Connect with us

ASEAN

သီရိလင်္ကာနိုင်ငံမှ သိပ္ပံပညာရှင်များက ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သိုလှောင်ထားသော COVID-19 ကာကွယ်ဆေးများအား မျှဝေပေးရန်တိုက်တွန်း

ကိုလံဘို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူ ဘီလီယံပေါင်းများစွာက COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် ကာကွယ်ဆေး လက်လှမ်းမမီဖြစ်နေချိန်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများသည် မကြာမီသက်တမ်းကုန်ဆုံးတော့မည့်ကာကွယ်ဆေးများစွာ သိုလှောင်သိမ်းဆည်းထားကြောင်း သီရိလင်္ကာနိုင်ငံ၊ ခုခံအားဆိုင်ရာ ရောဂါပညာဌာန ပါမောက္ခ ၏ ပြောစကားကို ဒေသတွင်းမီဒီယာများက စက်တင်ဘာ ၁ ရက်တွင်ဖော်ပြခဲ့သည်။ဖွံ့ဖြိုးပြီးနိင်ငံများက ကာကွယ်ဆေး ၄.၅ ဘီလီယံ သိုလှောင်ထားပြီး၊ ယင်းကာကွယ်ဆေးများမှာ မကြာမီ သက်တမ်းကုန်တော့မည်ဖြစ်ကြောင်း Sri Jayewardenepura တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားစဥ် ပါမောက္ခ Neelika Malavige က ထည့်သွင်းပြောကြားခဲ့သည်။

“သန်းပေါင်းများစွာသောလူများက ကိုယ်ခံအားလိုအပ်နေတဲ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများက ကာကွယ်ဆေးတွေကို မုချဝေမျှသင့်ပါတယ်’’ ဟု Sri Jayewardenepura တက္ကသိုလ်၊ ခုခံအားဆိုင်ရာ ရောဂါပညာဌာန နှင့် မော်လီကျူးဆေးပညာဌာန မှ အကြီးအကဲဖြစ်သူ Malavige ၏ပြောကြာချက်ကို ဒေသတွင်းသတင်းစာက ဖော်ပြခဲ့သည်။

Malavige က Sri Jayewardenepura တက္ကသိုလ်၏ လေ့လာမှုတစ်ခုတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းက တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် Sinopharm ကာကွယ်ဆေးမှာ Delta ဗီဇပြောင်းဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် များစွာ ထိရောက်မှုရှိကြောင်း အတည်ပြုခဲ့သည်။ (Xinhua)

#သီရိလင်္ကာ #ကိုလံဘို #ကာကွယ်ဆေး #ဆင်ဟွာ
#SriLankan #Colombo #Vaccine #Xinhua #Myanmar #XinhuaMyanmar

——————————————-
(English Version)

Sri Lankan scientist urges developed countries to share hoarded COVID-19 vaccines

COLOMBO, Sept. 1 (Xinhua) — Developed countries have hoarded vaccines which are due to expire soon while billions of people around the world remain vulnerable to the COVID-19 pandemic, local media quoting a Sri Lankan professor of immunology reported on Wednesday.

Delivering a speech at the University of Sri Jayewardenepura on Monday, Professor Neelika Malavige said that developed countries had hoarded 4.5 billion doses of vaccines which would expire soon.

Malavige, who is head of the Immunology and Molecular Medicine Department of the Sri Jayewardenepura University, was quoted by the local daily The Island as saying that, “These developed nations must share these vaccines at a time when billions of people are vulnerable.”
Malavige was involved in a study at the University of Sri Jayewardenepura, which confirmed that the Chinese-made Sinopharm vaccine is very effective against the Delta variant of the coronavirus. Enditem