Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံတွင် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသော ခရီးသွားများအတွက် ကွာရန်တင်း နှင့် ရောဂါစစ်ဆေးရေးစည်းမျဉ်းများ ဖြေလျှော့ပေး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသော ခရီးသွားများအတွက် ကပ်ရောဂါဆိုင်ရာ ကွာရန်တင်း (quarantine) ကာလကို ၁၄ ရက်မှ ၇ ရက်အထိ လျှော့ချလိုက်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ Harry Roque က ဇွန် ၄ ရက်၌ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်လာသော အဆိုပါ ခရီးသွားများအနေဖြင့် ဆိုက်ရောက်ချိန်တွင် COVID-19 RT-PCR စစ်ဆေးခြင်း သို့မဟုတ် နှာခေါင်း၊ အာခေါင်တို့ဖတ်စစ်ဆေးမှု လုပ်ဆောင်ရန် မလိုအပ်တော့ကြောင်း Roque က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ RT-PCR စစ်ဆေးမှုအား တစ်စုံတစ်ဦး၌ ကွာရန်တင်းကာလ ၇ ရက်အတွင်း COVID-19 ရောဂါလက္ခဏာ ပြသချိန်တွင်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းအဖွဲ့ကြားအေဂျင်စီသည် လမ်းညွှန်ချက်အသစ်များအား ဇွန် ၃ ရက်က ခွင့်ပြုခဲ့ကြောင်း Roque က ပြောခဲ့သည်။

“တစ်စုံတစ်ဦးအနေဖြင့် နှစ်ကြိမ်ထိုးနှံရသည့် ကာကွယ်ဆေးများအား ဒုတိယအကြိမ်ထိုးနှံမှုခံယူပြီးနောက် နှစ်ပတ် သို့မဟုတ် နှစ်ပတ်ထက်ပိုကြာသူများနှင့် တစ်ကြိမ်တည်းထိုးနှံရသည့် ကာကွယ်ဆေးအား ထိုးနှံမှုခံယူပြီးနောက် နှစ်ပတ် သို့မဟုတ် နှစ်ပတ်ထက်ပိုကြာသူများကို ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူများအဖြစ် ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်” ဟု Roque က ရှင်းပြခဲ့သည်။

ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူများအနေဖြင့် နိုင်ငံမှ မထွက်ခွာမီ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အသိအမှတ်ပြုကတ်ပြားကို ယူဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၇ ရက်ကြာ သီးသန့်သတ်မှတ်ထားသည့်နေရာတွင် ထားရှိစောင့်ကြည့်မှု (Facility-based quarantine) ပြီးဆုံးပြီးနောက် ကွာရန်တင်းဗျူရိုက ထိုသူ၏ ကာကွယ်ဆေးထိုးနှံထားမှုအခြေအနေကို ဖော်ပြထားသော ကွာရန်တင်းအသိအမှတ်ပြုလက်မှတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း Roque က ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ နယ်စပ်များတွင်မူ ပြည်ပခရီးသွားဧည့်သည်များအား ပိတ်ထားဆဲဖြစ်ကြောင်း Roque က ထပ်လောင်းပြောခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံအတွင်း ဝင်ရောက်ရန် လက်ရှိတွင်ဗီဇာသက်တမ်းရှိသည့် နိုင်ငံခြားသားများကိုသာ ဝင်ရောက်ခွင့်ပြုထားခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခင်က နိုင်ငံအတွင်း ရောက်ရှိလာသော ခရီးသွားများအားလုံးကို ၁၄ ရက်ကြာ ကွာရန်တင်း နေထိုင်ရန်နှင့် ကွာရန်တင်းနေထိုင်စဉ် ၇ ရက်မြောက်နေ့တွင် နှာခေါင်း၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးရန် လိုအပ်ကြောင်း သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Philippines eases quarantine, test rules for fully vaccinated inbound travelers
2021-06-04 14:06:28
MANILA, June 4 (Xinhua) — The Philippines has shortened the pandemic quarantine period from 14 days to 7 days for all fully vaccinated inbound travelers who received the COVID-19 vaccine in the Philippines, presidential spokesperson Harry Roque said on Friday.
In a statement, Roque said these travelers entering the Philippines are no longer required to undergo COVID-19 RT-PCR or swab test upon arrival. RT-PCR test shall only be done when the individual manifests COVID-19 symptoms within the seven-day quarantine.
Roque said the inter-agency coronavirus task force approved the new guidelines on Thursday.
“An individual shall be considered as having been fully vaccinated two or more weeks after receiving the second dose in a two-dose series, or two or more weeks after receiving a single-dose vaccine,” Roque explained.
He said that a fully vaccinated individual must carry the vaccination card verified before departure.
After completing the seven-day facility-based quarantine, Roque said the quarantine bureau shall issue a quarantine certificate indicating the individual’s vaccination status.
Roque reiterated that the Southeast Asian country’s borders are still close to foreign tourists. The Philippines only allows foreign nationals with valid and existing visas to enter the country.
The Philippines previously required all arriving travelers to undergo a 14-day quarantine upon arrival and a swab test on the seventh day within the stay in a quarantine facility. Enditem

People wearing protective gear walk on a street in Manila, the Philippines, on April 15, 2021. (Photo: Xinhua)