Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ဆယ်ကျော်သက်များအား COVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် မိန်းကလေးတစ်ဦးအား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်၌ ဆယ်ကျော်သက်များအတွက် ပထမဆုံး လူထုကာကွယ်ဆေးထိုးနှံခြင်းကိုဆောင်ရွက်ခဲ့ပြီး အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြား ကလေးများအား COVID-19 ကာကွယ်ဆေးထိုးနှံမှုကို ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံရန် စောင့်ဆိုင်းနေသော ကလေးများအား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် မိန်းကလေးတစ်ဦးအား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ယောကျ်ားလေးတစ်ဦးအား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် မိန်းကလေးတစ်ဦးအား COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Central Jakarta မြို့ရှိ အစိုးရအထက်တန်းကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးမှုတွင် ကျောင်းသား ၁၀၀ ထက်မနည်း ပထမဆုံး ကာကွယ်ဆေးထိုးနှံခဲ့ကြသည်။ ယင်းမြို့စီမံခန့်ခွဲရေးဦးစီးဌာနက စာသင်ကျောင်းများနှင့် ကျန်းမာရေးစင်တာများ၌ ကလေး ၁.၃ သန်းခန့်အား ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသား ဆေးဝါးနှင့် အစားအသောက်ထိန်းချုပ်ရေးအေဂျင်စီက ဇွန် ၂၇ ရက်တွင် အရေးပေါ်အသုံးပြုခွင့်ပေးပြီးနောက် Sinovac ကာကွယ်ဆေးအား အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ် ကလေးများ ထိုးနှံနိုင်ကြောင်း သိရသည်။

ဇူလိုင် ၁ ရက်အထိ ပြည်သူ ၃၀.၄၈ သန်းကျော်သည် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများမှာ ၁၃.၆၇ သန်းရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိတွင် စုစုပေါင်း လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်၊ ပြည်သူ ၁၈၁.၅ သန်းအား မတ်လ ၂၀၂၂ ခုနှစ် မတိုင်မီ ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းချက်ထားကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Indonesia kicks off COVID-19 vaccination for adolescents aged 12 to 17
Source: Xinhua| 2021-07-02 00:04:48|Editor: huaxia
JAKARTA, July 1 (Xinhua) — Indonesia’s Health Ministry on Thursday launched the mass COVID-19 vaccination for children of 12 to 17 years old as the national capital held its first mass inoculation for adolescents.
At least 100 students had their first doses in a vaccination event at a public high school in Central Jakarta. The city administration is targeting to vaccinate as many as 1.3 million children in schools and healthcare facilities.
Children at the age of 12 to 17 years old are eligible to get Sinovac vaccine jabs after the country’s National Agency of Drug and Food Control issued the emergency use authorization last Sunday.
As of July 1, over 30.48 million people have received their first vaccine doses, while 13.67 million others have gotten their second doses.
The Southeast Asian country is currently working to inoculate the targeted 181.5 million people, about 70 percent of its total population, by March 2022. Enditem
1- A girl receives the COVID-19 vaccine in Jakarta, Indonesia, on July 1, 2021. Indonesia’s Health Ministry on Thursday launched the mass COVID-19 vaccination for children of 12 to 17 years old as the national capital held its first mass inoculation for adolescents. Children at the age of 12 to 17 years old are eligible to get Sinovac vaccine jabs after the country’s National Agency of Drug and Food Control issued the emergency use authorization last Sunday. (Xinhua/Agung Kuncahya B.)
2- Children wait for their turn to receive the COVID-19 vaccine in Jakarta, Indonesia, on July 1, 2021. Indonesia’s Health Ministry on Thursday launched the mass COVID-19 vaccination for children of 12 to 17 years old as the national capital held its first mass inoculation for adolescents. Children at the age of 12 to 17 years old are eligible to get Sinovac vaccine jabs after the country’s National Agency of Drug and Food Control issued the emergency use authorization last Sunday. (Xinhua/Agung Kuncahya B.)
3- A girl receives the COVID-19 vaccine in Jakarta, Indonesia, on July 1, 2021. Indonesia’s Health Ministry on Thursday launched the mass COVID-19 vaccination for children of 12 to 17 years old as the national capital held its first mass inoculation for adolescents. Children at the age of 12 to 17 years old are eligible to get Sinovac vaccine jabs after the country’s National Agency of Drug and Food Control issued the emergency use authorization last Sunday. (Xinhua/Agung Kuncahya B.)
4- A boy receives the COVID-19 vaccine in Jakarta, Indonesia, on July 1, 2021. Indonesia’s Health Ministry on Thursday launched the mass COVID-19 vaccination for children of 12 to 17 years old as the national capital held its first mass inoculation for adolescents. Children at the age of 12 to 17 years old are eligible to get Sinovac vaccine jabs after the country’s National Agency of Drug and Food Control issued the emergency use authorization last Sunday. (Xinhua/Agung Kuncahya B.)

5- A health worker prepares to administer the COVID-19 vaccine to a girl in Jakarta, Indonesia, on July 1, 2021. Indonesia’s Health Ministry on Thursday launched the mass COVID-19 vaccination for children of 12 to 17 years old as the national capital held its first mass inoculation for adolescents. Children at the age of 12 to 17 years old are eligible to get Sinovac vaccine jabs after the country’s National Agency of Drug and Food Control issued the emergency use authorization last Sunday. (Xinhua/Agung Kuncahya B.)