Connect with us

ASEAN

ထိုင်းနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၂ သန်းကျော်အထိ ရောက်ရှိ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ် ပတ္တယားကမ်းခြေ၌ နိုင်ငံခြားသားခရီးသွားများ စွန်လွှတ်နေသည်ကို ၂၀၂၁ ခုနှစ်၊ ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းအား မှီခိုအားထားရသော စီးပွားရေးကို ပြန်လည်စတင်ရေးကြိုးပမ်းရာတွင် ကာကွယ်ဆေးထိုးနှံထားသော နိုင်ငံတကာမှ ခရီးသွားများအပေါ် ခရီးသွားလာမှု ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်ခြင်းကြောင့် နိုဝင်ဘာ ၁၂ ရက်၌ နိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ ၂ သန်းကျော်သွားပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသည့် လူနာအသစ် ၇,၃၀၅ ဦး တွေ့ရှိခဲ့ပြီး COVID-19 ကူးစက်ခံရသူ စုစုပေါင်း အရေအတွက်မှာ ၂,၀၀၄,၂၇၄ ဦး ရှိပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံသည် ဩဂုတ်လတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု ၁ သန်းကျော်သွားပြီးနောက် သုံးလမျှသာ ရှိသေးကြောင်း သိရသည်။ လအတန်ကြာ ကူးစက်မှု မြင့်တက်မှုသည် အဓိကအားဖြင့် Delta ဗီဇပြောင်းဗိုင်းရပ်စ်၏ ပျံ့နှံ့မှုကြောင့် ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ကာကွယ်ဆေးထိုးနှံပေးမှု အရှိန်မြှင့်တင်ခြင်းကြောင့် နိုင်ငံတွင်း COVID-19 ကူးစက်မှုနှုန်းသည် ပြီးခဲ့သည့်လကတည်းက နှေးကွေးသွားခဲ့သည်။ တရားဝင်အချက်အလက်များအရ ထိုင်းနိုင်ငံရှိ လူဦးရေ ၆၉ သန်း၏ ထက်ဝက်နီးပါးသည် ယခုအချိန်အထိ COVID-19 ကာကွယ်ဆေးကို အပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ထိုင်းနိုင်ငံရုံးက ၎င်း၏နောက်ဆုံးအစီရင်ခံစာတွင် နယ်စပ်ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခဲ့သော်လည်း နိုင်ငံအတွင်း အခြေခံအားဖြင့် အပတ်စဉ် ကူးစက်မှုအရေအတွက် ဆက်တိုက်ကျဆင်းလာသည်ကို မြင်တွေ့နေရကြောင်း ပြောကြားထားသည်။

သို့သော်လည်း ထိုင်းနိုင်ငံတစ်ဝှမ်းတွင် ရောဂါဖြစ်ပွားမှုများ ပျံ့နှံ့နေဆဲဖြစ်ပြီး လက်ရှိတွင် လက်ရှိ ကာကွယ်ဆေးထိုးနှံမှုနှုန်းက ရောဂါဖြစ်ပွားမှုနှုန်းကို တားဆီးကာကွယ်ရန် လုံလောက်ဖွယ်မရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထိုင်းနိုင်ငံရုံးက သတိပေးထားသည်။ (Xinhua)

———————————–
(English Version)
Thailand’s COVID-19 cases surpass 2 mln
BANGKOK, Nov. 12 (Xinhua) — The cumulative COVID-19 cases in Thailand surpassed 2 million on Friday, as the country recently lifted travel curbs to vaccinated international visitors in an effort to reboot its tourism-reliant economy.
With 7,305 new cases recorded in the past 24 hours, the total number of COVID-19 infections in Thailand stood at 2,004,274, according to the country’s health ministry.
It has only been less than three months since the Southeast Asian country passed the 1-million mark in coronavirus cases in August. The months-long surge in infections has mainly been driven by the spread of the Delta variant.
However, the COVID-19 infection rates in the country have slowed since last month thanks to the ramped-up vaccination. According to the official data, nearly half of Thailand’s 69-million population have been fully vaccinated against COVID-19 so far.
The World Health Organization Thailand office said in its latest report, that despite the easing of border controls, the country continues to see a steady decrease of the number of infections on a weekly basis.
However, it warned that cases remain widespread across Thailand, and the current inoculation rate is deemed insufficient to prevent potential outbreaks. Enditem