Connect with us

ASEAN

အင်ဒိုနီးရှားနိုင်ငံတွင် ကန့်သတ်ချက်အသစ်များအရ ပြည်တွင်းခရီးစဉ်များအတွက် COVID-19 ကာကွယ်ဆေးထိုးနှံထားကြောင်းကတ်ပြား လိုအပ်မည်ဖြစ်

အင်ဒိုနီးရှားနိုင်ငံ ယောယာကာတာမြို့၌ လူထုကာကွယ်ဆေးထိုးနှံမှုအတွင်း အမျိုးသားတစ်ဦး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေစဥ် (ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ဂျာဗားကျွန်းနှင့် ဘာလီကျွန်းသို့ သွားရောက်မည့် ပြည်တွင်းခရီးသွားများအနေဖြင့် အနည်းဆုံး COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားသည့်မှတ်တမ်းအား ဇူလိုင် ၃ ရက် မှစ၍ ပြသရန်လိုအပ်ကြောင်း သိရသည်။

အဆိုပါလိုအပ်ချက်အား ပင်လယ်ရေကြောင်းရေးရာညှိနှိုင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Luhut Pandjaitan က ဇူလိုင် ၁ ရက်တွင် ကြေညာခဲ့သော COVID-19 ကန့်သတ်ချက်မူဝါဒအသစ်တွင် ပြဌာန်းထားခြင်းဖြစ်သည်။

အထူးသဖြင့် လေယာဥ်ဖြင့်ခရီးသွားမည့်သူများသည် COVID-19 ကာကွယ်ဆေးထိုးနှံထားသည့်ကတ်အပြင် လေယာဥ်ခရီးစဥ်မတိုင်မီ ၂ ရက်အလိုတွင် polymerase chain reaction (PCR) နည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေးမှုလုပ်သင့်ကြောင်းနှင့် ရထားများ၊ ခရီးသည်တင်ဘတ်စ်ကားများဖြင့် ခရီးရှည်သွားလာမည့်သူများလည်း ခရီးစဉ်မတိုင်မီ တစ်ရက် ကြိုတင်၍ rapid antigen စစ်ဆေးမှု ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

နိုင်ငံတွင်း၌ COVID-19 ဖြစ်ပွားမှုအရေအတွက်တဟုန်ထိုးမြင့်တက်လာသည့်အချိန်တွင် ယင်းကန့်သတ်ချက်မူဝါဒအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၌ ဇူလိုင် ၁ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၂၄,၈၃၆ ဦးအားစံချိန်သစ်တင်တွေ့ရှိခဲ့ကြောင်းနှင့် ၅၀၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ဂျကာတာမြို့နှင့် ၎င်း၏အနီးအနားရှိ အနောက်ဂျာဗားပြည်နယ်နှင့် ဘန်တန်းပြည်နယ်တို့တွင် လူနာကုတင်ပြည့်မှုနှုန်း (BORs) ၉၀ ရာခိုင်နှုန်းကျော်သို့ရောက်ရှိလာသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

မူဝါဒအသစ်အရ မရှိမဖြစ်ကဏ္ဍမဟုတ်သော စီးပွားရေးလုပ်ငန်းများတွင် ၎င်းတို့၏အလုပ်သမားများအတွက် နေအိမ်မှအလုပ်လုပ်ရမည့်စည်းမျဉ်းအား တင်းကျပ်စွာပြဌာန်းရမည်ဖြစ်ကြောင်းနှင့် ဘဏ်နှင့်ငွေကြေးလုပ်ငန်းအပါအဝင် မရှိမဖြစ်ကဏ္ဍများသည် ၎င်းတို့၏ ရုံးတွင်းလုပ်အားကို ၅၀ ရာခိုင်နှုန်းလျှော့ချရန်လိုအပ်ကြောင်း သိရသည်။

အလွန်အရေးပါသည့်ကဏ္ဍများဖြစ်သော စွမ်းအင်၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းများတွင် တင်းကျပ်သောကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အပြည့်အဝ လုပ်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။

ကျောင်းများအနေဖြင့် ၎င်းတို့၏အွန်လိုင်းသင်တန်းများ ဆက်လက်သင်ကြားနိုင်ကြောင်း၊ စူပါမားကတ်များနှင့် ရိုးရာဈေးများ မှာ ည ၈ နာရီအထိ ၅၀ ရာခိုင်နှုန်းဖွင့်လှစ်နိုင်ကြောင်းနှင့် စျေးဝယ်စင်တာများမှာ ဇူလိုင် ၂၀ ရက်အထိ ခေတ္တပိတ်ထားရမည်ဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင်များအား အော်ဒါလက်ခံ၍ ပို့ဆောင်ပေးခြင်း သို့မဟုတ် ပါဆယ်ရောင်းချရန်သာ ခွင့်ပြုထားကြောင်း ယင်းမူဝါဒအသစ်တွင်ပါရှိသည်။ (Xinhua)

————————————
(English Version)
Indonesia to require COVID-19 vaccine cards for domestic travels under new restrictions
JAKARTA, July 1 (Xinhua) — Domestic travelers on Indonesia’s islands of Java and Bali are required to show their vaccination records of at least the first doses of COVID-19 vaccine starting on Saturday.
The requirement is stipulated in the new COVID-19 restriction policy announced by Coordinating Maritime Affairs and Investment Minister Luhut Pandjaitan on Thursday.
Specifically, those who would travel by planes should take polymerase chain reaction (PCR) tests two days before their flights in addition to the COVID-19 vaccine cards, and those using other long-distance transportation, such as buses and trains, are required to take rapid antigen tests a day prior to their trips.
The restriction policy was issued amid the soaring number of COVID-19 cases in the country. Indonesia’s Health Ministry reported another record-breaking day with 24,836 new cases and 504 new deaths on Thursday.
The Health Ministry has also reported alarming bed occupancy rates (BORs) in Jakarta and its neighboring Banten and West Java provinces, which have surpassed 90 percent.
Under the new policy, businesses in the non-essential sectors are required to enforce a work-from-home rule for their employees, and the essential sectors including banking and finance have to cut their office capacity to 50 percent.
As for critical sectors such as those dealing with energy, health, security, and disaster mitigation, they are allowed to fully operate as usual under strict health protocols.
Schools continue their online classes. Supermarkets and traditional markets should open at a 50 percent capacity until 8 p.m. and shopping malls should temporarily close until July 20.
Restaurants are only allowed to accept delivery orders or take-away, the policy says. Enditem
Photo-A man receives a dose of COVID-19 vaccine during a mass vaccination in Yogyakarta, Indonesia, June 14, 2021.(Photo by Joni/Xinhua)