကွာအဝေးရှိ အဆိုပါ ဓာတ်ငွေ့လုပ်ကွက် လည်ပတ်မှုသည် ယခင်က မီတာ ၃၀၀ အနက်၌ တူးဖော်ခြင်းနှင့် နှိုင်းယှဉ်ပါက ရေနံနှင့် ဓာတ်ငွေ့အတွက် အလွန်နက်ရှိုင်းသော ရေနက်ပိုင်းတူးဖော်ရေးတွင် တရုတ်နိုင်ငံ၏ စွမ်းဆောင်မှုကို ထင်ရှားစေခြင်းလည်း ဖြစ်ကြောင်း CNOOC က ပြောခဲ့သည်။

၂၀၁၄ ခုနှစ်က တွေ့ရှိခဲ့သော ဓာတ်ငွေ့လုပ်ကွက်တွင် ထုတ်လုပ်မှုသည် အမျိုးသား စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေခြင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်ဖွဲ့စည်းတည်ဆောက်ပုံ ပိုမိုကောင်းမွန်စေခြင်းနှင့် ဒေသတွင်း စီးပွားရေး တိုးတက်မှု မြှင့်တင်ခြင်းများအတွက် ကြီးမားသော အရေးပါမှုဖြစ်ကြောင်း CNOOC က ဆိုသည်။

Deep Sea No.1 သည် တရုတ်နိုင်ငံ၏ ရေနက်ပိုင်း ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး၌ အရေးပါသော တိုးတက်မှုဖြစ်ကြောင်း၊ ယင်းက၌ တရုတ်နိုင်ငံ၏ ကြီးမားသော အလားအလာနှင့် ကျယ်ပြန့်သော အခွင့်အလမ်းများကို ညွှန်ပြနေခြင်းဖြစ်ကြောင်း အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဓာတ်ငွေ့လုပ်ကွက်သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ပမာဏ စုစုပေါင်း ကုဗမီတာ ၃ ဘီလီယံ ပံ့ပိုးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Deep Sea No.1 ဓာတ်ငွေ့လုပ်ကွက်၏ ရှာဖွေရေး၊ ထုတ်လုပ်ရေး၊ တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ်ရေးသည် သင်္ဘောတည်ဆောက်ခြင်း၊ သံမဏိ၊ လျှပ်စစ်စက်ပစ္စည်းဆိုင်ရာနှင့် အခြားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)
China’s first self-operated 1,500m deep-water gas field starts production
Source: Xinhua| 2021-06-26 00:02:48|Editor: huaxia

BEIJING, June 25 (Xinhua) — Deep Sea No.1, China’s first self-operated 1,500-meter deep-water gas field, started production on Friday, according to the China National Offshore Oil Corporation (CNOOC).
The operation of the gas field, 150 km off the city of Sanya in south China’s island province of Hainan, marks the country’s capability of ultra deep-water drilling for oil and gas, compared with the 300-meter depth previously, said the CNOOC.
Production at the gas field, detected in 2014, is of great significance to ensuring national energy security, optimizing the country’s energy structure and promoting regional economic development, said the CNOOC.
Deep Sea No.1 marks important progress in the country’s deep-water exploration and development of oil and gas, which indicates China’s great potential and broad prospects in the area, according to an official with the National Energy Administration.
The gas field is expected to provide a total of 3 billion cubic meters of natural gas per year.
The exploration, development, construction and operation of the Deep Sea No.1 gas field has driven the development of shipbuilding, steel, electromechanical and other industries. Enditem

1- 2 Photo taken on May 12, 2021 shows the Deep Sea No.1 deep-water gas field, 150 kilometers off the city of Sanya in south China’s Hainan Province. Deep Sea No.1, China’s first self-operated 1,500-meter deep-water gas field, started production on Friday, according to the China National Offshore Oil Corporation (CNOOC). (Xinhua/Pu Xiaoxu)