Connect with us

COVID-19 UPDATES

သီရိလင်္ကာနိုင်ငံတွင် တရုတ်ကုမ္ပဏီက COVID-19 ကာကွယ်ဆေးစက်ရုံ တည်ဆောက်မည်

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ် ဆေးဝါးကုမ္ပဏီ Sinovac Biotech က သီရိလင်္ကာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးစက်ရုံ မကြာမီ တည်ဆောက်မည်ဖြစ်ကြောင်း အိန္ဒိယ အင်္ဂလိပ်နေ့စဉ်သတင်းစာ Hindustan Times က သတင်းဖော်ပြခဲ့သည်။

အဆိုပါ စက်ရုံကို Southern ပြည်နယ် ဟမ်ဘန်တိုတာခရိုင်၌ အဓိကမြို့ဖြစ်သော ဟမ်ဘန်တိုတာရှိ ဆေးဝါးထုတ်လုပ်ရေးဇုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Palitha Kohona ၏ ပြောကြားချက်ကို ကိုးကား၍ Indian daily က သတင်းဖော်ပြခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် COVID-19 ကာကွယ်ဆေး တောင်းဆိုချက် မြင့်မားလာခြင်းကြောင့် ယခုနှစ် အစောပိုင်း၌ ၎င်းဇုန်အတွင်း ကာကွယ်ဆေးစက်ရုံ တည်ဆောက်ရန် သီရိလင်္ကာနိုင်ငံပိုင် State Pharmaceutical Corporation (SPC) က တရုတ်နိုင်ငံ အစိုးရနှင့် အနီးကပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဩဂုတ် ၁၅ ရက်ထုတ် သတင်းအရ သိရသည်။

ထို့နောက် SPC and Sinovac တို့သည် သဘောတူညီချက်ကို အပြီးသတ်ဆောင်ရွက်ခဲ့ကြောင်း ၊ လက်ရှိတွင် စက်ရုံအသေးစိတ်အချက်အလက်များမှာမူ လုပ်ဆောင်နေဆဲဖြစ်ကြောင်း Kohona က ဆိုသည်။
သဘောတူညီချက်အရ သီရိလင်္ကာအနေဖြင့် COVID-19 ကာကွယ်ဆေး ၉ သန်းရရှိမည်ဖြစ်ကြောင်း အိန္ဒိယသတင်းစာအရ သိရသည်။

Sinovac ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “အရေးပေါ်အသုံးပြုခွင့်စာရင်း” အရ ခွင့်ပြုထားသည့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးဖြစ်သည်။ (Xinhua)————————————
(English Version)
Chinese firm to set up COVID-19 vaccine plant in Sri Lanka: report
2021-08-17 15:20:19
NEW DELHI, Aug. 17 (Xinhua) — Chinese pharmaceutical company Sinovac Biotech would soon set up a COVID-19 vaccine plant in Sri Lanka, India’s English daily Hindustan Times has reported.
“It will be set up in the dedicated pharmaceutical manufacturing zone in Hambantota,” the main town in Hambantota District, Southern Province, the Indian daily quoted Sri Lankan Ambassador to China Palitha Kohona as saying.
The newspaper reported on Sunday that Sri Lanka’s State Pharmaceutical Corporation (SPC) had approached the Chinese government about setting up a vaccine plant in the zone earlier this year given the rising demand for COVID-19 vaccines in Sri Lanka.
The SPC and Sinovac then finalized a deal and the specifics of the plant are currently being worked out, Kohona said.
The deal will allow Colombo to source as many as 9 million COVID-19 vaccine doses, reported the Indian paper.
The Sinovac vaccine is one of the two Chinese vaccines approved by the World Health Organization under its “emergency use listing.” Enditem
Photo : A man receives a dose of COVID-19 vaccine in Colombo, Sri Lanka, Feb. 15, 2021. (Photo by Ajith Perera/Xinhua)