Connect with us

Asia

အာဖဂန်နစ္စတန်နိုင်ငံ၌ တိုက်ပွဲများကြောင့် ထွက်ပြေးရသော ပြည်သူ ထောင်ပေါင်းများစွာရှိဟု ကုလသမဂ္ဂပြော

ကုလသမဂ္ဂ ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပြည်သူထောင်ပေါင်းများစွာသည် ၎င်းတို့နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ၊ လူသားချင်းစာနာမှုညှိနှိုင်းကွပ်ကဲရေးရုံး(OCHA) က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။မေလကတည်းက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတစ်ခုနှင့်အတူ အာဖဂန်နစ္စတန်နိုင်ငံ၌ ယခုနှစ်အတွင်း ရန်လိုမှုတိုက်ပွဲများကြောင့် လူပေါင်း ၃၉၀,၀၀၀ နီးပါးသည် မိမိတို့ နေရပ်များကို စွန့်ခွာခဲ့ရကြောင်း သိရသည်။ ထိုသူအများစုသည် ကဘူးလ်မြို့တော် နှင့် အခြားသော မြို့ကြီးများသို့ ဦးတည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယာယီခိုလှုံရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ကဘူးလ်မြို့ရှိ ပန်းခြံတစ်ခုတွင် စုဝေးရောက်ရှိနေသော အာဖဂန်စစ်ပြေးဒုက္ခသည်များကို ဩဂုတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ နေရပ်စွန့်ခွာသူအများစုသည် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့ရှိ ၎င်းတို့၏ မိသားစုဝင်များ နှင့် မိတ်ဆွေအပေါင်းအသင်းများ နေအိမ်အသီးသီးတွင် ခိုလှုံနေကြကြောင်း ၊ အမိုးအကာမရှိကွင်းပြင်ကျယ်နေရာတွင် လာရောက်ခိုလှုံသော လူအုပ်ကြီးမှာလည်း တစ်စထက်တစ်စ တိုးပွားလာနေသဖြင့် စားဝတ်နေရေးအခက်အခဲလည်း ကြုံတွေ့နေရကြောင်း OCHA ရုံးက ဆိုသည်။

ယာယီခိုလှုံရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့် ကဘူးလ်မြို့ရှိ ပန်းခြံတစ်ခုတွင် စုဝေးရောက်ရှိနေသော အာဖဂန်စစ်ပြေးဒုက္ခသည်များကို ဩဂုတ် ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇူလိုင် ၁ ရက် မှ ဩဂုတ် ၅ ရက်အတွင်း ကဘူးလ်မြို့တော်သို့ ရောက်ရှိလာသော ပြည်တွင်း စစ်ပြေးဒုက္ခသည်အရေအတွက်မှာ ၅,၈၀၀ ကျော်ရှိသည်။ ၎င်းတို့အနေဖြင့် အစားအစာ ၊ အိမ်သုံးပစ္စည်း ၊ သောက်သုံးရေ နှင့် မိလ္လာစနစ်အပြင် အခြားသော အထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကဘူးလ်မြို့ရှိ ပန်းခြံအချို့၏ အပြင်ဘက်တွင် လာရောက်ခိုလှုံနေကြသူများ နှင့် အစားအစာ ၊ ရွက်ဖျဉ်တဲ ၊ သောက်သုံးရေ နှင့် မိလ္လာစနစ် စသည့် လိုအပ်ချက်များရှိနေသော နောက်တိုး ဒုက္ခသည် ၄,၅၂၂ ဦးအတွက် လိုအပ်သောအကူအညီများပံ့ပိုးပေးနိုင်ရန် လူသားချင်းစာနာထောက်ပံ့မှုအဖွဲ့ ၁၀ ဖွဲ့သည် ဩဂုတ် ၁၁ ရက်က ယင်းနေရာများသို့ သွားရောက် ကူညီပေးခဲ့ကြောင်း OCHA က ဆိုသည်။ ယာယီဆေးခန်းတစ်ခု နှင့် ရွေ့လျားမိုလ်ဘိုင်းဆေးခန်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းလည်း သိရသည်။

“ လုံခြုံရေးအခြေအနေဆိုးရွားလာနေပေမယ့် လူသားချင်းစာနာမှုအဖွဲ့တွေကတော့ လိုအပ်ချက်ရှိနေတဲ့ပြည်သူတွေအတွက် ကူညီပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီနှစ်ရဲ့ ပထမ ၆ လမှာပဲ လူပေါင်း ၇.၈ သန်းထိကို အကူအညီပေးခဲ့ပါတယ်” ဟု OCHA က ဆိုသည်။

ထို့ပြင် “ အချို့သော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်း ၁၅၆ ဖွဲ့နဲ့ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေကနေပြီးတော့ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်း ကူညီပံ့ပိုးမှုတွေ လုပ်ပေးခဲ့ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် အန္တရာယ်များ မြင့်တက်နေလင့်ကစား ၎င်းတို့အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းကွပ်ကဲမှုအဖွဲ့(OCHA )က ပြောကြားခဲ့ပြီး ၊ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှု ၊ ဗျူရိုကရေစီယန္တရားအတားအဆီးများ နှင့် ရံပုံငွေရရှိမှု အခြေအနေပေါ်မူတည်၍ ထောက်ပံ့မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးရံပုံငွေ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ မျှော်မှန်းထားရာ ၃၈ ရာခိုင်နှုန်းခန့်သာ ထောက်ပံ့ပေးနိုင်သေးကြောင်း ၊ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ခန့်မှာ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)
——————————————-
(English Version)
Tens of thousands of people flee violence in Afghanistan: UN

UNITED NATIONS, Aug. 11 (Xinhua) — Conflict in different parts of Afghanistan in the last week has driven tens of thousands of people away from their homes, the UN Office for the Coordination of Humanitarian Affairs (OCHA) said on Wednesday.

The office said they are part of the nearly 390,000 people displaced by hostilities this year, with a massive spike since May. Many of the displaced fled to Kabul and other large cities.

Most of the displaced in the capital city are staying with families and friends, with a growing number camping in the open, facing increased vulnerability, it said. More than 5,800 internally displaced persons arriving in Kabul between July 1 and Aug. 5 needed food, household items, water and sanitation support and other assistance.

Ten humanitarian teams on Wednesday assessed the needs of people staying outside in parks and other open spaces and identified an additional 4,522 displaced persons lacking shelter, food, sanitation and drinking water, OCHA said. A temporary health clinic and mobile health teams provided health services.

“Despite a worsening security situation, humanitarian agencies are staying and delivering to people in need, reaching 7.8 million people in the first six months of this year,” OCHA said. “Some 156 non-governmental organizations and UN agencies have delivered assistance throughout Afghanistan.”

While the humanitarians said they intend to stay despite increasing hostilities to deliver relief, it depends on staff safety, bureaucratic hurdles and raising additional funds.

The 1.3 billion U.S. dollars Humanitarian Response Fund for Afghanistan is just 38 percent funded, leaving an almost 800 million dollar shortfall.

Photos- (1,2,3) Afghan displaced people who fled from their homes during the fights take shelter in a park in Kabul, Afghanistan, Aug. 11, 2021. (Photo by Sayed Mominzadah/Xinhua)