Connect with us

China

တရုတ်နိုင်ငံ ကုန်တင်အာကာသယာဉ်နှင့် အာကာသစခန်း ပင်မခန်း အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ ဖန်သားပြင်ပေါ်မှ Tianzhou-3 ကုန်တင်အာကာသယာဉ်နှင့်ဂြိုဟ်ပတ်လမ်းရှိ အာကာသစခန်းအုပ်စု ချိတ်ထားသည်ကို စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

လာမည့်Shenzhou-13 လူတင်အာကာသယာဉ်ခရီးစဉ်အတွက် အထောက်အပံ့ပစ္စည်းများ သယ်ဆောင်သွားသည့် တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် Tianzhou-3သည် တနင်္လာနေ့တွင် အာကာသစခန်း ပင်မခန်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အေဂျင်စီ(CMSA)၏ သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ ဖန်သားပြင်ပေါ်မှ Tianzhou-3 ကုန်တင်အာကာသယာဉ်နှင့်ဂြိုဟ်ပတ်လမ်းရှိ အာကာသစခန်းအုပ်စု ချိတ်ထားသည်ကို စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Tianzhou-3သည် ပေကျင်းစံတော်ချိန် ည ၁၀ နာရီ ၀၈ မိနစ်တွင် အာကာသစခန်းပင်မခန်း Tianhe၏ အနောက်ဘက်အပါက်နှင့် ကွန်ပြူတာအစီအစဉ်အတိုင်း ချိတ်ဆက်နိုင်ခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အချိန် (၆.၅)နာရီ ကြာခဲ့ကြောင်း CMSAက ဆိုသည်။

Tianzhou-3 သယ်ဆောင်သည့် Long March-7 Y4ဒုံးပျံကို တရုတ်နိုင်ငံ တောင်ပိုင်းကျွန်းပြည်နယ် ဟိုင်နန်ရှိ ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ ညနေ ၃ နာရီ ၁၀မိနစ်တွင် လွှတ်တင်ခဲ့ခြင်းသည်။ အချိန်(၅၉၇)စက္ကန့်ခန့် အကြာတွင် အာကာသယာဉ်သည် ဒုံးပျံ မှခွဲထွက်၍ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း သို့ ရောက်ရှိခဲ့ပြီး ၁၅ နာရီ ၂၂ မိနစ်တွင် အာကာသယာဉ်သည် နေရောင်ခြည်စွမ်းအင်သုံးရွက်လှေပြား ဖြန့်၍ ပုံမှန်အလုပ်လုပ်ဆောင်နိုင်ခဲ့ရာ လွှတ်တင်မှု အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်က ယခင်ချိတ်ဆက်ထားသည့် Tianzhou-2 ကုန်တင်အာကာသယာဉ်သည် Tianhe ပင်မခန်း အနောက်ပေါက်မှ ထွက်ခွာ၍ အရှေ့ဝင်ပေါက်နှင့် ချိတ်ဆက်ခဲ့သည်။

Tianzhou-3 ချိတ်ဆက်နိုင်မှုနှင့်အတူ ကုန်တင်အာကာသယာဉ်နှစ်စင်းသည် Tianheပင်မခန်း၏ တစ်ဘက်တစ်ချက်စီတွင် မျဉ်းဖြောင့်သဏ္ဍာန်ချိတ်ထားရင်း လူတင်အာကာသယာဉ် Shenzhou-13 ရောက်လာရန် စောင့်ဆိုင်းလျက်ရှိသည်။

ကုန်ပစ္စည်းတန်ချိန်(၆)တန် နီးပါး တင်ဆောင်ထားသည် Tianzhou-3တွင် အာကာသယာဉ်မှူးများ၏ အသုံးအဆောင်ပစ္စည်းများ၊ အာကာသစခန်းပြင်ပသုံးအင်္ကျီနှင့်ပစ္စည်းများ၊ အာကာသစခန်းပလက်ဖောင်းသုံး အထောက်အပံ့ပစ္စည်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။

တနင်္လာနေ့တွင်လွှတ်တင်သည့်ခရီးစဉ်သည် တရုတ်နိုင်ငံ လူတင်အာကာသယာဉ်အစီအစဉ်၏ အကြိမ်(၂၀)မြောက် ခရီးစဉ်ဖြစ်သလို Long March စီးရီးဒုံးပျံများ၏ (၃၈၉)ကြိမ်မြောက် ပျံသန်းခြင်းလည်း ဖြစ်သည်။

————————————
(English Version)
GLOBALink | China’s cargo craft docks with space station core module
2021-09-21 00:14:18
BEIJING, Sept. 21 (Xinhua) — China’s cargo spacecraft Tianzhou-3, carrying supplies for the upcoming Shenzhou-13 crewed mission, successfully docked with the space station core module Tianhe on Monday, according to the China Manned Space Agency (CMSA).
At 10:08 p.m. (Beijing Time), Tianzhou-3 completed a computer-orchestrated rendezvous and docking at the rear docking port of the Tianhe core module. The whole process took approximately 6.5 hours, the CMSA said.
The Long March-7 Y4 rocket, carrying Tianzhou-3, blasted off at 3:10 p.m. from the Wenchang Spacecraft Launch Site in the southern island province of Hainan. After 597 seconds, Tianzhou-3 separated from the rocket and entered its designated orbit. At 3:22 p.m., the solar panels of Tianzhou-3 unfolded and began working properly.
The CMSA declared the launch a complete success.
On Sept. 18, the Tianzhou-2 cargo craft separated from the rear docking port of Tianhe and docked with its front docking port.
Following Tianzhou-3’s docking, the two cargo crafts are docked at the two ends of the Tianhe core module to form a linear shape, waiting for the arrival of Shenzhou-13 crew members.
Tianzhou-3 carries nearly 6 tonnes of goods and materials, including living supplies for the astronauts, one extravehicular space suit for back-up, supplies for extravehicular activities, space station platform materials, payloads and propellants.
Monday’s launch is the 20th mission of China’s manned space programs and the 389th mission of the Long March rocket series.

Produced by Xinhua Global Service

图说1,2:9月20日在北京航天飞行控制中心大屏拍摄的天舟三号货运飞船与在轨运行的空间站组合体交会对接。 新华社发(郭中正 摄)